သခင့်စကား the Lord's Word ဇွန်၂၀၁၄ HAPPY FATHER'S DAY, ပျော်ရွှင်သောဖခင်များနေ့ဖြစ်ပါစေ

သခင့်စကား the Lord's Word ဇွန်၂၀၁၄
HAPPY FATHER'S DAY, ပျော်ရွှင်သောဖခင်များနေ့ဖြစ်ပါစေ
Download link from Judson Baptist Church
http://www.jbcs.org.sg/NewLordsWord/doc/JUN2014.pdf

ကဗျာများ
သံဝေဂနဲ့နောင်တ Jon Joy (Thomson) 
ခြားနားချက် သိုးသူငယ် (ဒါးက)
ဝန်ခံတယ် ( ချီးမွမ်းခြင်း ) သဲမြတ်မွန်
အဖေ ဆိုတာ - မင်းအောင်သက်လွင်
သိပ်သိပ်လွမ်းတယ်ဖေဖေရယ် (သံယောဇဉ် နော် - ပုသိမ်)

ဆောင်းပါး၊ သက်သေခံချက်များ
ချစ်တဲ့ ဖခင်များနေ့ အမှတ်တရ အထွေး (တောင်ကြီး)
မိဘကိုရိုသေစွာပြုလော့ (ဆရာမ - အင်းစိန်)
မေမေ့ရင်တွင်းစကား(၂) လမင်းနဲ့ကြယ်လေးရဲ့ မေမေ 
ကွင်းပြင်၌ပေါက်သော နှင်းပွင့် (The Lily of Valleys) ဆရာစောစံအောင်
ဘဏ္ဍာနှင့်ပါဝါ - ၆ (ကိုပြာ) 

မည်သူမဆို စာမူများ ရေးသား ပေးပို့နိုင်ပါသည်။ စာမူများကိုscan ဖတ်၍ဖြစ်စေ ၊ ဓါတ်ပုံရိုက်၍ ဖြစ်စေ email ; This email address is being protected from spambots. You need JavaScript enabled to view it.. နှင့် Viber မှ တဆင့် photo sms ပို့လိုသူ များ ဖုန်း (+၆၅) ၈၁ ၂၂၂ ၃၂ဝ သို့ ပေးပို့နိုင်ပါသည်။ သခင့်စကားစာစောင် အဟောင်းများနှင့် အသစ်များကို လစဉ် ဖတ်လိုပါက Facebook account ; lord’s word တွင် ဖတ်ရှုနိုင်ပါ သည်။ ဝိညာဉ်ရေးရာ ရသစုံ (ကဗျာ၊ကာတွန်း၊ဟာသ၊သက်သေခံချက်၊ဝေငှချက်) စာမူများ ဖတ်ရှုလိုပါက facebook account lord’s word (သခင့်စကား) နှင့် lord’s heart (သခင့်နှလုံးသား)ထံ friend request လုပ်ပြီး ဖတ်ရှုနိုင်ပါသည် ။

 



ဘဏ္ဍာနှင့်ပါဝါ - ၆ (ကိုပြာ) 
ကိုပြာ့ အသက်ကတော့ ၅ဝနှစ် ဝန်းကျင်ပေါ့။ သားသမီး ၃ယောက်နဲ့ ဇနီး 
သည်ကို လုပ်ကျွေးနေတဲ့ စင်ကာပူရောက် မြန်မာပြည်က ဒီပလိုမာ အောင်လက်မှတ်ရ 
