သတ္တမမြောက် ကဗျာစာပိုဒ် The Seventh Stanza

သတ္တမမြောက် ကဗျာစာပိုဒ် The Seventh Stanza

19.12.2015 နေ့စဉ်ခွန်အား
ဖတ်ရန်: လု ၂း၈-၁၄ | သမ္မာကျမ်းစာတစ်နှစ်စာ: □ ယောန 1-5 □ ဗျာ ၁၀
ယနေ့တွင် ဒါဝိဒ်မြို့၌ သခင်ခရစ်တော်တည်း ဟူသော ကယ်တင်သော အရှင်သည် သင်တို့အဖို့ အလို့ငှာ ဘွားမြင်ခြင်းကို ခံတော်မူပြီ။ (း၁၁)
.
၁၈၆၁ ခုနှစ် နွေရာသီ၌ Henry Wadsworth Longfellow ၏ဇနီး Frances မီးထဲ ပါသွားသည်။ သူမ မရှိသော ပထမဆုံးခရစ်စမတ်တွင် သူက ‘‘ပြောမပြတတ်အောင် လွမ်းဆွေးဖွယ်၊ ၀မ်းနည်းဖွယ်ကောင်းသော အားလပ်ရက်များ’’ဟု မှတ်စုစာအုပ်ထဲတွင် ရေးခဲ့သည်။ နောက်တစ်နှစ်အကြာတွင်လည်း ဘာမျှမထူး၊ သူက ‘‘ပျော်ရွှင်ဖွယ်ရာ ခရစ်စမတ်’’ ဟု ကလေးများက နှုတ်ခွန်းဆက်ရာ ‘‘ငါ့အတွက် တော့ မဟုတ်ပါလား’’ ဟုရေးပြန်သည်။
.
၁၈၆၃ ခုနှစ်တွင် ကြာရှည်စွာ အမေရိကန် ပြည်တွင်းစစ် ဆက်ဖြစ်နေချိန် သားဖြစ်က သူ့ဆန္ဒကို ဆန့်ကျင်၍ စစ်ထဲဝင်ခဲ့ပြီး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ ထိုနှစ် ခရစ်စမတ်နေ့တွင် ‘‘ရင်ဆို့နှစ်ဖွယ်ရာ ခရစ်စမတ် ရောက်ပြီ’’ ဟု ဘုရားကျောင်းခေါင်းလောင်းသံက အသိပေး လာသည်။ Longfellow သည် ဖောင်တိန်ကိုင်ပြီး ‘‘ခရစ်စမတ်
နေ့တွင် ခေါင်းလောင်းသံကိုကြားခဲ့ရပြီ’’ ဟုစရေးလိုက်သည်။
.
ကဗျာလေးသည် နှစ်လိုဖွယ် ခံစားချက်နှင့် စတင်ခဲ့သော်လည်း အပျက်သဘော သို့ ဦးတည်သွားသည်။ ပြင်းထန်သောနိမိတ်ကို ဖော်ပြသည့် စတုတ္ထအပိုဒ်က ခရစ်စမတ် ကယ်ရယ်သီချင်းများကို ပေါ့တန်သွားစေသည်။ ပဉ္စမအပိုဒ်နှင့် ဆဋ္ဌမအပိုဒ်တွင် သူ၏ ဆင်းရဲဒုက္ခများကို အားလုံးနီးပါးကို ရေးဖွဲ့ထားသည်။ ‘‘ကျိန်စာသင့်လျက် မိုးခြိမ်းသံပမာ
ပေါက်ကွဲမြည်ဟီး၊ … အပူမီးဖိုကြီး လှုပ်ရှားပြင်းထန် … စိတ်ပျက်လှစွာ ခေါင်းငိုက်စိုက်ကျ၊
မြေကြီးပေါ်၌ ငြိမ်သက်ခြင်း မရှိပါတကားဟု ငါဆိုမိ’’
သို့သော် ဆိုးရွားလှသည့် ခရစ်စမတ်ဒုက္ခတွင်းထဲမှနေ၍ မတားဆီးနိုင်သော မျှော်လင့်ခြင်းအသံကို Longfellow ကြားလိုက်ရသည်။ ထို့နောက် သတ္တမမြောက် အပိုဒ်ကို ဆက်လက်ရေးသားခဲ့သည်။ ‘‘ကျယ်လောင်နက်ရှိုင်းသော ခေါင်းလောင်းသံများ ဘုရားသခင် မသေပါ၊ အိပ်ပျော်၍လည်း မနေပါဟု မြည်ဟီးနေ၊ မတရားမှုများ ကျရှုံးပြီး အမှန်တရားသည် အောင်နိုင်မှာ၊ ကမ္ဘာမြေ၌ ငြိမ်သက်ခြင်းရှိစေ၊ လူတို့အား မေတ္တာ ကရုဏာရှိစေသတည်း’’ ဟု၍ရေးသားခဲ့သည်။
.
ပြည်တွင်းစစ်ကြီးက ပိုဆိုးရွားလာသကဲ့သို့ သူ၏ပုဂ္ဂိုလ်ရေး ၀မ်းနည်းဖွယ် အမှတ်တရများလည်း ပို၍ဆိုးရွားလာခဲ့သည်။ သို့သော် ၎င်းအရာများက ခရစ်စမတ်ကို မတားဆီးနိုင်ပါ။ မေရှိယ ဖွားမြင်ပြီ။ ‘‘ငါသည် ခပ်သိမ်းသောအရာတို့ကို အသစ် ဖန်ဆင်းသည်’’ (ဗျာ ၂၁း၅)ဟု ကတိရှိထားပါသည်။ TIM GUSTAFSON
.
.

ဧမာနွေလ — ကျွန်ုပ်တို့နှင့်အတူရှိတော်မူသောဘုရား။
.
.
.
.
The Seventh Stanza
December 19, 2015
Read: Luke 2:8-14 | Bible in a Year: Jonah 1–4; Revelation 10

00:00
Download MP3 Subscribe to iTunes
Today in the town of David a Savior has been born to you; he is the Messiah, the Lord.

Luke 2:11

In the summer of 1861, Henry Wadsworth Longfellow’s wife, Frances, died tragically in a fire. That first Christmas without her, he wrote in his diary, “How inexpressibly sad are the holidays.” The next year was no better, as he recorded, “ ‘A merry Christmas,’ say the children, but that is no more for me.”

In 1863, as the American Civil War was dragging on, Longfellow’s son joined the army against his father’s wishes and was critically injured. On Christmas Day that year, as church bells announced the arrival of another painful Christmas, Longfellow picked up his pen and began to write, “I Heard the Bells on Christmas Day.”

God makes everything new.
The poem begins pleasantly, lyrically, but then takes a dark turn. The violent imagery of the pivotal fourth verse ill suits a Christmas carol. “Accursed” cannons “thundered,” mocking the message of peace. By the fifth and sixth verses, Longfellow’s desolation is nearly complete. “It was as if an earthquake rent the hearth-stones of a continent,” he wrote. The poet nearly gave up: “And in despair I bowed my head; ‘There is no peace on earth,’ I said.”

But then, from the depths of that bleak Christmas day, Longfellow heard the irrepressible sound of hope. And he wrote this seventh stanza.

Then pealed the bells more loud and deep: “God is not dead, nor doth He sleep! The wrong shall fail, the right prevail, with peace on earth, good-will to men!”

The war raged on and so did memories of his personal tragedies, but it could not stop Christmas. The Messiah is born! He promises, “I am making everything new!” (Rev. 21:5).

Immanuel—God with us!


Threesome