သခင့်စကား၊ဝိညာဉ်ရေးရာစာစောင်-ဖေဖေါ်ဝါရီလ ၂၀၁၄၊ ဘဏ္ဍာနှင့်ပါဝါ-၃

သခင့်လည်ပြန် - မင်းအောင်သက်လွင်
ဘဏ္ဍာနှင့်ပါဝါ (၃) - အထွေး(တောင်ကြီး)
လက်တွဲဖော် - မိုနာ(ကလော)
ယုံကြည်ခြင်းနှင့်အကျင့်
ချစ်သူများနေ့ - တောနှင်းပန်း(အင်းစိန်)
သွန်းလောင်းသော နံ့သာဆီ Ointment Poured Forth - ဆရာတော်စောစံအောင်
ခရစ်တော်၏ုရုပ်ပုံလွှာ-၁၃(ဘု
ရားသခင်)- မင်းအောင်သက်လွင်

Download at JBCS Website
http://www.jbcs.org.sg/NewLordsWord/doc/FEB2014.pdf

 

ဘဏ္ဍာနှင့် ပါဝါ - ၃ အထွေး(တောင်ကြီး)

ဘုရားသခင်ဟာ အချိန်တိုင်း ကောင်းမြတ်တယ် ဆိုတဲ့ အကြောင်း
သက်သေ ခံပါရစေ။ ကျမ နာမည် အထေွး ပါ။ စင်ကာပူ ရောက်ပြီး အလုပ် လုပ်နေတာ
၎နှစ် ရှိပါပြီ။ အရင်အိမ်တုံးကတော့ အဘိုးကြီး တစ်ယောက်ကို ကြည့်တဲ့ အလုပ်ပါ။
အဘိုးကြီး ဆုံးသွားလို့ အလုပ်ပြုတ်သွားပြီး အခု အလုပ် အသစ်နဲ့ အိမ်အသစ်မှာ
အလုပ် လုပ်နေရပါတယ်။ အခုလုပ်ရတဲ့ အလုပ်ကတော့ အိမ်မွေး တိရစ္ဆာန်လေး
တွေကို ထိန်းတဲ့ အလုပ်ပါ။ အိမ်ရှင်က အိမ်မွေး တိရစ္ဆာန်လေး တွေကို ရောင်းတဲ့ Pet
shop ဖွင့်ထားတော့ ကျမက အဲဒီ အကောင် ပလောင်လေးတွေကို ထိန်းရပါတယ်။
ပြဿနာ စဖြစ်တာကတော့ လွန်ခဲ့တဲ့ ၂ဝ၁၃ ခုနှစ် ဇူလိုင်လ ကပါ။ သူဌေးက
သူ့ဆိုင်မှာ တင်ရောင်းဖို့ ကြက်တူရွေး ၇ကောင် ဝယ်လာပါတယ်။ အကြီး ၅ကောင်နဲ့
အငယ် ၂ကောင်ပါ။ အငယ်ထဲက တစ်ကောင်က သိပ်နေမကောင်းပါဘူး။
ကြက်တူရွေးလေးတွေကို ကျမက နို့တိုက်ပြီး အစာကျွေးရပါတယ်။ နေမကောင်းတဲ့
အကောင်ကို သူဌေးက တိရစ္ဆာန် ဆရာဝန်ဆီ ခေါ်သွားပြပါတယ်။ အဲပြီးတော့
ညမအိပ်ခင် ကျမက ငှက် အကောင်လေးတွေကို နို့်တိုက်ပြီး ညစာကျွေးခဲ့ပါတယ်။
နေမကောင်းတဲ့ ကြက်တူရွေးက နို့မသောက်တဲ့ အပြင် အန်ပါတယ်။ ကျမ
ချက်ခြင်းဘဲ သူဌေး ကို အကြောင်း ကြားလိုက်ပါတယ်။ သူဌေးထီး ကတော့ အဲဒီညက
ပြန်မလာတဲ့ အတွက် သူ့ကို အကြောင်း မကြားဖြစ်ပါဘူး။ သူဌေးမက အန်နေတဲ့
ကြက်တူရွေးကို နို့် ဆက်မတိုက်ဖို့ ကျမကို ပြောပါတယ်။ နောက်နေ့ မနက်မှာတော့
နေ မကောင်းတဲ့ ငှက်က ပြန်နေကောင်း နေပြီး ကောင်းကောင်း သွားလာ လှုပ်ရှား
နေတာကိုတွေ့ရပါတယ်။ သူဌေးထီးက အလုပ် မသွားခင်မှာ ငှက်ကို ကောင်းကောင်း
ကြည့်ဖို့ ကျမကို မှာပါတယ်။ နေ့လည်စာ ကျွေးတော့ ငှက်က ကောင်းကောင်း
စားနိုင် တာ တွေ့လို့ သူဌေးထီးနဲ့ သူဌေးမ နှစ်ယောက်စလုံးကို ကျမ လက်ကိုင်
ဖုန်းနဲ့ ငှက်တွေ အခြေ အနေ ကောင်းကြောင်း စာပို့ လိုက်ပါတယ်။