အင်ဂျင်နီယာ တစ်ယောက်ပါ။ စင်ကာပူမှာ အက်စ်ပတ်စ် နဲ့ အလုပ်လုပ်နေပါတယ်။ 
နေတာကတော့ Boonlay ရထား ဘူတာရုံနားက အိန္ဒြိယနိုင်ငံသား (စင်ကာပူ ပီအာ) 
မိသားစု အိမ်မှာ အခန်းငှားပြီး နေပါတယ်။ စင်ကာပူနိုင်ငံမှာ အိမ်ဝယ်ပြီးနေတဲ့ အိနြ္ဒိ 
ယ နိုင်ငံသား (စင်ကာပူပီအာ) ကို စင်ကာပူရဲ့ အိမ်ခြံမြေအကြောင်း မေးကြည့်တော့ 
သူက ဒီလိုပြန်ဖြေပါတယ်။ သူဝယ်တဲ့ အိမ်က စင်ကာပူဒေါ်လာ ၃သိန်းခွဲ ပေးရ 
ကြောင်း သူ့အသက် ၃၁နှစ် မှာ အရစ်ကျနဲ့ စ ဝယ်ပြီး တစ်လကို ဒေါ်လာ ၁၂၀၀ 
ဆပ် သွားရင် သူ့ အသက်၆၀နှစ် လောက်မှာ အိမ်ဖိုးကျေမှာ ဖြစ်ကြောင်း၊ အခုလဲ သူ့ 
မိသားစုဖြစ်တဲ့ ဇနီး နဲ့ သမီးနှစ်ယောက်ရဲ့ စားစရိတ် ကျောင်းစရိတ် အသေးသုံး 
စရိတ်နဲ့ အိမ်လခ ပေးဖို့ သူ့လခ တစ်ခုထဲနဲ့ မလောက်လို့ ကိုပြာတို့လို လူတွေကို 
အိမ်ခန်း ငှားထားပြီး အပိုဝင်ငွေရှာရတဲ့ အကြောင်းပြောပြပါတယ်။ အိနြ္ဒိယနိုင်ငံသား 
(စင်ကာပူ ပီအာ) အိမ်ရှင့်မှာ အပျိုအရွယ် သမီးနှစ်ယောက်နဲ့ ဇနီးငယ်ငယ်လေး 
ရှိပါတယ်။ အိမ်လခ ပေးဖို့ ငွေမလောက်တဲ့ အတွက် ကိုပြာတို့လို တစိမ်း ယောက်ျား 
သုံးယောက်ကို အိမ်ထဲခေါ်ထည့်ပြီး အခန်းငှားထားရတဲ့အတွက် သမီးပျိုလေးတွေနဲ့ 
ဇနီး ငယ်ငယ်တို့ နေထိုင်ရတာ မလွတ်လပ်ပေမဲ့ ရွေးစရာ အခြားနည်း မရှိတာမို့ အိမ် 
ကြွေး ကျေချင်တဲ့ ဆန္ဒနဲ့ မလုပ်ချင်ဘဲ လူအငှား မတင်ချင်ဘဲ အငှား တင်နေရ 
ကြောင်း ပြောပြပါတယ်။ အဲဒါကလဲ အိမ်ကြွေးကျေတဲ့အထိ နောက်နှစ်ပေါင်း ၂၅နှစ် 
လုံးလုံး ဒီလိုဘဲ လုပ်ရမှာ ဖြစ်ပါတယ်။ အိမ်ဖိုး မကျေခင်မှာ တစိမ်းယောက်ျားတွေနဲ့ 
ကိုယ့် သမီးအပျိုတွေ ဇနီးတွေ တစ်အိမ်တည်းနေရသလို အိမ်ဖိုးကျေသွားတဲ့ အခါမှာ 
ကိုယ်လဲ ပင်စင်စား အဖိုးကြီး အရွယ် အသက်၆ဝ ရောက်နေပြီ လုံးဝ မနိပ်ပါ။ 
ကိုပြာကတော့ ငတ်ချင် ငတ်ပါလေ့စေ။ အသက် ၆ဝ အထိ နှစ်ပေါင်း ၃၀ နီးပါး 
အိမ်ကြွေး တင်နေရတဲ့ စင်ကာပူ နိုင်ငံက စင်ကာပူ နိုင်ငံသားတွေနဲ့ စင်ကာပူပီအာ 
