Read: ဟေရှာ ၃၀း၁၅-၂၂ | Bible in a Year: □ ထွက် ၉-၁၁ □ မ ၁၅း၂၁-၃၉
ဓမ္မဟောင်းကျမ်းတွင် ဘုရား၏ လူမျိုးတော်များ မစမှုကို တောင်းလျှောက် အော်ဟစ် သည့်အကြောင်းများ ပါဝင်ပါသည်။ သူတို့၏ ပြဿနာများက သူတို့၏မနာခံခေါင်းမာမှုကြောင့် ကိုယ့်အပြစ်နှင့်ကိုယ် ဖြစ်သော်ငြားလည်း သူတို့ကို ကူညီရန် ဘုရားက စိတ်အားထက်သန်နေဆဲပင် ဖြစ်သည်။
ပရောဖက် ဟေရှာယသည် သတင်းဆိုးများကို ပြန်ကြားပေးရသော်လည်း “ထာဝရဘုရားသည် သင်တို့၌ ကျေးဇူးပြုလိုသောငှာ မျှော်လင့်တော်မူမည်။ ကရုဏာ ပြုလိုသောငှာ ထတော်မူလိမ့်မည်”(ဟေရှာ ၃၀း၁၈း၁၉) (ခေတ်သုံး)ဟု အာမခံခဲ့သည်။ ဘုရားသခင်သည် သူ့လူမျိုးတော်ကို အလေးထားဂရုပြုလျက် “သင်… အော်ဟစ်သောအခါ ငါရှိသည်ဟု မိန့်တော်မူလိမ့်မည်” (ဟေရှာ ၅၈း၁၀)။
ယနေ့ ကျွန်ုပ်တို့ပတ်လည်ရှိလူများသည် တစ်စုံတစ်ယောက်၏ အရေးတယူ ကူညီမစမှုကို လိုအပ်နေသည်။ အကူအညီလိုအပ်သူကို ဘုရားကိုယ်စား မစခြင်းသည် ဘုရား၏လက်တော်ဖြစ်ရသောအမြင့်ဆုံး အခွင့်အရေးပေတည်း။ — Joe Stowell
နေ့စဉ်ခွန်အားကို အင်တာနက်ဝက်ဆိုဒ် - http://myanmar-odb.org/ ဖေ့စ်ဘုတ်တို့တွင် ဖတ်ရှုနိုင်ပါသည်။