ငွေဝယ်ကျွန် (4000 year ago Joseph and now Myanmar)


ငွေဝယ်ကျွန်
စင်ကာပူ ၂၀၁၃ စက်တင်ဘာလ၊ ရုံးသွားချိန် မနက်၇နာရီလောက်မှာ MRT ဆိုတဲ့ ရထားဘူတာကိုသွားနေတဲ့ စုံတွဲတစ်တွဲနောက်က လမ်းလျှောက်နေတုန်း ရှေ့က သူတို့၂ယောက် မြန်မာလို့စကားပြောနေတယ်။ လက်ချင်းကျစ်ကျစ်ပါအောင်ဆုပ်ထားပြီး ..မိန်းကလေးက ကြောက်လို့၊ အလုပ်ထဲမှာပြန်မပြောရဲဘူး...ပြောတော့ ယောင်္ကျားလေးက အားပေးစကားပြောနေသံကြားရတယ်။ သူတို့ပုံစံနဲ့ စကားပြောလေသံအရ လစာကောင်းကောင်းရဟန်မတူပါ။ သို့သော် လူငယ် အသက်၂၅-၃၀ အရွယ်သဘာဝအတိုင်း တက်ကြွရွှင်လန်းမှုတွေ တွေ့ရပါတယ်။ အများအားဖြင့်တော့ စားသောက်ဆိုင်များ၊ စက်ရုံအလုပ်ရုံများမှာ လစာနဲနဲနဲ့ လုပ်ရတဲ့မြန်မာအများစုဖြစ်ပါတယ်။ မနက်အလုပ်အတူတူသွားနိုင်တဲ့ အတွဲဆိုတော့ ကုသိုလ်ကံကောင်းတယ်လို့ပဲ ဆိုချင်ပါတယ်။ သို့သော် သူတို့၂ဦးဟာ စင်ကာပူလို ဈေးကြီးတဲ့နိုင်ငံမှာ ငွေအတွက်လာရောက်လုပ်နေရတာတော့ သေချာပါတယ်။ ခေတ်သစ်ငွေဝယ်ကျွန်တစ်မျိုးပါ။ ဒီထက်ပိုဆိုးတဲ့ ငွေဝယ်ကျွန်ကတော့ အိမ်စေအလုပ် လာလုပ်တဲ့မိန်းကလေးတွေဖြစ်ပါတယ်။

လွတ်မြောက်ရာလမ်းတွေ အများကြီးရှိပါတယ်။

ကျုပ်မြန်မာပြည်ကထွက်လာပြီး၊ စင်ကာပူမှာအလုပ်စလုပ်တဲ့ ၁၉၉၀ပြည့်နှစ်မှာ လစာတစ်လ ဒေါ်လာ၁၂၀၀နဲ့လုပ်ပါတယ်။ အိုဗာတိုင် တစ်နာရီ၉ဒေါ်လာနဲ့ဆို သင်္ဘောပြင်တဲ့လုပ်ငန်းဖြစ်တော့ နေ့ည၊မရွေးလုပ်ရပါတယ်။ တစ်လကို ဒေါ်လာ၂၀၀၀လောက် အသားတင်ကျန်တယ်။ အစိုးရက တစ်လကို ဒေါ်လာတစ်ထောင် CPF ဘဏ်မှာ စုဆောင်းပေးတယ်။ အဲဒီခေတ်ကာလမှာ အရှေ့တောင်အာရှ၊ စင်ကာပူအပါအဝင် ဘယ်နိုင်ငံသွားသွား ဗီဇာမလိုပဲ၊ လာလို့ရပါတယ်။ အသက်၂၉နှစ်အရွယ်၊ သမီးတစ်ယောက်၊ သားတစ်ယောက်ဖခင်ဖြစ်ပေမဲ့ ပျော်ချင်တဲ့အရွယ်ပါ။ ၁၉၉၇ခုနှစ်မှာ မြန်မာပြည်ကို အပြီးပိုင်ပြန်မယ်ဆိုပြီး စုဆောင်းငွေ CPF ပိုက်ဆံ ဒေါ်လာ၇သောင်းကျော် ထုတ်ပြီး၊ ပြန်ပါတယ်။ ဘာကြောင့်ပြန်ရသလဲဆိုတော့ စီးပွားကပ်ဆိုက်တာနဲ့ နိုင်ငံခြားသားတွေကို အလုပ်ပါမစ်တွေမပေးတော့၊ ကိုယ့်ပိုက်ဆံပြန်ထုတ်ပြီး ပြန်ရခြင်းဖြစ်ပါတယ်။ အဲဒီ ၇နှစ်ကာလမှာ အလွန်အသုံးကျလှတဲ့ လူငယ်ဘဝကို ငွေဝယ်ကျွန်ဘဝနဲ့ အချိန်အားလုံး ဆုံးရှုံးသွားပါတယ်။ ၁၉၉၀-၁၉၉၇ ခုနှစ်အတွင်း ကျွန်တော်တို့ တစ်လဒေါ်လာ၂၀၀၀ကျော် ဝင်ငွေဟာ အင်္ဂလိပ်စကားနဲ့ပြောရရင် မြန်မာပြည်မှာတော့ Big Money ဖြစ်ပါတယ်။ မြန်မာပြည်မှာ တယ်လီဖုန်းနဲ့မော်တော်ကားကလွဲရင် အားလုံးဈေးချိုပါတယ်။ အခုခေတ် သိန်း၁၀၀၀ တန်အိမ်မြေ၊ တိုက်ခန်းတစ်လုံးကို အဲဒီတုန်းက စင်ကာပူဒေါ်လာ တစ်သောင်းလောက်နဲ့ ဝယ်လို့ရပါတယ်။ တယ်လီဖုန်းတစ်လုံး ဒေါ်လာ၅ထောင်၊ ကားစုတ်တစ်စီး ဒေါ်လာ၅ထောင် တယ်လီဖုန်းနဲ့ဒတ်ဆန်ကားတစ်စီး ဈေးအတူတူလောက်ပဲ..ရယ်စရာ ကသောင်းကနင်းခေတ်တွေပါ။ အဲဒီကတည်းက ကျုပ်လဲ ကိုယ့်ကိုယ်ကို ငွေဝယ်ကျွန်ဘဝ ရောက်နေတယ်လို့ သတ်မှတ်ပေမဲ့ လွတ်အောင်ရုန်းမထွက်နိုင်တာ နှစ်ပေါင်း ၂၀ကျော်သွားပါတယ်။

