အလှုဒါနပြုခြင်း ပုံ - မာသာထရီစာရဲ့ လှုဒါန်းခြင်း နိယာမ၊ အများကြီးကို မကြွေးနိုင်ရင် တစ်ယောက်ကိုပဲ ကြွေးပါ။

Murann Ezine
13 hrs · 
 

အလှုဒါနပြုခြင်း
ခရစ်ယာန်တွေကို နှစ်သက်လှတဲ့ စရိုက်တစ်ခုကတော့ အမည်မဖေါ်ပြပဲ ဆယ်ဖို့တစ်ဖို့ ငွေအမြောက်အများ လှုဒါန်းခြင်းဖြစ်ပါတယ်။ ဘုရားကျောင်းကို သွားကြည့်ရင် နာမည်တတ်ပြီးလှုဒါန်းထားတဲ့ ပစ္စည်းများ မတွေ့ရပါဘူး။ နောက်ဆုံး တနေ့က မိတ်ဆွေတစ်ယောက် သီချင်းစာအုပ်၁၀၀ ငွေ၎သိန်းဖိုး လှုဒါန်းတယ်။ သီချင်းစာအုပ်မှာလဲ လှုဒါန်းသူအမည် မတတ်ပဲ ဘုရားကျောင်းတံဆိပ်ပဲ နှိပ်ထားတယ်။ စာရေးသူဖတ်တဲ့ မြန်မာကျမ်းစာအုပ်ကြီးလဲ လှုဒါန်းသူဘယ်သူလဲ မသိဘူး။ ကျမ်းစာတစ်အုပ်လုံး လှန်လှောရှာကြည့်တာ ဘယ်အဖွဲ့အစည်းက လှုတယ်၊ ပုံနှိပ်တယ် ဆိုတာ လုံးဝ (လုံးဝ) မတွေ့ရဘူး။ အီဂယ်ကျမ်းစာ (အညိုရောင်)၊ အနက်ဖွင့်ကျမ်းစာ(အနက်ရောင်) စာအုပ်၂အုပ်ပါ။ ထုတ်ဝေသူအမည် မပါရှိပါ။ ဘုရားသခင် ဘုန်းတော်ထင်ရှားစေသူများဖြစ်တယ်။ ဘယ်သူမှမသိပေမဲ့ ဘုရားသခင်သိတယ်။ 
.
၅သောင်း၊ တစ်သိန်းကျပ် လှုဒါန်းပြီး မဏ္ဍိုင်တက်ပြ၊ ဖေ့ဘုတ်ပေါ်မှာ တင်၊ လူတွေ မုံဟင်းခါးတစ်ပွဲ ၃၀၀ကျပ် ခေါ်ကြွေး၊ လှုဒါန်းသူ ဘယ်သူဖြစ်ပါတယ်ခင်ဗျား လို့ စင်ပေါ်တက်အော်ပြော၊ လော်စပီကာနဲ့ အရပ်တကာလှည့် ကြေငြာတဲ့ စရိုက် ခရစ်ယာန်တွေ သိပ်မလုပ်ကြပေမဲ့..မြန်မာပြည်ပြန်တော့ အသင်းတော် တော်တော်များများမှာ အလှုရှင်ကို နံရံမှာစာကပ်မထားပေး ပေမဲ့.. သင်းအုပ်ဆရာတွေက စင်ပေါ်ကနေ နာမည်ကြော်ငြာပေးနေတာကို တွေ့ရတယ်။ 
.
စာရေးသူ ငယ်စဉ်က ဓမ္မဆရာတစ်ယောက်ရဲ့ စာအုပ်ငယ်လေးတစ်အုပ်ကို ကြိုက်နှစ်သက်လို့ အုပ်ရေ တစ်ထောင်ထုတ်ဖို့ လှုဒါန်းဖူးတယ်။ အဲဒီ ဓမ္မဆရာက စာအုပ်အမှာစာမှာ စာရေးသူနဲ့ဇနီး အမည်ကိုတပ်ပြီး ကျေးဇူးတင်စကားရေးတော့ ..မကြိုက်ဘူးဗျာ လို့ပြောလိုက်မိတယ်။ အခုချိန်ထိ အဲဒီစာရေးဆရာ ဓမ္မဆရာက အခင်အမင်မပျက်ဘူး ဆိုတော့ ပြောလိုက်တာ ကောင်းတယ်လို့ပဲ ခံယူပါတယ်။ လူတွေက အမည်တပ်၊ မွေးနေ့လုပ်ပေးမှာ ကျေနပ်တာကိုး။ 
.
သေချာတာကတော့ လူအကြိုက် လိုက်လွန်းလာရင် ဘုရားနဲ့ ဝေးသထက် ဝေးလာတတ်တယ် ဆိုတဲ့ ကျမ်းပိုဒ်တွေ အများကြီးရှိပါတယ်။ ဘုရားအကြိုက် လိုက်ဖို့ဆိုတာ ခက်တော့ လူဖြစ်နေချိန် အသက်ရှင်နေချိန်မှာ ဘုရားအကြိုက် ၅၀%၊ ကိုယ်နဲ့မိသားစုအကြိုက် ၅၀% လုပ်နိုင်ရင်ပဲ ဘုန်းတော်ထင်ရှားလှပါပြီလေ။ 
.
.
.
တကယ့်အဖြစ်အပျက်တစ်ခု