ဘဝကို မမက်မော နိုင်တော့ပါ။ ဟူး - စင်ကာပူမှာ အိမ်ဝယ်ရတာ မလွယ်ပါ လားနော်။ 
သို့ပါသော်လည်းဘဲ ကိုပြာ က နယ်ကနေ ရန်ကုန်မြို့ပေါ်ကို လာရောက် 
နေထိုင်တဲ့ ဖခင် တစ်ယောက်ပါ။ ရန်ကုန်က ယောက္ခမ အိမ်မှာ မိသားစု စုပေါင်း 
ကပ်နေကြရင်း ရန်ကုန်မြို့တော်ကြီးမှာ အိုးပိုင် အိမ်ပိုင် ခြံပိုင် ယာပိုင်ဖြစ်ဖို့ ကြိုးစား 
နေတဲ့ ဖခင်တစ်ယောက်ပါ။ ရန်ကုန် မြို့စွန်က မြို့သစ် တစ်ခုမှာ ၂၅ သိန်းတန် ခြံလေး 
တစ်ခြံ ဝယ်ထားပါတယ်။ နောက်တစ်နှစ်လောက်ကြာတော့ ယောက္ခမ နေတဲ့ 
အိမ်နားမှာ ကန်ထရိုက်တိုက် တစ်လုံး ဆောက်တယ်။ အပေါ်ဆုံးထပ်ကို သိန်း ၂၅ဝ 
နဲ့ အရစ်ကျ ရောင်းမယ်တဲ့။ ယောက္ခမ ရပ်ကွက်မှာ ကိုပြာတို့ မိသားစုက အခြေကျ 
နေသားကျ ပြီးသား ဖြစ်သလို ယုံကြည်သူ အများစုနေထိုင်တဲ့ ရပ်ကွက် ဖြစ်တာမို့ 
ကိုပြာတို့ အရမ်း ဝယ်ချင်နေပါတယ်။ ဒါပေမဲ့ ငွေက သိန်း ၂၅ဝ တောင်ဆိုတော့ လုံးဝ 
လှမ်းလို့ မမီဘူးပေါ့။ ရှိစုမဲ့စု ဝယ်ထားပြီးသား မြို့စွန်က ၂၅ သိန်းတန်ခြံလေးကို 
ပြန်ရောင်းရင်ကောင်းမလားလို့ စဉ်းစားနေတုံးမှာ လူတစ်ယောက်က ၆၅ သိန်းပေးပြီး 
လာတောင်းဝယ်တယ်။ ကိုပြာတို့ လင်မယား နှစ်ယောက် တိုင်ပင်ပြီး ရောင်းလိုက် 
ကြတယ်။ ကန်ထရိုက်တိုက်က ပထမ အရစ် ၈၈ သိန်းကို မေလဆန်းမှာ ပေးရမှာ 
ဆိုတော့ ကိုပြာတို့ လင်မယား ခြံရောင်းရတဲ့ ငွေရယ် အရင်တုံးက ဘဏ်မှာ 
အပ်ထားတဲ့ ငွေ ၈သိန်း။ စုစုပေါင်း ၇၃ သိန်း သွားထုတ်ပါတယ်။ ဘဏ်ရောက်တော့ 
စာရေးမက ဘဏ်ထဲမှာ ၇၃ သိန်း မကဘူး။ ၇၆ သိန်း ရှိတယ်တဲ့။ ကိုပြာ့ မိန်းမ 
မျက်လုံး ပြူးသွားတယ်။ ကျမ အပ်ထားတာ ၇၃ သိန်းထဲပါ။ နောက်ထပ် သုံးသိန်းက 
ဘယ်လို က ဘယ်လို --- ။ စဉ်းစားရင်း ခေါင်းခြောက်နေပေမဲ့ သူတို့ လိုအပ်နေချိန်မှာ 
ဘုရား သခင် ပြင်ဆင် ပေးတာမို့ ကျေးဇူးတော်ချီးမွမ်းပြီး ရှိသမျှ ငွေ အကုန်ထုတ်ပြီး 