အဲဒီခေတ်ကာလမှာ မြန်မာပြည်ပြန်ချင်ပေမဲ့ ဘာမှလုပ်မစားတတ်ပါ။ မြန်မာစကားပုံရှိပါတယ်။ ကိုရင်လူထွက်နဲ့ ထောင်ထွက် ၂ဦး၊ အပြင်မှာလုပ်မစားတတ်ကြဘူးတဲ့။ နောက် စစ်အုပ်ချုပ်ရေးကာလမှာတော့ စစ်ပြန် (စစ်သားထွက်)တွေ လုပ်မစားတတ်ပဲ ရပ်ရွာ၊အုပ်ချုပ်ရေးတွေမှာပဲ ဆက်လုပ်စားနေတဲ့ ခေတ်ကို ရောက်ပါတယ်။ အခု ၂၀၀၀နောက်ပိုင်းမှာတော့ နိုင်ငံခြားပြန် ဆိုတဲ့အုပ်စုတစ်ခု ပေါ်ထွန်းလာပါတယ်။ စင်ကာပူမှာ ဘယ်လို၊ ထိုင်း၊မလေးရှားမှာ ဒီလို.. ပြောနေပေမဲ့ မြန်မာပြည်ပြန်ရောက်တော့ စုဆောင်းထားတာတွေ ကုန်ပါလေရော။ ဒါနဲ့ နိုင်ငံခြားပဲ ပြန်သွား၊ ငွေဝယ်ကျွန်အလုပ်တွေ ပြန်လုပ်စားနေရပါတယ်။

အခုတော့ မြန်မာပြည်ကြီး ဒီမိုကရေစီရပြီ၊ ကိုယ်ပိုင်စီးပွားရေးများ ကမ္ဘာနဲ့တန်းတူလုပ်ကိုင်လို့ရတဲ့အတွက်၊ စင်ကာပူလာအလုပ်လုပ်သူများ မြန်မာပြည်ပြန်ဖို့ အခွင့်အရေးရှိနေပါတယ်။ မြန်မာပြည်မှာတော့ ကုမ္ပဏီတွေ ရောက်မလာသေးတော့ ပုဂ္ဂလိကလုပ်ငန်းပဲ လုပ်စားနေရတဲ့အချိန်ဖြစ်ပေမဲ့ အခုနေအချိန်ဟာ စိတ်နေစိတ်ထား Attitude ကိုပြင်နိုင်ရင် ငွေဝယ်ကျွန်ဘဝက လွတ်မဲ့အခွင့်လမ်းများစွာရှိပါတယ်။ စင်ကာပူမှာ တစ်လ ဒေါ်လာ ၂၀၀၀ ရသူလဲ မြန်မာပြည်ပြန်ရင် တစ်လ ဒေါ်လာ၂၀၀ အလုပ်တောင် ရှာရခက်နေတယ်။ ကိုယ့်ဆွေမျိုး၊မိတ်ဆွေလူငယ်တွေပဲ ခေါ်ခန့်နေတဲ့ခေတ်ပါ။ စင်ကာပူမှာ တစ်လဒေါ်လာ ၅၀၀၀ ရသူအဖို့တော့ မြန်မာပြည်ပြန်လုပ်ဖို့ လမ်းမရှိသလောက်ဖြစ်ပါတယ်။ စင်ကာပူမှာပဲ ငွေဝယ်ကျွန် လခစားအဖြစ် ဆက်နေရမယ်။ ၂၀၁၅ နောက်ပိုင်းမှာလဲ အကယ်၍ နိုင်ငံခြားကုမ္ပဏီများစွာ မြန်မာပြည်ရောက်လာပြီး စင်ကာပူက မြန်မာတွေ၊ အမေရိကားက မြန်မာတွေကို Expat Salary ဟိုမှာအတိုင်းပေးနိုင်လာရင်တော့ လခစားအလုပ်တွေ ပေါလာမှာဖြစ်ပါတယ်။