တနေ့က ငယ်သူငယ်ချင်းတစ်ယောက်အိမ် ရောက်သွားတယ်။ မယုံကြည်သူတစ်ဦး (Buddhist) ဖြစ်ပါတယ်။ သူက ၁၉၉၈ အိမ်ခြံမြေဈေးကောင်းစဉ်က မြေကွက်၅၀လောက် ပိုက်ဘောမိပြီး အကြွေးများစွာတင်သွားတယ်။ အလွန်စိတ်ပျက်စွာနဲ့ မသွားချင်တဲ့ စင်ကာပူနိုင်ငံကို ၃နှစ်လုံး အလုပ်အပြင်းအထန်လုပ်ပြီး အကြွေးတွေ ဆပ်ရတယ်။ အကြွေးဆပ်ပြီးတော့ ဗုဒ္ဒဘာသာဖြစ်တော့ တရားနဲ့ပဲ ဖြေ၊ လူအလုပ်မလုပ်တော့ပဲ ဘုန်းကြီးကျောင်းတွေနဲ့ပဲ ဖြေသိမ့်နေတယ်။

၂၀၁၂ ခုနှစ် အိမ်ခြံမြေဈေးတွေ တက်လာတော့ မြေကွက်တွေ ရောင်းထွက်လာတယ်။ တစ်ကွက်ကို သိန်း၃၀၀၊ သိန်း၄၀၀ စသဖြင့် ရောာင်းထုတ်ရင်း သိန်းထောင်နဲ့ချီပြီး လှုဒါန်းခဲ့တယ်။ အများစုကတော့ ဘာသာရေး သိမ်၊ ကျောင်းဆောင်တွေပဲ၊ ဘုရားအုတ်တည်တာ တစ်ခုမှ မပါဘူး။ ရော့ သိန်း၁၀၀ လှုလိုက်ရင် လက်ခံတဲ့ဘုန်းကြီိးု သူ့နာမည်မထိုးဖို့ အပြင်းအထန် ပြောရတယ်။ ကမည်းမထိုးရရင် သေရပါတော့မယ် လို့ အတင်းအကြပ် ကမည်းထိုးချင်သူများကိုတော့.. ရန်ကုန် န၀ဒေးမိသားစုမှာ လှုဒါန်းသည် လို့ပဲ တပ်ခိုင်းတယ်။
.
တစ်ပြားလှုပြီး တစ်သိန်းလှုသလို မဏ္ဍိုင်တက်ပြနေတဲ့ အလှုရှင်မျာျးစွာ ကြားမှာ အဲဒီအလှုရှင်ကို လေးစားမိပါတယ်။ ဒီလိုလူမျိုးတွေ အများကြီးပေါ်လာနေပါပြီ။ မိမိကိုယ်တိုင်လဲ နာမည်တပ် ချီးကြူးခံရတာကို မွှေ့လျော်တတ်လို့ . လူ့အကြိုက် Like များစွာမမျှော်ဖို့..ကြိုးစားရတယ်။ .နှုတ်ကပတ်တော်ကို များများဖတ်ရှု ဆင်ခြင်ရတယ်။ 
.
လူတိုင်းလှုဒါန်းလိုကြပါတယ်။ မြန်မာများက ကမ္ဘာနံပါတ်(၁) အလှုဒါန်းရက်ရောကြတယ်။ ခက်တာက ကုသိုလ်မရပဲ ငရဲရောက်သွားမှာစိုးလို့ လှုဒါန်းရမှာ တွန့်နေကြသူ များပါတယ်။ ယုံကြည်မှု ပျက်ပြားနေတာ ကြာပြီကိုး။ အခုတော့ ယုံကြည်ရမဲ့ ဆရာ (ဘုန်းကြီး)၊ ယုံကြည်ရတဲ့ အသင်းတော် (ဘုန်းကြီးကျောင်း) များစွာ ရှိလာကြပါပြီ။ 
