နေ့စဉ်ခွန်အား (အောက်တိုဘာ-၂၀၁၄)၊ ဟေရှာယနှင့်ကောလောသဲကျမ်းစာနှင့်ဘဝအသက်တာ



နေ့စဉ်ခွန်အား။ ။ ကလေးဘဝက ကျွန်မအနှစ်သက်ဆုံး ကစားစရာဖြစ်သည့် ခါးလှည့်ကွင်း (hula hoop)သည် တစ်ခေတ်ပြန်ထနေသည်။ ကျွန်မနှင့် သူငယ်ချင်း စူစီတို့မှာ အိမ်ရှေ့မြက်ခင်းပြင်၌ နာရီပေါင်းများစွာ လေ့ကျင့်ပြီး ခါးမှမပြုတ်ကျ အောင် မည်သူကြာကြာလှည့်နိုင်မည်ကို ပြိုင်ကြ သည်။ ယခုနှစ်၌ ကလေးဘဝက ခံစားမှုကို ပြန်လည် ခံစားခဲ့ရသည်။ ဤသို့ ပြုတ်မကျအောင်လှည့်နိုင်ခြင်းမှာ အားကုန်သုံးပြီး လှုပ်ရှားမှုကြောင့်မဟုတ်ဘဲ နည်းမှန် စနစ်မှန်ဖြင့် လှုပ်ရှားခြင်းကြောင့်သာဖြစ်သည်။
ကျွန်မတို့၏ဝိညာဉ်ရေးရာအသက်တာများ၌လည်း ဘုရားသခင်အား အစေခံ ရာတွင် ခြေကုန်လက်ပန်းကျသည့်အထိ အလုပ်လုပ်ခြင်းသည် ကောင်းသောအကျင့် မဟုတ်တန်ရာ (ဂလာ ၆း၉)။ ထောင်ပေါင်းများစွာသော လူတို့အား မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ဖြင့် မကျွေးမွေးမီ (မာ ၆း ၃၈-၄၄) ယေရှုက တပည့်တော်များကို အရင်
အနားယူစေခဲ့သည်။ အမှန်တရားမှာ
တက်ကြွစွာလှုပ်ရှားမှုထက် တိတ်ဆိတ်စွာ နာခံလုပ်ဆောင်ခြင်းက ပို၍ အလုပ်ပြီးမြောက် စေခြင်းတည်း။ 10-oct-2014 Our DailyBread
.
ဆရာကြီး စီအက်စ် လူးဝစ်၏ God in the Dock စာအုပ်တွင် “ အဆောက်အအုံ
တစ်ခုတည်း၌ လူတစ်စု အတူနေထိုင်ကြသည်ဟု
မြင်ယောင်ကြည့်ပါ။ လူတစ်ဝက်က ၎င်းကို ဟိုတယ်
ဟုတွေးပြီး၊ ကျန်တစ်ဝက်က အကျဉ်းထောင် အဖြစ် မြင်သည်။ 9-cot-2014 Our DailyBread
.
ယခုလ.ဖတ်ရန်ကျမ်းချက်များမှာ ဓမ္မဟောင်း ဟေရှာယ နှင့် ဓမ္မသစ် ကောလောသဲ တို့ဖြစ်သည်။ ဟေရှာယကျမ်းသည် အစ္စရေးလူမျိုးများအတွက် လှပသောစကားလုံးများဖြင့် ခွန်အားပေးထားသော ပရောဖက်ပြုချက်ဖြစသည်။ ကောလောသဲ မှာ ရှင်ပေါလုက အသင်းတော်တွင်မှားယွင်းသော မိစ္ဆာပရောဖက်များ နှောက်ယှက်မှုဝင်တတ်ကြောင်း၊ ခရစ်တော်ကိုသာ ဗဟိုပြုရမည့်အကြောင်း၊ ခရစ်တော်၏ဘုန်းတော်၊ ဘုရားသခင်၏သဏ္ဍန်တော်၊ ဘုရားသခင်၏ပြည့်စုံခြင်း၊ ခရစ်တော်အားဖြင့်ဖန်ဆင်းခြင်း၊ ကောလောသဲအသင်းတော်ရှိလွဲမှားသောအယူဝါဒများ၊ ခရစ်တော်အားဖြင့်ရသော ကယ်တင်ခြင်း၊ ခရစ်တော်၌တွေ့ရသော ဥာဏ်ပညာ၊ ယုံကြည်ခြင်းမြဲမြံခြင်း၊ ခရစ်တော်၌အသက်ရှင်ခြင်း၊ ခရစ်ယာန်တို့၏ကောင်းမြတ်သောအရည်အသွေးများ..စသည်တို့ကို ရေးသားထားပါတယ်။ ဖတ်ရန် အခန်း၃ခန်းသာရှိပါတယ်...။


"သခင်ယေရှုသည် နောက်လိုက်သူများကို ရယ်ရွှင်၊ပျော်ရွှင်စေအောင် ဟာသဥာဏ်၊ စကားပြောကောင်းသူဖြစ်သည်.."