စရံငွေ ပေးဖို့ ပြန်လာခဲ့တယ်။ ကိုပြာ့ မိန်းမလဲ ငွေထုတ်ပိုက်ပြီး ကန်ထရိုက်တိုက် 
သူဌေးဆီမှာ လက်မှတ်သွားထိုးတယ်။ အဲဒီမှာ သိရတာက သူဌေး ခေါ်ထားတဲ့ သိန်း 
၂၅ဝ အစား ၂၂ဝ သိန်းဘဲ ပေးရမယ်တဲ့။ ဘာဖြစ်လို့လဲဆိုတော့ ဟိုး အရင် လ တုံးက 
ကိုပြာ့ မိန်းမက ကန်ထရိုက်သူဌေးကို တိုက်ခန်း ဘယ်ဈေးနဲ့ ရောင်းမလဲလို့ မေး 
တော့ သူဌေးက ၂၂ဝ သိန်းဘဲလို့ (မဝယ်နိုင်ဘူးထင်လို့ အထင်သေးပြီး) ပြောထားမိ 
လျက်သား ဖြစ်နေတယ်။ တကယ်သူ ရောင်းချင်တာက သိန်း ၂၅ဝ တောင်တဲ့။ ဒါပေမဲ့ 
ကိုပြာ့ မိန်းမကို နှုတ်နဲ့ ဟိုး အရင်ကတည်းက ကတိ ပေးထားပြီးသားဖြစ်နေတာမို့ 
တခြားလူတွေကို သိန်း ၂၅ဝ နဲ့ရောင်းပေမဲ့ ကိုပြာ့မိန်းမကိုတော့ သိန်း ၂၂ဝ နဲ့ဘဲ 
ရောင်းပါ့မယ်တဲ့။ ဟာလေလုယာ။ ကိုပြာ သိန်း ၃ဝ တောင် ဈေးလျှော့ ပြီးရခဲ့ပါတယ်။ 
အဲဒီ အပါတ်ထဲမှာ စင်ကာပူ က အလုပ်မန်နေဂျာက ကိုပြာ့ကို ခေါ်တွေ့ပြီး လစာငွေ 
တိုးမယ်လို့ပြောပါတယ်။ နောက် သုံးလေးလ လောက်ကျရင် မင်း လစာတိုးမယ်တဲ့။ 
ကိုပြာ သူ့နားကို သူ မယုံချင်ဘူး။ သူ သတင်းကြားထားတာက သူတို့ ကုမ္ပဏီရဲ့ 
Central workshop မှာလုပ်တဲ့ အလုပ်သမားတွေ လစာတိုးမယ်။ ဒါပေမဲ့ တခြား 
ဌာနက လူတွေ လစာ မတိုးဘူးတဲ့။ ကိုပြာက Central workshop က အလုပ်သမား 
မဟုတ်ဘူး။ ကိုပြာ လုပ်နေတဲ့ ဌာနက ကုမ္ပဏီမှာ ဝင်ငွေ အနည်းဆုံး၊ လူအနည်းဆုံး၊ 
အလုပ် အပါးဆုံး ဌာနခွဲ သေးသေးလေးပါ။ မဖြစ်နိုင်ဘူးလို့ဘဲ တွေးထင်ထားမိတယ်။ 
ဧပြီလ ကုန်တော့ သူ့ လစာထဲမှာ ငွေတွေ ရသင့်တာထက် ပိုများနေတာကို သတိ 
ထားမိတယ်။ မကြာခင် အမိန့်စာ ထွက်လာတယ်။ ကိုပြာ လစာတိုးတယ်။ နောက် 
သုံးလေး လ စောင့်စရာ မလိုဘူး။ အခုချက်ခြင်း ဧပြီလမှာကို တိုးနေတာ ဖြစ်တယ်။ 
ကျေးဇူးတော် ချက်ခြင်း ချီးမွမ်းပြီး ၈၈သိန်းပြည့်ဖို့ လိုနေတဲ့ ငွေ ၁၂ သိန်း ကို ကိုပြာ 
ပို့နိုင်ခဲ့တယ်။ အဲဒီတော့ ပထမအရစ် ၈၈ သိန်းကိုတော့ လျောလျော လျူလျူ ဘုရား 