.
.
.
နိဂုံး
မြန်မာတွေမှာ လှုချင်ရက်နဲ့ မလှုနိုင်တာတွေ အများကြီးရှိပါတယ်။ နာမည်ကြီး ဆရာကြီးတစ်ပါးက ဆယ်ဖို့တစ်ဖို့ အလှုငွေ ၁၀% လှုဒါန်းတယ်ဆိုတာ လူကို လှုရတာပါ။ ကိုယ့်ကို ၀ိညာဉ်ခွန်အားပေးတဲ့ ဆရာတွေကို လှုရတာပါ ပြောတယ်၊ ရေးတယ်။ ၀မ်းနည်းစွာနဲ့ပဲ မမှန်ကြောင်းရေးလိုပါတယ်။ ၁၀ဖို့၁ဖို့ ဘယ်လှုရမှန်းမသိရင် ကိုယ်တက်နေတဲ့ ဘုရားကျောင်းကို လှုသင့်ပါတယ်။ ကိုယ့်ကို အမြဲ ၀ိညာဉ်ခွန်အားပေးတဲ့ ဆရာကိုလဲ နောက်ထပ် ၁၀ဖို့တစ်ဖို့ လှုပေါ့။ ဒါမှမဟုတ် ၅၀း၅၀ လှုပေါ့။ ဘယ်လှုရမှန်း မသိရင်၊ လာတဲ့ဆရာကလည်း အကျင့်စရိုက် မိမိနှစ်သက်တဲ့စံ မမှီဘူး လို့ ထင်မြင်ယူဆရင် ..ကိုယ်တက်တဲ့ ဘုရားကျောင်းကို လှုပစ်လိုက်တာ အကောင်းဆုံးပါပဲ။ မိဘကို လှုခြင်းကလည်း ၁၀ဖို့၁ဖို့ သတ်မှတ်ပြီး လှုလို့ရပေမဲ့ ၅၀း၅၀ ဘုရားကျောင်းတ၀က်၊ မိဘတ၀က် လှုဒါန်းမယ်ဆိုရင်လဲ မဆိုးလှပါဘူး။ တစ်ချို့ ဘုရားကျောင်းမသွား၊ တရားလဲမနာ၊ ကျမ်းစာလဲ ရံဖန်ရံခါဖတ်ပြီး အလုပ်နဲ့ပဲ လုံးလည်ချာပတ်နေတဲ့ ခရစ်ယန်များလည်း ရှိပါတယ်။ 
.
အဦးသီးသောအသီး ဆိုတာ အသီးအနှံ၊ လစာငွေ လို့ယူဆနေသူများစွာ ရှိပါတယ်။ ဆရာကို သွားပေးကြတယ်။ အသင်းတော်ကို သွားလှုဒါန်းကြတယ်။ ကောင်းပါတယ်။ တကယ့် အဦးသီးသော အသီးဆိုတာ ဘုရားကို ကိုယ်စိတ်ဝိညာဉ် (၃)ပါးစလုံး ဆပ်ကပ်အပ်နှံတတ်တဲ့ ကြိုးပဲကြေမွသော စိတ်နှလုံးသားဖြစ်ပါတယ်။ ငွေကြေးပဲ လှုတာကို နှစ်သက်သူ ယုံကြည်သူများ ..မိမိ ခန္တာစိတ်၊ ၀ိညာဉ်ကို ဆပ်ကပ်နိုင်ကြပါစေ။ ၀ိညာဉ်တော် နိုးထနိုင်ကြပါစေ။ 
မုရန်
၇.အောက်တိုဘာ.၂၀၁၇
.
ပုံ - မာသာထရီစာရဲ့ လှုဒါန်းခြင်း နိယာမ၊ အများကြီးကို မကြွေးနိုင်ရင် တစ်ယောက်ကိုပဲ ကြွေးပါ။

