The Pilgrim's Progress - ဘုရားဖူးသွားခြင်း၊ ဂန္ဓ၀င်ခရစ်ယာန်စာပေ


မြန်မာလို တိုက်ရိုက်ဘာသာပြန်လျှင် ဘုရားဖူးသွားခြင်း လို့အဓိပ္ပါယ်ရှိသည်။ ခရစ်ယာန်ဘာသာအထွဏ်အထိပ်ဖြစ်သော  ဘုရားထံသို့သွားရောက်ကိုးကွယ်ဝတ်ပြုခြင်းအား ပြောင်မြောက်သော ရသစာပေ တစ်ခုအဖြစ်သည်။ ၁၆၇၈ (လွန်ခဲ့သော နှစ်ပေါင်း ၃၄၀ခန့်က) အင်္ဂလန်တွင် ရေးသားထုတ်ဝေခဲ့ပြီး ဘာသာစကားပေါင်း၂၀၀ကျော်ဖြင့် ထုတ်ဝေခဲ့ပြီးသော ဂန္ဓ၀င် ခရစ်ယာန်စာပေဖြစ်သည်။

အင်္ဂလိကန်အသင်းတော်မှ ဓမ္မဆရာ၊ စာရေးဆရာ John Bunyan ရေးသားထားပါသည်။ ထောင်ဒဏ်နှစ်ရှည် ၁၂နှစ်ကျခဲ့ပြီး၊ ဒုတိယအကြိမ် ၆လတာ အကျဉ်းချခံစဉ်တွင် ထိုစာအုပ်ကို ရေးသားခဲ့သည်။ အပိုင်း၂ပိုင်း ခွဲရေးသားခဲ့သည်။ ပထမပိုင်းမှာ Christian ဆိုသူ၏ ခရီးစဉ်ကို ရေးသားထားသည်။ သူ့၏ လောက၊ လူသားတစ်ဦးဘ၀နှင့် ကျဉ်းသောလမ်းကို စတင်လျှောက်ရာတွင် သခင်ယေရှုကိုတွေ့ရှိခဲ့ခြင်း၊ အခက်ခဲ၊အသက်ဘေးများစွာအကြောင်း၊ ခရစ်ယာန်အသက်တာအကြောင်းတို့ဖြစ်သည်။ ဒုတိယပိုင်းမှာ သူ၏ဇနီးသည်၊ သားသမီးနှင့် အိမ်အကူအဖေါ်တို့လည်း ထိုခရီးကို လိုက်လျှောက်ကြသည့်အကြောင်းဖြစ်သည်။

ရေးသားခဲ့သူ John Bunyan (1628-1688) သည် အင်္ဂလိကန်အသင်းတော်မှ ခရစ်ယာန်စာရေးဆရာနှင့် ဓမ္မဆရာဖြစ်သည်။ ထောင်နှစ်ရှည် ၁၂ကျခံရစဉ် ခရစ်တော်နှင့်အတူသွားလာခဲ့ခြင်းအတွေ့ကြုံများ၊ ဒုတိယအကြိမ် အကျဉ်ခံ ၆လ အချိန်တွင် ထိုစာအုပ်ကို ရေးခဲ့သည်။ မူရင်းအင်္ဂလိပ်ဘာသာမှာ ဘာသာစကားပေါင်း ၂၀၀ကျော်ဖြင့် ထုတ်ဝေခဲ့သည်။ Online အင်္ဂလိပ်ဘာသာစာအုပ်ကို Amazone.com မှ  ၃ - ၆ ဒေါ်လာခန့်ဖြင့် ၀ယ်ယူနိုင်ပြီး၊ အင်တာနက်တွင် အလွယ်တကူရှာဖွေ ဒေါင်းလုပ်၊ဖတ်ရှုနိုင်သည်။ http://archive.org/details/pilgrimsprogress04buny

မြန်မာဘာသာသို့ ဆရာကြီးယုဒဿန်၏ ဇနီးသယ်က ဘာသာပြန်ခဲ့ပြီး၊ ပုံနှိပ်ထုတ်ဝေခဲ့သည်ဟု ဆိုသည်။ ထိုစာအုပ်ကို ခေတ်နှင့်အညီအောင် ပြန်လည်ထုတ်ဝေလိုပါသည်။ ထိုစာအုပ် ကော်ပီရှိသူများ ပြန်လည်ထုတ်ဝေရန်အတွက် ကူညီပေးပါရန် မုရန်မှ မေတ္တာရပ်ခံပါသည်။  This email address is being protected from spambots. You need JavaScript enabled to view it.  Mobile: Rev. Myo Thu +65 90068912



Reference:
http://en.wikipedia.org/wiki/The_Pilgrim's_Progress