လူငယ်များကို နေရာပေးပါ တတွင်တွင်ပြောနေတဲ့ အသင်းတော် ဥက္ကဌကြီး၂ဦးအကြောင်း . .

လူငယ်များကို နေရာပေးပါ တတွင်တွင်ပြောနေတဲ့ အသင်းတော် ဥက္ကဌကြီး၂ဦးအကြောင်း . . .
.
.
ပထမဥက္ကဌ. . 
.
မဟုတ်မခံ ပညတ်တရားသမား မကောင်းတဲ့စရိုက်များကို လုံးဝမနှစ်သက်သူ ဖြစ်ပါတယ်။ လူငယ်များကို အသင်းတော် အလုပ်အမှုဆောင် အစည်းအဝေးတွေမှာ လာစေချင်လွန်းလို့ နေရာဖယ်ပေးကြပါ ပြောနေသူပါ။ လက်တွေ့မှာတော့ အသင်းတော်မှာ အသက်၄၀ လုပ်နိုင်သူများ မပါပဲ အသက်၆၀ကျော် လူကြီးတွေပဲ ဘုရားကျောင်းပြီးချိန် အမှုဆောင် စည်းဝေးလုပ်ကြပါတယ်။ လူုငယ်တွေ လူလတ်တွေ မလာကြပါဘူး။

ပိတ်ကာဆီး မထားကြပါနဲ့ . .လို့ ခဏခဏ ပြောပေမဲ့ အသင်းတော်မှာ လွဲမှားသောသွန်သင်ချက်တွေ ရောက်လာမှာစိုးတော့ ပိတ်ပင်နေရဆဲပါ။

ဥက္ကဌကြီးရယ် . . လူငယ်တွေကို နေရာပေးဖို့ဆိုတာ လူကြီးတွေ ပုံသက်သေ ကောင်းဖို့ အဓိကပါ။ အသင်းတော် အစည်းအဝေးတွေမှာ စကားတွေ များလာရင် ခရစ်တော်မေတ္တာနဲ့ ကြားဝင် ရပ်ပေးမဲ့လူ (ကြားခံ သမာသမတ်ရှိသူ) လိုပါတယ်။ ငြိမ်းချမ်းရေးလုပ်ဖို့ ခက်တယ်လေ။ အထူးသဖြင့် ဥက္ကဌကြီး ကိုယ်တိုင်က စကားပြောတာ အော်ကြီးဟစ်ကျယ် မပြောသင့်ပါ။ ပုံသက်သေ မပြနိုင်ရင် လူငယ်တွေ မလာ မပါ ပါဘူုး။

ဥက္ကဌ ဆိုတာ အသင်းသားတွေ ပြောဆိုငြင်းခုန်မှုတွေကို . . Yes . . No . . Wait . .ဆိုတဲ့ အဖြေ၃ခု တခုခုရအောင် ဥက္ကဌ ကမကထလုပ်ပြီး လက်ထောင်စနစ်နဲ့ ဖြစ်ဖြစ် ဆုံးဖြတ်ပေးရမှာပါ". .။
.
.
.
ဒုတိယဥက္ကဌ . .