 

 

 

5 Comments
Comments
Min Aung Thet Lwin
LikeShow more reactions
 · Reply · 13 hrs
Manage
Newday Newday
Newday Newday Yes,အသင်းတော်တွေမှာ၅သိန်း၁၀သိန်းလှူသူတွေကိုပဲဂုဏ်ပြုမှတ်တမ်းတင်တတ်ကြတယ်မုဆိုးမရဲ့ဒင်္ဂါး၂ပြားနှင့်တူသော၁သောင်း၂သောင်းအလှူရှင်ကိုတော့ဘုရားသခင်ကသာဓုသစ္စာရှိသော
ဟုမှတ်တမ်းတင်မည်ထင်ပါသည်။
 
LikeShow more reactions
 · Reply · 12 hrs
Manage
Naing Jodiah
Naing Jodiah ဆယ်​ဘို့ တစ်​ဘို့ဆိုတာ
လှူရမယ်​အရာမဟုတ်​ပါဘူး
သင်​ဆန္ဒရှိရှိမရှိရှိ ဆယ်​ဘို့တစ်​ဘို့ဆိုတာ ဘုရားသခင်​ပိုင်​တဲ့အရာပါ
...See More
 
LikeShow more reactions
 · Reply · 
2
 · 12 hrs
Manage
Khant Thit Yin
Khant Thit Yin Amen.
တစ်ပြားဖိုးလောက်လှူပြီး တစ်ဆယ်ဖိုးလောက် ပြချင်နေကြတာ... လတ်တလော အသင်းတော်တွေမှာလည်း ရှိပါ့.. အမုန်းဆုံးက သတင်းကောင်း မဟုတ်ဘဲ အတင်းတောင်းနေကြတဲ့ အကွက်တွေ
မယုံကြည်သူတွေကို အလင်းပြ စွန့်ကြဲရမယ့်အစား ခရစ္စမတ်ဆိုတာ အလှူခံလိုလို အမြင်တွေ ပြောချင်တာကြာပေါ့.... ရွာပြင်လည်း ခဏခဏရောက်ရပါတယ်
 
LikeShow more reactions
 · Reply · 
2
 · 12 hrs
Manage
Win Saing
Win Saing ကျမ်းစာထဲမှာမိဘကို ဆယ်ဖို့တဖို့လူလို့မတွေ့မိဘူးခင်ဗျ
 
LikeShow more reactions
 · Reply · 
2
 · 11 hrs
Manage
M Zaw Aung
M Zaw Aung In 1 Timothy 5:8 Paul says that a man is "worse than an unbeliever" if he does not provide for his family. This strong and clear instruction is directed specifically to those who are responsible for elderly and dependent family members who are unable to care for themselves. Biblically speaking, there's no question that we have a responsibility for our children, for our parents, and for others in the immediate family. ဆိုလိုတာကတော့ မိမိအတွက် ၀ိညာဉ်ခွန်အားပေးတဲ့ ချို့တဲ့နေတဲ့ မိဘ၊ ဆွေမျိုးကို လုံးဝလစ်လျု မပေးပဲ နေတဲ့ ယုံကြည်သူဟာ ..မယုံကြည်သူထက်တောင် ဆိုးဝါးတယ်လို့ ရေးထားပါတယ်။ ဒါကြောင့် ဘုရားကျောင်းပဲ ပေးပြီး မိဘအိုတွေကို မထောက်ပံ့နဲ့ ဘုရားထောက်ပံ့လိမ့်မယ် သွန်သင်တဲ့ ဘုရားကျောင်းနဲ့ဆရာတွေကို ဝေးဝေးရျောင်ရပါမယ်။
 
LikeShow more reactions
 · Reply · 6 mins

Threesome