ကျေးဇူးတော်ကြောင့် ရခဲ့လို့ အရမ်းဝမ်းသာနေခဲ့ပါတယ်။ ဒါပေမဲ့ နောက်ထပ် ဒုတိယ 
အရစ်ဖြစ်တဲ့ ၆၆ သိန်းကို ဇွန်လ ကုန်မှာ ပေးရမယ်တဲ့။ ဒီတစ်ခါ ကိုပြာ မျက်လုံး 
ထပ်ပြူး သွားရပြန်ပါ တယ်။ ဘယ်မှာလဲ တစ်လ အတွင်း ထပ်ပေးရ အုံးမဲ့ ၆၆ သိန်း။ 
ထုံးစံအတိုင်း ဘုရားသခင် ဆီမှာ ဆုတောင်းရတာပေါ့။ အဲဒီအချိန်မှာ မမျှော်လင့်ဘဲ 
ကိုပြာ့ ဖုန်းထဲကို မက်ဆေ့စ် တစ်ခု ဝင်လာတယ်။ သင်္ဘောသား သူငယ်ချင်း 
တစ်ယောက် ပို့လိုက်တဲ့ မက်ဆေ့စ် စာ ဖြစ်ပါတယ်။ အဲဒီ သူငယ်ချင်းက လွန်ခဲ့တဲ့ 
နှစ်တုံးက သင်္ဘောလိုက်ဖို့ စင်ကာပူကို ထွက်လာချိန်မှာ ငွေလိုနေလို့ ကိုပြာ့ဆီမှာ 
လာချေးတယ်။ ကိုပြာက စင်ကာပူ ဒေါ်လာ ၁၂ဝဝ ကို အတိုးမယူဘဲ ချေးလိုက်ပါ 
တယ်။။ ပြီးတော့ ကိုပြာလဲ မေ့မေ့ပျောက်ပျောက်ပါဘဲ။ သူ တတ်နိုင်မှ ပြန်ဆပ် ဆိုပြီး 
မေ့ထားလိုက်ပါတယ်။ အခု ကိုပြာ ငွေ အရမ်း လိုအပ်နေချိန်မှာ အဲဒီ သူငယ်ချင်းက 
ကိုပြာ မတောင်းရဘဲ အကြွေး ပြန်ဆပ်ပါတယ်။ ဘယ်လောက်လဲ ဆိုတော့ ကိုပြာ 
သူ့ကို ချေးလိုက်တဲ့ ငွေရဲ့ နှစ်ဆ၊ ၂၄ဝဝ ဒေါ်လာ ဖြစ်နေပါတယ်။ ကိုပြာက 
သူငယ်ချင်းကို ပိုက်ဆံ မှားပြီး ပိုပေးတဲ့အကြောင်း ပြောလိုက်တယ်။ သူငယ်ချင်းက 
၁၂ဝဝ မဟုတ်ဘူး ၂၄ဝဝ တဲ့။ ကိုပြာက မဟုတ်ဘူး၊ မင်း ငါ့ဆီက ယူထားတာ ၁၂ဝဝ 
ဘဲ ဆိုတော့ သူငယ်ချင်းက မဟုတ်ဘူး ငါမင်းဆီက ယူ ထားတာ ၂၄ဝဝ ပါတဲ့။ ရော် 
ခက်ချေပြီ။ ကိုပြာ စာအုပ်နဲ့ သေသေချာချာ မှတ်ထားလို့ မှတ်မိ နေပါတယ်။ 
ကြွေးရှင်ဖြစ်တဲ့ ကိုပြာက ၁၂ဝဝ လို့ပြောနေချိန်မှာ ချေးငှားသူက ၂၄ဝဝ ပါဆိုပြီး 
နှစ်ဆတောင် ပိုပြီး ပြန်ပေးနေပါတယ်။ နောက်ဆုံး ငြင်းမရတဲ့ အတူတူ ကိုပြာ 
သူငယ်ချင်းပြန်ဆပ်တဲ့ အကြွေးကို ပြန်ယူလိုက်ပါတယ်။ 
ဒါ့ကြောင့် ကျမ်းစာထဲမှာ ပြောထားတယ်၊ သူများကို ချေးငှားတဲ့အခါ ပြန်ရ 
လိုချင် စိတ်နဲ့ မငှားပါနဲ့တဲ့။ ကိုပြာက သူငယ်ချင်း ပွဲစားခ ပေးဖို့ ငွေလိုနေချိန်မှာ 