ဆိုတဲ့ အဆိုကို ထောက်ခံဆွေးနွေးခဲ့ပါသ်၊ ကျနော်တို့ ကျမ်းစာဖတ်တယ်။ သခင်ယေရှုသည် လူတွေကို ဟာသ စကားပြောတဲ့အခန်း တစ်ခုမှ မပါသည့်အတွက် သခင်ယေရှု နှုတ်ကပတ်တော်ပဲ ပြောသည်။ ရယ်စရာစကား မပြောဘူး..ဟု ထင်မှတ်စရာရှိပါတယ်။ တကယ်တော့ လူ့ဘဝတွင် ရယ်စရာ၊ မောစရာများပြောခြင်းဖြင့် ဘဝရှင်သန်ရပါသည်။ သခင်ယေရှုလည်း လူသားဘဝခံယူစဉ် သူနောက်လိုက်များနှင့် ရယ်မောစရာများ ပြောမည်ဟု ခံယူပါသည်။


နောက်တစ်ချက်.. သူသည်နှစ်လိုဖွယ်ရရုပ်ရည်မရှိ....

သခင်ယေရှုသည် ရယ်ရွှင်ဘွယ်ရာများပြောတတ်သူဖြစ်သည်..ကို တိုက်ရိုက်ထောက်ခံတဲ့ ကျမ်းပိုဒ် ရှာနေဆဲပါ။ မတွေ့သေးပါဘူး။ ဒါပေမဲ့ သခင်ယေရှုသည်ရဲ့ ရုပ်ရည်ဟာ လူတွေချစ်ဖွယ်၊ ခန့်ညား၊ ထောင်ထောင်မောင်းမောင်း၊ သန်မာ၊ ရုပ်ချောသူ မဟုတ်ဘူးဆိုတာကတော့ ကျမ်းပိုဒ်သက်သေရှိပါတယ်။ ဓမ္မသစ်မှာ ရေးမထားပေမဲ့၊ ဓမ္မဟောင်းမှာတော့ 
- သခင်ယေရှုရုပ်ရည်
-သခင်ယေရှုလောကမှာအပြစ်ကင်းစင်ပုံ
-သခင်ယေရှုနာကျင်စွာထိုးနှက်ခံရပုံ
-သခင်ယေရှုနှိမ့်ချခြင်း၊ မတရားစွာစီရင်ခံရခြင်း
-သခင်ယေရှုကို လူဆိုးတွေနဲ့အတူစီရင်ခံရခြင်း
-သေပြီးမှသူဌေးရှိသည် ..ဆိုတဲ့ ရှင်ပြန်ထမြောက်ခြင်း..တို့ကို ဟေရှာရ ၅၃မှာ ပရောဖက်ပြုထားပါတယ်။ ပရောဖက်ပြုခြင်းဟာ သခင်ယေရှုမပေါ်ခင် နှစ်ပေါင်း ၇၀၀ကျော်က ဖြစ်ပါတယ်။ 
.
ဟေရှာယကျမ်းကို ... အပိုင်း၂ပိုင်းခွဲပြီးလေ့လာကြပါတယ်။ ကျမ်းတခုလုံးဟာ သမ္မာကျမ်းစာကို ထင်ဟပ်စေတယ်ဆိုပြီး သမ္မာကျမ်းစာအတိုင်း ၆၆ပိုင်း ခွဲထားပါတယ်။ ဟေရှာယ ၅၃ ကတော့ ကြွလာမဲ့သူ ယေရှုအကြောင်းကို နမိတ်ပြရေးသားထားဖြင်း၊ ယေရှု အပြစ်တခုမှမရှိပဲ နှိပ်စက်ညှင်းပမ်းခံရပြီး မတရာသဖြင့် အသေသတ်ခံရပေမဲ့၊ သေပြီးတဲ့နောက်မှာ ရှင်ပြန်ထမြောက်တဲ့ အကြောင်းကို ခွန်အားပေးထားပါတယ်။ 
.
အလွန်ကောင်းမွန်လှပတဲ့ စကားလုံးများသုံးပြီး ဘုရားသခင်ကို ချီးမွမ်းထားတဲ့ ဟေရှာယကျမ်းကို အစ္စရေးလူမျိုးများက အမြတ်တနိုးဖတ်ရှု၊ လိုက်နာကြပါတယ်...။ Murann.
.
ထာဝရဘုရား၏ကျွန်သည် ပမာဏပြုစရာ အဆင်းတင့်တယ်ခြင်းမရှိ၊ ချစ်လိုဘွယ်သော မျက်နှာ လက္ခဏာနှင့် မပြည်စုံ။ ဟေရှာယ-၅၃