ညဘက် ရောက်တဲ့ အချိန်မှာ ဖြစ်ချင်တော့ နေမကောင်းတဲ့ ငှက်က
သေနေပါ ပြီ။ ညနေ ၆နာရီ ကျမ အစာ ကျွေးတုံးက ကောင်းကောင်း စားနိုင်ပါသေး
တယ်။ နောက်တော့ ကျမ ရေမိုးချိုး ညစာ ပြင်ဆင်နေတယ်။ ပြန်လာကြည့်တော့
ငှက်က သေနေပြီ။ သူဌေးထီးက စိတ်ဆိုးမာန်ဆိုးနဲ့ ကျမ ငှက်ကို ဘယ်အချိန် အစာ
ကျွေးသလဲလို့မေးပါတယ်။ ရေချိုးခန်းထဲက ကျမ ထွက်လာပြီး ညစာစား ပန်းကန်
ဆေးနေချိန်မှာ သူဌးထီးက သူ့ငှက် သေသွားလို့ စိတ် အရမ်း ဆိုးပြီး ကျမရဲ့ အဝတ်
အစားတေကွို ထုပ်ပိုးခိုင်းပါတယ်။ ကျမကို သူ အလို မရှိ တော့ဘူး။ ချက်ခြင်း ပြန်ပို့
မယ်လို့ဆိုပါတယ်။ ပွဲစားရုံးကို ချက်ခြင်းသွားပို့ပါတယ်။ ည၉နာရီ ထိုးနေပြီ
ဆိုတော့ပွဲစားရုံးလဲ ပိတ်နေပါပြီ။ ကျမက သူဌေးလင်မယားကို ပြန်ပြော လိုက်ပါတယ်။