အတိုး လုံးဝ မယူဘဲ စေတနာ သန့်သန့်နဲ့ ချေးလိုက်တာ အခု သူငယ်ချင်းက နှစ်ဆ 
တောင် အတင်းပြန်ပေးနေတယ်။ ကျေးဇူးတော် ချီးမွမ်းပြီးတော့ ငွေကို လက်ခံ လိုက် 
ပါတယ်။ အဲဒီလိုနဲ့ နောက်တစ်ပါတ်အကြာမှာ ရွာမှာ မိဘတွေပိုင်တဲ့ လယ်မြေ ကို 
တစ်လ တစ်သိန်းခွဲနှုန်းနဲ့ အငှားယူထားတဲ့ လယ်သမားက နောက်ထပ်တစ်နှစ် 
လယ်မြေကို ထပ်ငှားမလို့ တစ်နှစ်စာ ငွေ ၁၈ သိန်း လာပေးပါတယ်။ အခုလာမဲ့ မေလ 
အကုန်မှာ ကိုပြာ လစာတိုးထားလို့ ရမဲ့ လစာနဲ့ ခုနက ငွေတွေပေါင်းလိုက်ရင် ဒုတိယ 
အရစ်ဖြစ်တဲ့ ၆၆သိန်းကို ချေဖို့ ကွက်တိ ဖြစ်နေပါတယ်။ ကိုပြာတို့ လင်မယား 
ကျေးဇူးတော် မချီးမွမ်းဘဲ မနေနိုင်ပါ။ နောက်ဆုံးအရစ်(သို့) တတိယ အရစ်ဖြစ်တဲ့ 
ငွေ နောက်ထပ် ၆၆ သိန်းကို ဂျူလိုင် လကုန်မှ ပေးရမှာမို့ ဂျူလိုင်လ အထိ မစောင့် 
နိုင်ဘဲ အခု ကတည်းက ကိုပြာတို့ လင်မယား သခင့်စကားစာစောင်ကနေ လိုအပ်တဲ့ 
နေစရာ တိုက်ခန်းကို ရန်ကုန်မြို့စွန်မှာ ပေးသနားတဲ့အတွက် ဘုရားသခင်ရဲ့ ကျေးဇူး 
တော်ကို ချီးမွမ်းလိုက်ပါတယ်။ မကြာခင် ပေးရတော့မဲ့ တတိယအရစ် အတွက် 
လိုငွေကို ဘုရားသခင်က ဘယ်လို ဘယ်ပုံ ကိုပြာတို့ မိသားစုကို ပြင်ဆင် ပေးအုံးမလဲ 
ဆိုတာ ကိုပြာ ရင်ခုန်ရင်း စောင့်မျှော်နေမိပါတယ်။ စင်ကာပူက ကိုပြာရဲ့ အိမ်ငှား 
ပိုင်ရှင် အိနြ္ဒိယနိုင်ငံသား (စင်ကာပူပီအာ) လို အိမ်ပိုင်ရဖို့ အနှစ် သုံးဆယ်အထိ ဒုက္ခခံ 
စောင့်စရာ မလိုဘဲ ၃လ တည်းနဲ့ အိမ်ပိုင်ရဖို့ ပြင်ဆင်ပေးတဲ့ ဘုရားသခင်ရဲ့ 
ကျေးဇူးတော်ကို ချီးမွမ်းရင်း သက်သေခံလိုက်ပါတယ်။ ဘုရားသခင်သည် သူချစ်သော 
သားသမီးများ လိုအပ်သော ဘဏ္ဍာကို ပေးပိုင်သည့် ပါဝါ တန်ခိုး ရှိကြောင်း မြည်းစမ်း 
၍ သက်သေ ထူကြပါစို့။ ။ ကိုပြာ 
------------------------------

 

 

Download link from Judson Baptist Church
http://www.jbcs.org.sg/NewLordsWord/doc/JUN2014.pdf