ညစဉ်ခွန်အား- အဖိုးအို၊ ချောက်ဖီးနေ ဆိုသော အမေရိကန်အဖိုးကြီးတစ်ယောက် - ဆရာဆိုး


အဖိုးအို၊ ချောက်ဖီးနေ ဆိုသော အမေရိကန်အဖိုးကြီးတစ်ယောက်ကို တွေ့ရင် ဆင်းရဲသား၊ ငမွဲတစ်ယောက်ပဲဟု အောက်မေ့ကြသတဲ့။ အင်မတန်မှ ချိုးခြံချွေတာပြီး အိမ်ငှားနေရတဲ့ အသက်(၈၀)အဖိုးကြီးမှာ စားစရာကောင်းကောင်းမရှိပါဘူး။ ဘတ်စကား၊ အငှားကားနဲ့ပဲ သွားလာပြီး၊ သူပတ်ထားတဲ့နာရီကလည်း ဘူတာရုံက ဈေးသေးသေးမှာ ၀ယ်ခဲ့တဲ့ အပေါစားနာရီပါပဲ၊ သူတို့ဇနီးမောင်နှံမှာ ၀ါကြွားစရာ အ၀တ်အစားနဲ့အိမ်ထောင်ပရိဘောဂများ မရှိသော်လည်း ပျော်ရွှင်နေကြပါရဲ့။ လျှို့လျှို့ဝှတ်ဝှတ် နေတတ်တဲ့ အဲဒီ ဆန်ဖရန်စစ္စကိုမြို့မှ ချောက်ဖီးနေး ဟာ တကယ်တော့ လျှို့ဝှက်အလှုရှင်တစ်ယောက်ဖြစ်ပြီး သူပိုင်ဆိုင်သော ဒေါ်လာ သန်းနှစ်ထောင်လောက်ကို တက္ကသိုလ်များဆီ လှုဒါန်းခဲ့ပါတယ်။ နာမည်ကြီးသော သူ့လုပ်ရပ်တစ်ခုက "Operation Smile" အပြုံးစစ်ဆင်ရေးဟု ခေါ်ပါ၏။ ကမ္ဘာပေါ်က နှုတ်ခမ်းကွဲသူတွေ၊ နှုတ်ခမ်းမလှမပ ဖြစ်သူတွေများအတွက် ကုသနိုင်ဖို့၊ ခွဲစိတ်နိုင်ဖို့ ရံပုံငွေရှာ၊ အလှုရှာပေးသော လုပ်ငန်းဖြစ်ပါ၏။ သူဌေးစစ်စစ် ဧကန်ဖြစ်ပါလျှက် နှိမ့်ချစွာနေနိုင်သော သူ့စိတ်ထားကို ချီးကျူးရပါသည်။ ထို့အပြင် နှုတ်ခမ်းကွဲ၍ မလှမပ မပြုံးနိုင်ရှာသော သူများကို ကိုယ်ချင်းစာနာလျှက် လှပစွာ ပြုံးနိုင်ဖို့ စိတ်စေတနာကြီးလှသော သူ့အလှုကိုလည်း နှစ်သက်လှပါသည်။

သူ့မှာရှိသမျှ ပေးလှုနေသော အဖိုးအိုကို သတင်းထောက်များက ခင်ဗျားရဲ့နောင်ရေးအတွက် စိတ်မပူဘူးလားဟု မေးလျှင် သူကပြုံ၍ "အလောင်းဝတ်ထားတဲ့ အကျီမှာ အိတ်ကပ်မပါဘူးလေ" ..ဟု ဖြေလေသည်။ ဤလောကမှလွန်သွားလျှင် ဘာတစ်ခုမှ၊ တစ်ဒေါ်လာမှ ယူမသွားနိုင်သော သဘောပါပဲ။ စင်စစ် လောကနဲ့သက်ဆိုင်သော အရာမှန်သမျှ လောကမှာ ထားပစ်ခဲ့ရမှာ ဖြစ်၍ လှပသောအပြုံးများကိုသာ သူတွေ့သွားချင်ပါသတဲ့။

ဘုရားရှင်ပေးသနားသော ကောင်းကြီးမင်္ဂလာများကို ကျွန်တော်တို့ ဘယ်လိုများ အသုံးပြုပါသလဲ။ ဝေမျှခြင်းကိစ္စမှာ ကျွန်တော်တို့ ဆည်းပူးခဲ့သော ပါရမီမည်မျှရှိပြီလဲ..ဟု တွေးမိပါသည်။ ချောက်ဖီးနေကတော့ ပေး၍မကုန်နိုင်သော သင်ရန်စာကို ဖေါ်ပြပေးခဲ့သည်။ သူ့တစ်ပါးကို ပညာတတ်စေချင်သောစေတနာ၊ သူ့တစ်ပါးကို လှပစွာပြုံးနေစေချင်သော ရည်ရွယ်ချက်ဖြင့် ချောက်ဖီးနေ အသက်ရှင်ခဲ့ပါသည်။

သူ့တပါးအတွက် အသက်ရှင်နေသော ထိုအဖိုးအိုသည်၊ ဆန်ဖရန်စစ္စကိုမြို့မှာ ယနေ့တိုင်အသက်ရှင်နေပါသည်။ စွန့်ကြဲတတ်သောသူသည် ကြွယ်ဝလိမ့်မည်။ သူ့တစ်ပါးကို ရေလောင်းတတ်သောသူသည် ကိုယ်တိုင်ရေလောင်းခြင်းအကျိုး ခံရလိမ့်မည် (သုတ္တံကျမ်း ၁၁း၂၅) ဟု ကျမ်းစာတွင် ပါရှိပါသည်။


သန့်ရှင်းသူတို့သည် ဆင်းရဲသောအခါဝေငှပေးကမ်းကြလော့။ အာဂနုတို့အား ဧည့်သည်ဝတ်ကို ကြိုးစား၍ပြုကြလော့ (ရောမ ၁၂း၁၃)

Reference
http://www.jbcs.org.sg/main/index.php/daily-supper