စိတ်ဓါတ်မြင့်မြတ်လှသူ ..ရင်ကြားစေ့ရေးအတွက်...တဲ့။ This is Jesus Teaching..

စိတ်ဓါတ်မြင့်မြတ်လှသူ ..ရင်ကြားစေ့ရေးအတွက်...တဲ့။ This is Jesus Teaching..
ဒေါ်အောင်ဆန်းစုကြည် စင်ကာပူအစိုးရ ဧည့်သည်တော်အဖြစ် တစ်ပတ်လာရောက်စဉ် ... မြန်မာ ၅၀၀၀ နဲ့တွေ့ဆုံ၊ မိန့်ခွန်းပြောခဲ့ပါတယ်။ အမေးအဖြေများထဲက ၅မိနစ် ဗွီဒီယိုဖိုင်လေးပါ။
.
.. ကျမမှာ ..ယုံကြည်ချက်တစ်ခုရှိတယ်။ ကိုယ်က အားကြီးလာတဲ့အခါ တပါးသူကို ထုထောင်းချင်တဲ့စိတ် ဘယ်တော့မှ မထားရဘူး။
အန်တီက အမျိုးသားဒီမိုကရေစီ စဖွဲ့ကတည်းက တပ်နဲ့ရင်ကြားစေ့ရေး အင်မတန်လိုအပ်ပါတယ်။ ဘာလို့ ရှုံ့ချစေချင်ရသလဲ။ ရှုံ့ချဖို့ ရှင်းရှင်းလင်းလင်း ပြောရင်ရှုံ့ချမယ်။ ရှုံ့ချခြင်းအားဖြင့် ရင်ကြားစေ့စေမဲ့အစား ကွဲပြားဖြစ်စေပါတယ်။
ကိစ္စတစ်ခုအတွက် ခင်ဗျားဆိုရင် ခွင့်လွှတ်နိုင်ပါ့မလား..မေးခွန်း၊ သူ့ရဲ့အဖြေလေးကို သဘောကျလွန်းလို့ ဘာကြောင့်မေးတယ် ဇတ်လမ်း တော့သတိမရတော့ဘူး၊အဖြေကတော့ ကျမ မှတ်မိတယ်။ အဖြေက ဘယ်လိုလဲ ဆိုတော့ ကျနော်က ဘယ်လောက်များကောင်းလို့ ..ဘယ်လောက်များမြင့်မြတ်လို့ ဟိုလူသည်လူကို ခွင့်မလွှတ်ဘူးလို့ ပြောနိုင်တဲ့လူ ဖြစ်လို့လဲ..တဲ့။ နောက်တဖက်က ကြည့်ရင်လဲု ကျွန်တော်က ဘယ်လောက်များ သြဇာရှိလို့၊ ဘယ်လောက်များ ကြီးမြတ်လို့ ဟိုလူ့ကို ခွင့်လွှတ်တယ်၊ ဒီလူ့ကို ခွင့်လွှတ်တယ် လို့ပြောပိုင်ခွင့်ရှိသလဲ......ရိုးရိုးလေးပဲ..လူတိုင်းလူတိုင်းဟာ ခွင့်လွှတ်တယ်လဲ ပြောရလောက်အောင်၊ ခွင့်မလွှတ်ဘူးလို့လဲ ပြောရလောက်အောင် မမြင့်ကြပါဘူး။
.
ကျမတို့ဟာ အားလုံး အတူတူတွေပါပဲ... (လက်ခုတ်သံများစွာ)
.
ဒါကြောင့် ကျမတို့ဟာ ခွင့်လွှတ်တယ်၊ ခွင့်မလွှတ်ဘူး.. ဒီလိုစကားလုံးတွေ မစဉ်းစားချင်ဘူးလေ...။ ဒီအချန်မှာ။ အချင်းချင်း ဘယ်လောက်အဆင်ပြေအောင် လုပ်နိုင်မလဲ ..ဆိုတာပဲ ကျမ..စဉ်းစားချင်တယ်။ 
.
ကျမ မကြိုက်တာတွေ ရှိတာပေါ့။ ကျမ ရဟန်းန္တာမှ မဟုတ်တာ၊ ကျမ မကြိုက်တာတွေ ရှိတယ်။ ကျမ မလိုလားတာတွေ ရှိတယ်။ ကျမ သဘောထားနဲ့ မတိုက်ဆိုင်သူတွေလဲ ရှိတယ်။ ကျမ သိပ်ကြည့်မရတဲ့လူတွေလဲ ရှိတာပဲ (ရယ်သံနှင့် လက်ခုပ်သံများစွာ ပေါ်လာသည် ..ဒေါ်စုလဲ ခပ်ရှက်ရှက် ရယ်ပြုံးလေးဖြင့် ပြောသည်)။ 
.
.... ဒါပေမဲ့ ... အဲဒါကြောင့်တော့ ကျမတို့ရဲ့ အမျိုးသားရင်ကြားစေ့ရေးကို ထိခိုက်အောင် ကျမ မလုပ်ချင်ဘူး။ ...ဒီတော့ ဟိုလူ့ကို အဆိုးပြောဖို့၊ သည်လူ့ကို အဆိုးပြောဖို့..တစ်ယောက်နဲ့တစ်ယောက် ..မတိုက်တွန်းကြပါနဲ့...။ ကျမတို့ကြားမှာ ဖြစ်နေတဲ့ အမုန်းပွားမှုတွေ ..မကြေနပ်မှုတွေ... တစ်ယောက်နဲ့တစ်ယောက် ..အမြင်စောင်းမှုတွေ.. ဘယ်လိုပြေလည်အောင် ..လုပ်ပေးသွားမလဲ...ဆိုတာပဲ ..ကျမ ဒီမှာ တိုက်တွန်းချင်ပါတယ်...(လက်ခုပ်သြဘာသံများ..)။ 
.
နောက်ထပ် မေးခွန်းစာရွက်တစ်ခု ဖြေကြားရန်အတွက် လှမ်းနှိုက်လိုက်ပါသည်။ 
.
.
စာရေးသူမှတ်ချက်။ ။ အလွန်ကောင်းလှသောကြောင့် နားထောင်ပြီး မိမိဘဝ၊ မိမိ မိသားစုအတွက် လေ့ကျင့်နေပါသည်။ John Aung Tu M ထံမှ ရရှိသည်။