ကံတရား နဲ့ ဘုရားသခင် (၁)

ကံတရား နဲ့ ဘုရားသခင် (၁)
.
ဒီအကြောင်း မကြာခဏဆွေးနွေးဖူးပါတယ်။ ခရစ်ယန်များအဖို့ ကံတရားတွေ အရမ်းပြောနေရင် ယုံကြည်ခြင်းနဲ့ကယ်တင်ခြင်းအခက်ခဲ ဖြစ်နေလိမ့်မယ်..လို့ ဆိုပါတယ်။ ဘယ်လိုဖြစ်ပါစေ ကံတရားက ဆန်းကြယ်လွန်းတော့ ဘာသာမဲ့တွေတောင် ယုံကြည်ကြပါတယ်။
.
လူတွေအားလုံးနီးပါး ကံတရားကို လက်ခံကြပါတယ်။ အထူးသဖြင့် မြန်မာများဟာ ဘာသာရေးအရ ကံတရားကို အထူးလက်ခံလို့ ကံ ဥာဏ် ဝီရိယ ဆိုတဲ့စကား (၃)လုံးက အလွန်ရေပန်းစားပါတယ်။

ကံကိုယုံပီး ချေးပုံမနင်းပါနှင့် စကားပုံရှိလို့ ..ငယ်ငယ်ကတည်းက ဝီရိယကောင်းအောင် ကျောင်းတက် စာသင်ကြရပါတယ်။ ပညာတတ်ရင် ဆင်းရဲမွဲတေအနှိမ်ခံဘဝက လွတ်ပါတယ်။ အမေရိကန်သမတ အိုဘားမား လူမည်းဘဝကနေ အမေရိကန်နိုင်ငံကြီးရဲ့ သမတဖြစ်လာတာ ကံကောင်းလို့ ပြောနိုင်ပေမဲ့ သူဘယ်လောက်ကြိုးစားပညာသင်ခဲ့ရသလဲ ဆိုတာတော့ သူပဲသိပါလိမ့်မယ်။ သူရေးတဲ့ My Life ဆိုတဲ့စာအုပ်မှာရေးထားပါတယ်။

ဒါကြောင့်ဘုရားလိုကြိုးစားရင်ဘုရားဖြစ်မယ် ဆိုတဲ့ ဘာသာရေးအယူအဆနဲ့ ဘုရားကိုကိုးစားရင်ကိုယ်စိတ်ဝိညာဉ်ငြိမ်သက်ချမ်းသာမယ် ဒွိဟဖြစ်နေပါတယ်။

ဒါကတော့ ကံတရားနဲ့ဘုရားသခင် အကြောင်း အစဖြစ်ပါတယ်။

ကံတရားကို ယုံကြည်သူများစွာရှိပေမဲ့ ဗုဒ္ဒဘာသာထွန်းကားတဲ့ နိုင်ငံများက ထိပ်ဆုံးဖြစ်ပါတယ်။ ဘုရားသခင်ကို ယုံကြည်သူများကတော့ ခရစ်ယန်၊ မူဆလင်၊ ဟိဒ္ဒြူ စသဖြင့် ဖြစ်ပါတယ်။ ဒီတော့ ဘုရားသခင် အယူဝါဒက လူအများစု ယုံကြည်ကြပါတယ်။ နောက်တမျိုးကတော့ ဘုရားမဲ့ဝါဒ၊ ဘုရားစုံဝါဒ ရှိပါတယ်။ ဘာသာရေးတိုင်း ကောင်းပါတယ်။ ကိုယ်ကျင့်တရားတွေ သွန်သင်တာဆိုတော့ လက်ခံကြတယ်။ ဘုရားမဲ့ဝါဒ သိပ္ပံပညာရှင်များလဲ ကံတရားကိုတော့ ဆန်းကြယ်လွန်းလို့ လက်ခံထားကြပါတယ်။ လောကဓါတ်ပညာနဲ့ ဖြေရှင်းမရတာတွေ တပုံတပင်ရှိနေတာကိုး။