သို့သော် ... ငွေကိုမှီနေရတဲ့ ဘဝဟာ အင်မတန်ပူလောင်ပါတယ်။ ငွေက ကိုယ့်ကိုခိုင်းနေသလား၊ ကိုယ်ကငွေကို ခိုင်းနေသလား.. သေချာစဉ်းစားပြီး ကိုယ့်ဘဝကို ရှောက်လှမ်းရပါမယ်။ လူတစ်ရာမှာ ၃ယောက်၊ ၄ယောက်လောက်ပဲ အသက် ၂၅-၃၀မှာ ငွေဝယ်ကျွန်ဘဝက လွတ်နိုင်ပါတယ်။ အဲဒီအရွယ်တွေပဲ လူသားများအတွက် စွမ်းစွမ်းတမန်လုပ်ရပ်များ လုပ်သွာကြပါတယ်။ ဥပမာ မိုဟာမက်၊ ဗုဒ္ဓ၊ ယေရှု၊ ပေါလု၊ အိုင်ဇက်နယူတန်၊ အိုင်စတိုင်း၊ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးနု၊ ဦးသန့်.. ။  ငွေဝယ်ကျွန် လခစားဘဝကို  ၁၀နှစ်အထက် ရောက်သွားရင်တော့ တသက်လုံးလွတ်ဖို့ တော်တော်ကို ခဲယဉ်းသွားပါပြီ။

