သတ်ပုံမှားသော်လည်း


သတ်ပုံမှားသော်လည်း - ကိုမေတ္တာ(သင်းအုပ်ဆရာ)

    'ကိုးလလွယ်၊ ဆယ်လဖွား' သားသမီးများကို ၀မ်းနှင့်လွယ်ကာ ကျွေးမွေးစေါင့်ရှောက်ရသူ 'အမေ' များသည် အတော်ပင် အံ့သြဖို့ကောင်းကြပါသည်။ ကျွန်တော်သည် သားနှင့် သမီးတို့၏ အဖေတစ်ယောက်အဖြစ် မားမားမတ်မတ် ရပ်တည်လာရချိန်၌ သားသမီးတို့၏ ချစ်ကြောက်မှုကို ရရှိသည်ဟု ဆိုလျင် မမှားပါ။ 'ရိုသေမှု' ဆိုသည်ကတော့ သူတို့တွေ ငယ်ရွယ်သေးသမို့ သိပ်ပြီးမထင်ရှားသေးပါ။ သမီးငယ်ကတော့ ကျွန်တော်နှင့် ပိုပြီး အနေနီးသည်။ သားကြီးသြရသ ဖြစ်သည့် ဖိုးကောင်းကြီးကတော့ အမေနှင့် အဒေါ်တို့၏ အသည်းတုံးပေတည်း။

.
Read more: သတ်ပုံမှားသော်လည်း

မိခင်များနေ့ အမှတ်တရ၊ .. ပုခက်လွှဲသောလက် ..


 အမေများကို ဂုဏ်ပြုစာလွှာ
 အမေများနေ့ကိုအမြဲထာဝရ အမှတ်ရကြပါစေရန်
 အကာ နှင့် ဇင်မာမင်းညိုတို့မှ ပေးပို့လိုက်ခြင်း ..




 မိခင်သည် သားသမီးများကို လမ်းပြသည်၊
 သားသမီးများ၏

Read more: မိခင်များနေ့ အမှတ်တရ၊ .. ပုခက်လွှဲသောလက် ..

စာပေဟောပြောပွဲ၊ Christian Literary Talk - in Singapore


သူတို့စာနှင့် သူတို့ဘဝ
Location: Judaon Baptist Church, Singapore
              45 Thomson Road, 3rd floor Kindergarten building, near United Square, Novena MRT
Date: 10, 12 May 2010  7 to 10pm
Memory of "Mother Day" မိခင်များနေ့အမှတ်တရ နှင့်
မြန်မာပြည်မှ ခရစ်ယန်ဓမ္မဆရာနှင့် စာရေးဆရာများ

Read more: စာပေဟောပြောပွဲ၊ Christian Literary Talk - in...

သကြားထက် ချိုသောအရာ


အသက်ရနေဖြစ်တဲ့ လူကြီးတစ်ယောက်ဟာ အေးစက်နေတဲ့ လမ်းဘေး ပလက်ဖောင်း လေး
တစ်ခုပေါ်မှာ ထိုင်နေပါတယ်.. မုတ်ဆိတ် ပါးသိုင်းမွေး ပရဗျစ်၊
စုတ်ပြဲညစ်နွမ်းနေတဲ့ အ၀တ်အစားတွေနဲ့ လမ်းဘေးမှာ ထိုင်နေတဲ့ သူ့ကို
လမ်းသွား လမ်းလာ လူတွေက သာမန်ကာလျှံကာ ကြည့်သွားကြရုံက လွဲလို့ဘယ်သူကမှ
အရေးတယူ မရှိကြ.. ဟုတ်ပါတယ်လေ အိမ်မရှိ ယာမရှိ တောင်းရမ်းစားသောက်နေတဲ့
သူ့လိုလူ တစ်ယောက်ကို ဘယ်သူကများ ဆေးဖော်ကြောဖက် လုပ်ချင်ပါ့မလဲ….
ရေခဲလုမတတ် အေးချမ်းလွန်းတဲ့ ခုလိုချိန်မျိုးမှာ စုတ်ပြဲနေတဲ့
သူ့ကုတ်အင်္ကျီအဟောင်းလေး ထက်စာရင် နွေးနွေးထွေးထွေး ထူထူထဲထဲရှိမဲ့
အင်္ကျီမျိုး သူ့အတွက် သိပ်ကို လိုအပ်နေတာတော့ အမှန်ပါ…