တနေ့မှာ လူငယ်တွေက ရန်ကုန်မှာ ချီးမွမ်ခြင်း နာမည်ရတဲ့ အဖွဲ့တခုကို ဖိတ်ကြားပြီး ၃ရက် ကျမ်းစာသင်တန်း လလုပ်ဖို့ ဥက္ကဌကို တင်ပြလာပါတယ်။ အစည်းအဝေး က သဘောတူပါတယ်။ တကယ် လာခါနီုးကျမှ အသက်ကြီးသုမျာအုပ်စုက . . ဒီအုပ်စုက ဘာရည်ရွယ်ချက်ရှိသလဲ . . ဟာလေလုယ အဖွဲ့လား. . အော်ဟစ်လဲကျ ဝတ်ပြုကိုးကွယ် ကြတဲ့ အဖွဲလား . . တီးတိုးပြောဆိုကြတယ်။ အစည်းအဝေးမှာ လက်မခံတော့ဘူး ဆုံးဖြတ်လိုက်တယ်။ လူုငယ်တွေ စိတ်ပျက် ဒေါသထွက်သွားကြတယ်။ 
.
နောက်ပိုင်း အစည်းအဝေးတွေဆို သဘောတူခဲ့တဲ့ သင်းအုပ်ဆရာတောင် မလာတော့ဘူး။ ဂေါပကအဖွဲ့ကို ကြောက်ရတယ်လေ။ 
.
ဒီတော့ ဥက္ကဌက အတန်ကြာ အစာရှောင်ဆုတောင်းပြီး သဘောတူတဲ့ ဂေါပကတွေနဲု့ အစည်းအဝေး ထပ် လုပ်ကြတယ်။ သင်းအုပ်ကလည်း ဖာသိဖာသာနေလိုက်တယ်။ သဘောမတူတဲ့ သက်ကြွယ်ကြီးတွေ မလာကြဘူးလေ။ အသင်းတော်ဥက္ကဌက မိမိ ဥက္ကဌ ရာထူးပြုတ်မှာထက် အသင်းတော် လူငယ်တွေ ပြေးကုန်မှာ ပိုစိုးရိမ်ရတယ်။ ရဲရဲဝံ့ဝံ့ပဲ "ဆက်လုပ်" ဆိုတဲ့ ဆုံးဖြတ်ချက် ချလိုက်တယ်။ သက်ကြွယ်ကြီးတွေက စိတ်ဆိုးကြပြန်တယ်။

ဒါနဲ့ပဲ ၃ရက် ချီးမွမ်းခြင်းနဲ့ ကျမ်းစာသင်ခြင်း ဆက်လုပ်ဖြစ်သွာပါတယ်။ ဝိုင်းဝန်း အော်ဟစ်ဆုတောင်းခြင်း ကခုန်ခြင်း လဲကျခြင်း တွေ မလွန်ကဲအောင် ဥက္ကဌကိုယ်တိုင် နေ့ရော ညပါ တက်ပြီး ပါဝင်ရပါတယ်။ လွှတ်ထားလို့ မဖြစ်ဘူးလေ။ 
.
နောက်ဆုံးနေ့မှာ "အစိုရအဖွဲ့ ဝန်ကြီး" . .ကိုယ်တိုင် လာတယ် ဆိုတော့ သက်ကြွယ်ကြီးတွေလည်း ရောက်လာကြတယ်။ ဒီတော့မှ ဒီအဖွဲ့မှာ အစိုးရအဖွဲ့ ဝန်ကြီးသမီး ကိုယ်တိုင် ဦးဆောင်တယ် ဆိုတာ သိလိုက်ကြတယ်။ 
.
(အစကတည်းက ဝန်ကြီးသမီး ဦးဆောင်တဲ့ အဖွဲ့လို့ ပြောပါတော့လား. . လို့ သက်ကြွယ်တဦးက ပြောရှာပါတယ်။ သိမှမသိပဲကိုး)။ 
.
.
.
သင်ခန်းစာကတော့. .
.
ဥက္ကဌ ဆိုတာ လူဆိုးထိန်းအလုပ်ပါ။ အသင်းတော် လုပ်ငန်းတွေမှာ ဝိညာဉ်ဆိုးတွေ ဝင်မလာအောင် ထိန်းရပါမယ်။ ဥက္ကဌ ကိုယ်တိုင်က မပူမနွေး ယောင်ချာချာဖြစ်နေရင် . .ဥက္ကဌကိုယ်တိုင်က မိမိနဲု့ မသင့်သူကို စကားပြောခွင့်တောင်မပေးချင်ရင် . . စစ်အာဏာရှင် ပုံစံထဲက ထွက်ဇို့ ကြာနေဦးမှာပါ။ ဥက္ကဌ ညံ့ရင် သင်းအုပ် အာဏာတက်လာပြီး သင်းအုပ်ကြီးစိုးတဲ့ အသင်းတော် . .ကျမ်းတတ်တဲ့ သင်းအုပ်က ကျမ်းစာနဲ့ ဖိပြီး သူလုပ်ချင်တာဇွတ်လုပ်တာမျိုး ဖြစ်လာတတ်ပါတယ်။ 
.
.
.
တခါက အသင်းတော်တခုမှာ