ငွေဝယ်ကျွန်ဆိုတာ သမိုင်းဆရာများအဆိုအရ အနိုမ့်ဆုံးအဆင့်လူတန်းစားကိုခေါ်ပါတယ်။ ခေတ်အဆက်ဆက်ကို ကြည့်ရင်
- ကျွန်ခေတ်၊ မြန်မာများမှာ ဘုရားကျွန်အမျိုးများရှိပါတယ်
- ယခုခေတ် Illegal Worker တရာမဝင်အလုပ်လာလုပ်သူ (သို့မဟုတ်) အခြားနိုင်ငံမှာ ပညာမရှိပဲအလုပ်လာလုပ်သူများဖြစ်ပါတယ်။
မြန်မာများမှာ ငွေဝယ်ကျွန်အဆင့်ကို
၁။ ပြည်တွင်းမှာ၊ ပညာမတတ်ပဲ အိမ်များမှာကြုံရာအလုပ်လုပ်နေသူများ
၂။ ထိုင်း၊မလေးရှာများမှာ တရားမဝင်လာရောက်နေထိုင် လုပ်ကိုင်သူများ
၃။ စင်ကာပူ၊မလေးရှားတွေမှာ အိမ်စေ၊ လူအိုရုံများမှာ လာရောက်လုပ်ကိုင်သူများ ..စသဖြင့်ခွဲခြားနိုင်ပါတယ်။
၎။  လစာကောင်းတယ်၊ လုပ်ငန်းပိုင်ရှင် ..စတဲ့ ဝင်ငွေကောင်းသူလူတန်းစားဖြစ်ပါတယ်။
ဝင်ငွေကောင်း၊ငွေရှိပြီး ငွေနောက်လိုက်နေသူကိုလည်း ကျုပ်ကတော့ ငွေဝယ်ကျွန်အကြီးစားအဖြစ် သတ်မှတ်ပါတယ်။ ဆင်းရဲပြီး ပထမ (၃)မျိုးဟာ သေရင်၊ အပယ်မလာပဲ နိဗာန်ရောက်ဖို့ အခွင်လမ်းကောင်းပါတယ်။ နောက်ဆုံး နံပါတ်(၄)အမျိုးအစားကတော့ ငွေချမ်းသာ၊ ငွေရှိပြီး၊ ငွေကိုစွန့်ပစ်ဖို့ ခဲယဉ်းလွန်းတာကြောင့် အပယ်လားဖို့ အင်မတန်လမ်းများပါတယ်။ သူတို့က အလှုဒါန်းများများပေးရင် နိဗာန်ရောက်မယ် ထင်နေတဲ့လူတန်းစားဖြစ်ပါတယ်။ တကယ်တော့ အလှုဒါန်းပေတဲ့အဆင့်တွေမှာ ငွေနဲ့လှုဒါန်းခြင်းဟာ အနိုမ့်ဆုံးသော အလှုဒါနဖြစ်ကြောင်း ဘာသာတရားကြီးတိုင်းက အဆိုရှိပါတယ်။ ဒီ(၄)မျိုးသော ငွေဝယ်ကျွန်များဘဝအခြေအနေနဲ့ လွတ်မြောက်ရာလမ်းဟာ စိတ်ဝင်စားစရာကောင်းပါတယ်။ အပျော်ရွှင်ဆုံးငွေဝယ်ကျွန်ဘဝကတော့ အသက်၂၅-၃၅အရွယ်ပဲဖြစ်ပါတယ်။ အသက်၃၅နှစ်အလွန်မှာ ဒေါ်လာတစ်သန်း (ကျပ်သိန်းတစ်သောင်း) မပိုင်ဆိုင်သေးဖူးဆိုရင် ငွေနောက်လိုက်တာမျိုး ရပ်လိုက်ပါတော့။ သူဌေးကြီးမဖြစ်နိုင်တော့ပါဘူး။ သူဌေးကြီးအားလုံးကို လေ့လာရင် အသက်၃၅လောက်မှာ အရမ်းချမ်းသာနေပါပြီး။ လူတော်တော်များများဟာ အသက်၄၀ကျော်၊ ၅၀ကျော်မှာ အိမ်မြေ၊ငွေများစွာ စုဆောင်းရရှိပြီးတော့ ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားကြပါတယ်။ တိုးပွားဖို့ပဲကြိုးစားရင်း ဆုံးရှုံးမှုနဲနဲဖြစ်လာတာနဲ့ အိပ်မပျော်၊စားမဝင်ဖြစ်လာပါတယ်။ ဒီလိုနဲ့ပဲ အသက်တွေကြီးလာပါတယ်။ ဘဝလွတ်မြောက်မှုကို ရသူများကတော့ မိုက်ကရိုဆော့ပ် ဘီးလ်ဂိတ်လို လှုဒါန်းပစ်လိုက်ပါတယ်။ အများစုကတော့ ပိုင်ဆိုင်မှုတွေမသယ်နိုင်ပဲ ဘဝတပါးကူးပြောင်းသွားရှာပါတယ်။

ငွေမရှိ၊ ရာထူးမရှိပဲ နိုင်ငံရေး၊ ဘာသာရေး၊ လူမှုရေးလုပ်ငန်းများမှာ ဘဝကို မြှတ်နှံထားတဲ့ မြန်မာများစွာ၊ အချို့ဆိုရင် စစ်အာဏာရှင်စနစ်ကို တိုက်ဖြတ်ရင်း ထောင်၁၀နှစ်၊ အနှစ်၂၀ ကျခံရတဲ့ လူများကို ရည်ရွယ်ပါတယ်။ ငွေဝယ်ကျွန်မဟုတ်သူများကို  ဂုဏ်ပြုလေးစားရင်း ...။

ကျုပ်ကိုယ်တိုင် .ငွေဝယ်ကျွန်ဖြစ်နေဆဲလား...။

ဝတ်မှုန်

 

Always Rise to the Top

TODAY’S SCRIPTURE

“And the Lord was with Joseph, and he was a prosperous man...”

(Genesis 39:2, KJV)

In scripture, many heroes of the faith started out at the very bottom. Think of Joseph. He was thrown in a pit and sold into slavery by his own brothers. But even as a slave, he developed his skills. He was so valuable that he was put in charge of his master’s whole household.

When he was falsely accused and put into prison, he was so valuable there that they put him in charge of the whole prison. What is that? Cream rising to the top. When Pharaoh needed someone to run the country and administer the nationwide feeding program during the famine, he didn’t choose a cabinet member; he didn’t choose his department head. He chose Joseph, a prisoner, a slave. Why? Joseph developed his skills right where he was. His gifts made room for him, and he was always rising to the top.

Friend, there’s never an excuse to not keep rising. It doesn’t matter if you don’t like your current job; it doesn’t matter if other people don’t treat you right. God is saying, “It’s time to get out of the pit.” It’s time to shake off the past. It’s time to rise to the top!

A PRAYER FOR TODAY

Father, thank You for the gifts and talents that are within me. I choose today to have an excellent spirit. I choose to shake off the old; I choose to forgive. I take my eyes off of my circumstances and lift my eyes to You knowing that You are the one who lifts me up in Jesus’ name. Amen.

John/Sarah Hla-Oung