.
Read more: သကြားထက် ချိုသောအရာ

ဂေါမာ

ကျုပ်အရမ်းခံစားနေရတယ်ဗျာ။ ရှက်လည်းအရမ်းရှက်တယ်။ နာလည်း နာကျည်းတယ်။ စိတ်ကလည်း ဘယ်လိုမှ ဖြေဆည်လို့ မရဘူး။ ကျုပ်ရဲ့ အရင်က ပျော်ရွှင်နေတဲ့ မိသားစုလေးဟာ အခုတော့ စိတ်ညစ်စရာတွေနဲ့ချည်း ပြည့်နေတယ်။ အရင်က မိသားစုအတွင်းမှာ ပျော်ရွှင်စရာ ဆည်းလည်းသံတွေက အခုဘယ်ရောက်ကုန်ပြီလဲ မသိဘူး။ တိတ်လို့ဆိတ်လို့။ ကျုပ်ရဲ့ သားသမီး တွေကလည်း ငေးတိငေးငိုင်နဲ့။ ကျုပ်ရဲ့ အိမ်ထောင်ဟာ အစက စိုစိုပြေပြေ ရှိပေမယ့် ခုတော့ ခြောက်ကပ်ကပ်။ ပျော်ရွှင်မှုတွေ ဆိတ်သုဉ်းနေတော့ ဘယ်လိုလုပ် စိုပြေနိုင်တော့မှာလဲ။ ဒီလို အခြေအနေကို ရောက်အောင်၊ မိသားစုလေး သာယာမှုကို ပျက်ဆီးသွားအောင်၊ ပျော်ရွှင်မှုတွေ ပျက်သုဉ်းသွားအောင် လုပ်ခဲ့တဲ့ တရားခံကတော့ ကျုပ်ရဲ့ ချစ်လှစွာသော ဇနီး ဂေါမာ(Gomer) ပါပဲဗျာ။

.
Read more: ဂေါမာ

ကျွန် တော် နှင့် ကို ထူး ဆန်း စတင်တွေ့ဆုံခြင်း


လှ မင်း သူ
တ နေ့ သ ၌ စာ ရေး သူ သည် ဇ နီး နှင့် သ မီး ဖြစ် သူ တို့ က ဆွေ မျိုး များ ရှိ ရာ သို့  အ လည် သွား နေ သ ဖြင့် တ ယောက် တည်း အိမ် ၌ ကျန် ခဲ့ လေ ရာ ပျင်း ရိ ခြင်း ရှိ လှ သ ဖြင့် စိတ် ပြေ လက် ပျောက် အ လို့ ငှာ စ ကာင်္ ပူ ရှိ မြန် မာ အ များ စု ဝေး ရာ အ ရပ် ဖြစ် သော စီး တီး ဟော်(လ်) သို့ ရ ထား ဖြင့် ထွက် ခဲ့ လေ သည်။ Ang Mo Kio ဘူ တာ ရုံ မှ ရ ထား မ ထွက် မှီ စာ ရေး သူ အ ရွယ် နှင့် မ တိမ်း မ ယိမ်း ရှိ မည် ဟု ခန့်  မှန်း ရ သော လူ တ ယောက် သည် ရ ထား တံ ခါး မ ပိတ် မှီ က လေး တွင် ၀င် ရောက် လာ ပြီး စာ ရေး သူ ၏ ဘယ် ဘက် ဘေး ရှိ ထိုင် ခုံ လွတ် သို့  အ လျင် စ လို ၀င် ထိုင် လိုက် လေ သည်။

.
Read more: ကျွန် တော် နှင့် ကို ထူး ဆန်း စတင်တွေ့ဆုံခြင်း