စင်္ကြဝဌာကြီး အစအဆုံးမရှိသလို ဘုရားသခင်လဲ အစအဆုံးမရှိပါ။ ကံတရားလည်း အစအဆုံးမရှိပါ။ လူသားတွေပဲ အကန့်အသတ်နဲ့ အသက်ရှင်ကြတယ်။ အသက်ရှင်နေစဉ် သမတ နိုင်ငံခေါင်းဆောင်ကအစ သူတောင်းစားအထိ ဒုက္ခဆင်းရဲတွေ ခံစားရပါတယ်။ ဒီတော့ ဒုက္ခဆင်းရဲကြားမှာ ကိုယ့်ကိုယ်ကို သတ်မသေပဲ ရှင်သန်နိုင်အောင် ကံတရား (သို့မဟုတ်) ဘုရားသခင်ကို ယုံကြည်လိုက်ရပါတယ်။ ဒုက္ခဆင်းရဲ ဆိုတာ ပစ္စည်းဥစ္စာ၊ ရာထူး မရှိတာထက် ကျန်းမာရေးဆုံးရှုံးတာက ပိုကြီးပါတယ်။ သူဌေးကြီး မကျန်းမာလို့ ဆေးရုံမှာ ပက်လက်လှန်နေရတယ်။ သေမဲ့နေ့ရက်စောင့်နေရတဲ့ အေပဲကွန်ပြူတာ၊ အိုင်ဖုန်း တီထွင်သူ သူဌေးကြီး စတိဂျော့ ဆိုသူလဲ သေခါနီးမှာ မေတ္တာဆုံးရှုံးမှုဒါဏ် အကြီးအကျယ်ခံရပါတယ်။
.
ရှေးကုသိုလ် ဆိုတဲ့ ကံတရားပါပဲလေ လို့ဖြေနိုင်သလို၊ ဘုရားသခင်အလိုတော်အတိုင်းပဲ ဆိုပြီး ဖြေနိုင်ပါတယ်။ အလွန်အလုပ်များတဲ့ ဘာသာမဲ့ သိပ္ပံပညာရှင်ဖြစ်စေ၊ ဆရာဝန်ကြီးဖြစ်စေ ...ကျန်းမာရေးကောင်းနေသရွေ့ ဒုက္ခဆင်းရဲလဲနည်းမှာဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီလူ ဥစ္စာပစ္စည်းဆုံးရှုံးရင်၊ သေလောက်တဲ့ ကင်ဆာ အိတ်ခ်ျအိုင်ဗွီရောဂါ ရသွားရင်တော့ ...အလုပ်မလုပ်နိုင်၊ အသက်ရှင်နေတဲ့ နာရီတိုင်းက ဒုက္ခဆင်းရဲဖြစ်သွားမှာပါ။

အထူးသဖြင့် အသက်၆၀၊ ၇၀ ကျော်သွားပြီး မသေသေးရင် ဘာသာရေးကို အထူး ယုံကြည်သွားတတ်ပါတယ်။ ချွင်းချက်တွေတော့ တွေ့ဖူးပါတယ်။ မြန်မာပြည်မှာပါ။ အသက်၉၀အရွယ် စစ်အာဏာရှင်ဦးနေဝင်းရဲ့တပည့် စစ်ဗိုလ်ချုပ်ဟောင်းကြီး နေ့ခင်းဆို စာဖတ်နေတယ်။ အင်တာနက်လုပ်တယ်။ ဗွီဒီယို တနေ့ ၃ကားကြည့်တယ်။ သမီးနဲ့မြေးတွေ တအိမ်ထဲနေတယ်။ ည၆နာရီဆို အရက်ပုလင်းထိုင်သောက်တယ်။ သောက်ပြီး မူးလာချိန် အပျော်မယား အသက်၄၀အရွယ် မိန်းမတယောက်ရောက်လာပြီး အတူအိပ်တယ်။ မနက်ကြတော့ နိုးထလာတယ်။ သူ့ဘဝက သင်ခန်းစာယူစရာ အများကြီးရတယ်။ ဒီလိုလူမျိုးတွေ ဒို့မြန်မာပြည်ကို နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့တာ ကမ္ဘာအဆင်းရဲဆုံး နိုင်ငံဖြစ်တာ မဆန်းပါဘူး...။

အခုတော့ ပြောင်းလဲချိန်တန်ပါပြီ ..ရေးရင်းနဲ့ ကံတရားနဲ့ဘုရားသခင်အကြောင်း အပိုင်း(၁) အဆုံးသပ်ပါတယ်။

ရွှင်လန်းချမ်းမြေ့ပါစေ။