သင်းအုပ်က အိပ်မပျော်တာ ၃ည ရှိပြီ ပြောလာပါတယ်။ အသင်းတော် ဘတ်ဂျတ် အစည်းအဝေး ပထမ အကြိမ်ကတည်းက ပြသနာစတယ်။ ဒုတိယအကြိမ်မှာ ပိုဆိုးလာတယ်။ ငွေကို ခွဲဝေယူကြမယ် ဆိုတော့ အုန်းမစ်ရှင် own mission တွေ အပြိုင်အဆိုင်ပေါ့။ အထူးသဖြင့် သင်းအုပ် နှုတ်ကတိ ခံထားတဲ့ ငွေများစွာကို ဖြတ်တော်ဖို့ ဂေါပကအဖွဲ့က ကြိုးစားလာတယ်လေ။ 
.
'ကျနော် တယောက်ထဲ ဆုတောင်းတယ်ဗျာ။ အသင်းတော် ဘတ်ဂျတ်ခွဲရေးမှာ တင်းမာတဲ့ လူကြီး ၁၀ ယောက်လောက်အတွက် တယောက် ၁၅မိနစ်လောက် ကြာအောင် ဆုတောင်းပေးတယ်။ ဒီတော့မှ အိပ်ပျော်တော့တယ်". . တဲ့။ 
.
သင်းအုပ်ကိုယ်တိုင် မိမိအလို own mission ကို ဘုရားလက်အပ်နှံခြင်းပါ။ ဖြတ်တောက်ခံရတဲ့ . မိမိ သင်းအုပ်ရဲ့ ဧဝံဂေလိဘတ်ဂျတ်တွေက သင်းအုပ်ဆရာကို အတင်းပြောကြတယ်။ "အပြောကြီးတဲ့ သင်္ကြန်အမြှောက်ကြီး. ." .စသဖြင်ပေါ့ . .သင်းအုပ်က. .ရှင်းပြဖို့ ဖုန်းခေါ်လဲ မကိုင် . . သွားတွေ့တာတောင် အတွေ့မခံ . . ခဏတော့ စိတ်ဆိုးကြတယ်။ 
 .
ဒီလိုပါပဲလေ။ 
.
.
.
စကားချပ် . .

* နိုင်ငံရေးမှာ အာဏာရအုပ်စုက အမြင်မတုသူဆိုရင် ဖြုတ်ချလေ့ရှိပါတယ်။

* စီးပွားရေး ကုမ္ပဏီ / အစိုးရဌာနဆိုင်ရာ တွေမှာတော့ ပိုဆိုးပါတယ်။ အလုပ်ထုတ်ခံထိသူ များသလို အလုပ်ထွက်သူက ပို၍များလှပါတယ်။

* လူုမှုရေးလုပ်ငန်းများကတော့ လစာမရလို့ လုပ်သူမရှိ မထင်ပါနဲ့။ နိုင်ငံရေး စီးပွားရေး ဝန်ထမ်းများက စေတနာမေတ္တာနဲ့ လာလုပ်ကြတယ် . ဆိုပေမဲ့ နေရာ(ထိုင်ခုံ) ပြသနာ လူမှုရေး လုပ်ငန်းမှာလည်း ရှိပါတယ်။ အထုတ်ခံရတာ မရှိပေမဲ့ . . စိတ်ပျက် အရှက်ရပြီး မလာ မပါ . . ဖြစ်သွားတတ်ပါတယ်။

* နောက်ဆုံးတခုကတော့ ဘာသာရေးလုပ်ငန်း တနည်းအားဖြင် ဘုရားတရားအလုပ် ဖြစ်ပါတယ်။ အထက်က လုပ်ငန်းတွေနဲ့ မတူတာကတော့ အကျင့်စာရိတ္တ ကောင်းတဲ့ ဘုန်းကြီးတပါးက ကျောင်းထိုင်/သင်းအုပ်ဆရာ ဖြစ်လာပါတယ်။ ဂေါပကအဖွဲ့ နဲ့ သင်းအုပ်အဖွဲ့ ညှိနှိုင်းလုပ်ဆောင် ပါလူငယ်များနေရာပေး ချီးမွမ်းသက်သေခံပွဲ များ လုပ်ပေးရပါတယ်။

မုရန်
၆.၂.၂၀၁၇
.
.
Photos credit
MbcYouthMyanmar facebook

 

https://www.facebook.com/murann.ezine/posts/1340808029319135