BIBLE.IS (audio/text Bible) ယုံကြည်ခြင်းသည်ကြားနာခြင်းမှ လာပါတယ်။ အရှေ့ဖျားအသံ - သခင်ယေရှုအကြောင်း


ယုံကြည်ခြင်းသည်ကြားနာခြင်းမှ လာပါတယ်။
Faith Comes From Hearing ဆိုတဲ့ အဖွဲ့က သမ္မာကျမ်းစာကို အသံအဖြစ်ပြောင်းလဲပေးပြီး အင်တာနက်မှာ အခမဲ့ နားဆင်ခွင့် ဖတ်ရှုခွင့်ပေးပါတယ်။ မြန်မာဘာသာ ခဝဲခြံ မျက်မမြင်ကျောင်းက ပထမဆုံး ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး Audio Bible ဒေါင်းလုပ်ဖို့ ဝက်ဆိုဒ်နဲ့ Mobile App တွေကို BIBLE.IS အဖြစ် အင်တာနက်က ရယူနိုင်ပါတယ်။

ဒီလို ငွေကြေးတတ်နိုင်တဲ့ ယုံကြည်သူများက မတတ်နိုင်တဲ့ မြန်မာလူမျိုးစုတွေအတွက် လက်ဆောင်ပါ။

https://www.faithcomesbyhearing.com/
http://www.bible.is/apps

ကချင်ဘာသာ သမ္မာကျမ်း mp3 ဖိုင် ရှာနေချိန် Bible Is မှာ အလွှယ်တကူ တွေ့လိုက်ရလို့ သက်ကြီး မိဘဖိုးဖွားများအတွက် အဆင်ပြေသွားပါတယ်။ ကိုတိုင်အတူ ဖတ်တာပိုကောင်းပေမဲ့ အဖိုးဖွားများအတွက် တယောက်တည်းနေချိန်မှာ Audio Bible Player တစ်ခုရှိနေတာ ဘုရားသခင်နဲ့ ပိုနီးစေတာပေါ့လေ။

တွေ့ရတဲ့ ဘာသာစကားပေါင်း 1247 ခုမှာ
'' Burmese
'' Kachin 
'' Karen S'gaw
'' Karen Pwo. Northern
'' Kayah, Western
'' Lisu 
'' Shan 
'' Wa 
'' Rawang 
'' Wa 
'' Chin Bualkhaw 
'' Chin Zotung
'' Chin Cho
'' Chin Falam
'' Chin Haka
'' Chin Matu စသဖြင့်တွေ့ပါတယ်။ မွန် ရခိုင် စကားတွေ လုပ်နေဆဲ ဖြစ်မှာပါ။
.
.
အခြား မြန်မာ အသံဖိုင်များ
Our Daily Bread, odb.org အင်္ဂလိပ် ဝက်ဆိုဒ်မှာတော့ Audio Daily - 3 minutes နားဆင်နိုင်ပါတယ်။

အရှေ့ဖျားအသံ ဖိလစ်ပိုင်ရေဒီယို နဲ့ နေ့စဉ်ခွန်အား မြန်မာဘာသာအစီအစဉ်များ မြန်မာအသံဖိုင် ထုတ်လွှင့်နိုင်ဖို့ သတိရ ဆုတောင်းလိုက်ပါတယ်။

Welcome 
Bible Is ဝက်ဆိုဒ်နဲ့ Mobile App 
Apple Store နဲ့ Google Play Store မှာ အခမဲ့ ဒေါင်းလုပ်နိုင်ပါတယ်။
.
.
.

အရှေ့ဖျားအသံ - သခင်ယေရှုအကြောင်း
https://en.m.wikipedia.org/wi…/Far_East_Broadcasting_Company
www.febcintl.org
ဒုတိယကမ္ဘာစစ်အပြီး စစ်ပြန်နှစ်ဦးက သခင်ယေရှုအကြောင်း အာရှတိုက်သားတွေ ကြားနာရဖို့ လေလှိုင်းရေဒီယိုအသံလွှင့်ဖို့ ဆုတောင်းလုပ်ဆောင်ခဲ့ပါတယ်။ အခုအခါမှာ ဘာသာစကားပေါင်း ၁၄၉ ခုနဲ့ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ကနေ အသံလွှင့်နိုင်ပါတယ်။

 

မြန်မာဘာသာနဲ့ နေ့စဉ်၂ကြိမ် UTC 2330-0030, 1330-1400 အသံလွှင့်နေပါတယ်။ 12120KHz & 15640 KHz
UTC1330 = Myanmar time 0800

အရှေ့ဖျားအသံ မြန်မာဖေ့ဘုတ် တွေ့ရင်ပြောပေးကြပါဦး။

ကိုယ်ပြောချင်ရာ ပြောနေကြတဲ့ အင်တာနက် ဖေ့ဘုတ်လောကမှာ နေ့စဉ်ခွန်အား ဝက်ဆိုဒ် နဲ့ ဖေ့ဘုတ် အလွန်အသုံးဝင်နေပါတယ်။ မိုဘိုင်းဖုန်းနဲ့ အလွယ်တကူကြည့်နိုင်ပါတယ်။

တီဗွီကေဘယ်လိုင်းတွေ များစွာ မြန်မာပြည်မှာ ရောက်နေပါတယ်။ သခင်ယေရှုအကြောင်း မြန်မာပြည်မှာ ရုပ်သံလွှင့်မှု မတွေ့သေးပါဘူး။ ကချင်ပြည်နယ်ခရစ်ယန်များက စတင်နိုင်ရင်တော့ ဝမ်းမြောက်စရာပါ။

TV Video ဈေးချိုပေါများတဲ့ ခေတ်မှာ အိမ်မှာထိုင်ပြီး ကြည့်သူထက် မိုဘိုင်းဖုန်းမှာပဲ ကြည်ရှုနားထောင်သူ များနေပါတယ်။

အကောင်းဆုံးကတော့ မိမိနှုတ်နဲ့ သခင်ယေရှု အကြောင်းပြောခြင်းပါ။ ကျမ်းစာဖတ်ခြင်း ဆုတောင်းခြင်း သီဆိုချီးမွှမ်ခြင်းများဟာ သခင်ယေရှု နဲ့ ခမည်းတော် ဘုရားသခင်အကြောင်းနဲ့စတင်ပြီး သခင်ယေရှုအကြောင်းနဲ့ပဲ အဆုံးသတ်ဖို့ပါ။