ကျမကို ပွဲစားအိမ် မပို့ပါနဲ့။ နောက်ထပ် အိမ် မပြောင်း ချင်တော့ပါဘူး။ ဒီ တစ်ည
တော့ နင်တို့အိမ်မှာ အိပ်ခွင့်ပေးပါ။ မနက်ဖြန် မိုးလင်းရင် ငါ့ကို လေယာဉ်လက်မှတ်
ဝယ်ပေး၊ ငါ့နိုင်ငံ ငါပြန်မယ်လို့ ပြန်ပြောလိုက်ပါတယ်။ သူဌေးမ ကတော့ ကျမ ကို
အလုပ် ဖြုတ်တာ သဘောမတူပါဘူး။ ငှက်တစ်ကောင် သေတာနဲ့ ကျမကို အလုပ်
မဖြုတ်သင့်ဘူး။ ဒါဘာမှ အရေးမကြီးဘူး။ ငှက်က နဂိုကတည်းက နေမကောင်း
ဖြစ်နေ ပြီးသား။ ကျမမှာ ဘာအပြစ်မှ မရှိဘူးလို့ ဝင် စွက်ဖက် ပါတယ်။ အဲဒီနောက်မှာ
သူဌေးမနဲ့ သူဌေးထီး အချင်းချင်း စကားများကြပါတယ်။ သူဌေးထီးက ကျမကို
အလုပ် ဖြုတ်မယ်လို့ပြောတော့ သူဌေးမက အလုပ်မဖြုတ်နဲ့လို့ တားတဲ့အတွက်
သူတို့ အချင်းချင်း ရန်ဖြစ်ကြပါတယ်။ နေ့ခင်းကြတော့ ကျမတို့ သုံးယောက်သား
ထိုင်ခုံမှာ ထိုင်ပြီး အေးအေးဆေးဆေး ဆွေးနွေးဖြစ်ကြပါတယ်။ သူဌေးထီးက
သူ့ငှက်က ဒေါ်လာ ၁၈ဝဝ တန်ကြောင်း၊ သူက ဒေါ်လာ ၉ဝဝ အဆုံးခံပြီး ကျမက
ဒေါ်လာ ၉ဝဝ ကျခံဖို့ ကျမရဲ့ လခထဲက ငှက်တန်ဖိုး တစ်ဝက် ဒေါ်လာ ၉ဝဝ ကို
ဖြတ်ယူမဲ့ အကြောင်းနဲ့ သဘောတူရင် အလုပ် ဆက်လုပ်ခွင့်ပေးမယ်လို့ ဆိုလာပါ
တယ်။ ကျမလဲ ချက်ခြင်းဘဲ ဟုတ်ကဲ့ ဖြတ်ပါ။ ကျမ အလုပ် ဆက်လုပ်ပါ့မယ်ပေါ့။
(မြန်မာ ဆိုတာ အပြစ်မရှိလဲ အဲဒီလို ရိုးသားပြီး သူတပါးကို အခမဲ့ ကူညီတတ်တဲ့
အပြင် လုပ်အားခ မရလဲ အလုပ်ကို ရိုးရိုးသားသာသး လုပ်တဲ့ ညာဉ်ရှိပြီးသားဆိုတာ
စင်ကာပူ တရုတ်သူဌေးတွေကို ပြချင်လို့ပါ)။ အဲဒီလို သဘောတူညီချက်ရပြီး ကျမ
အခန်းထဲ ပြန်ဝင်လာရင်း စဉ်းစားမိတော့ စင်ကာပူ အိမ်ဖော် လခနဲ့ ကျမကို
အသားလွတ် ဖြတ်မဲ့ ဒေါ်လာငွေ ၉ဝဝ ဆိုတာ ကျမအတွက် တော်တော်ကြီးကို
များပါတယ်။ ၂ လ ကျမ လခ မရဘဲ အခမဲ့ အလုပ်လုပ်ပေးရမဲ့ သဘောပေါ့။ တွေးရင်း
ဝမ်းနည်းပြီး ငိုချင်လာမိတယ်။ မြန်မာပြည်မှာတုံးက ̏ငွေ̋ ဆိုတဲ့ ̏ဘဏ္ဍာ̋ မရှိလို့
နိုင်ငံခြားအထိ ရောက်လာပြီး အလုပ် လာလုပ်ကာမှ အဲဒီငွေ ကြောင့်ဘဲ အခမဲ့အလုပ်
လုပ်ပေးရမယ်တဲ့။ ဆိုးလိုက်တဲ့ ဘဝ လို့ တွေးရင်း ကျမ ငိုချလိုက်မိပါတယ်။ ၃မိနစ်
လောက် အကြာမှာ ကျမ ဟန်းဖုန်းထဲကို မက်ဆေ့ တစ်ခုဝင်လာပါတယ်။ သူဌေးမ က
သူ့ယောက်ျား (သူဌေးထီး) မသိအောင်ပို့လိုက်တဲ့ မက်ဆေ့ပါ။ ̏နင်လျော်ပေးရမဲ့ ငွေ
ဒေါ်လာ၉ဝဝ အတွက် ဘာမှ မပူနဲ့၊ ငါ့ယောက်ျား မသိအောင် ငါ နင့်အတွက် စိုက်ပြီး
လျော်ပေးမယ်̋ တဲ့။ ဟာလေလုယာ။ ဘုရားသခင် အချိန်တိုင်း ကောင်းမြတ်ပါတယ်။
ဇာခရိ ၇း၉ တရားအမှုကို တရားသဖြင့် စီရင်ကြလော့။ သနားခြင်း ကရုဏာစိတ်နှင့်
တစ်ယောက်ကို တစ်ယောက် ကျေးဇူးပြုကြလော့။ နောက်ဆုံးပိတ် သက်သေ ခံချင်
တာကတော့ အဲဒီ ကြက်တူရွေး ငှက်လေး သေတဲ့ ပြဿနာဖြစ်ပြီးတဲ့နောက်မှာ ကျမ
လခ တိုးပြီး ရခဲ့ပါတယ်။ အဲ့ဒီအပြင် အရင် တုံးက ကျမ တစ်လမှာ တစ်ရက်ဘဲ နားခွင့်
ရှိခဲ့ပေမဲ့၊ အခုတော့ ကျမ တစ်လကို နှစ်ရက် နားခွင့် ရခဲ့ပါတယ်။ ဘုရားသခင်သည်
အချိန်တိုင်းကောင်းမြတ်တော်မူသည်။ ဆာ ၃၄း၁၇ ဖြောင့်မတ်သောသူတို့သည်
အော်ဟစ်သောအခါ ထာဝရဘုရားသည် နားထောင်၍ သူတို့ကို ခပ်သိမ်းသော
ဆင်းရဲထဲက ကယ်လွှတ်တော်မူ၏။ ။ အထွေး(တောင်ကြီး)

 

ဤ စကားများကို သင်သည် ညီအစ်ကိုတို့အား ကြားပြောလျှင် ယုံ
ကြည် ချက် စကား ကိုယ်တိုင်ရှာဖွေေ လ့ကျက်သော သမ္မာသြဝါဒ
စကား နှင့် မွေးမြူခြင်းကိုခံသော ယေရှုခရစ်၏ ဓမ္မဆရာကောင်း
ဖြစ်လိမ့်မည်။ ၁တိ ၄း၆


x x x x x x x x x x x x x x x x x x

သခင့်စကား၊ ဝိညာဉ်ရေးရာစာစောင် အမှတ်(၁၅၀) ဖေဖေါ်ဝါရီလ ၂၀၁၄
မည်သူမဆို စာမူများရေးသားပေးပို့နိုင်ပါသည်။ email ; This email address is being protected from spambots. You need JavaScript enabled to view it.။ ယခင်လိပ်စာဖြင့်လုံးဝ မပို့ပါရန် အသိပေးအပ်ပါသည်။
အိမ်လိပ်စာပြောင်းထားပါသဖြင့်စာတိုက်မှတဆင့်ပို့လိုသူများ ဖုန်း (+၆၅) ၈၁ ၂၂၂ ၃၂ဝ အားမေးမြန်းစုံစမ်းပါရန် အသိပေးအပ်ပါသည်။
Facebook; lord’s word and lord’s heart.