ချီဆောင်ခြင်းနှင့်ဒုတိယကြွလာခြင်းစာအုပ်ငယ်၊ Rev.Moses Thawng Cung



လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်၍ သမ္မာတရားကိုသိစေခြင်းငှာ ဘုရားသခင်အလိုတော်ရှိ၏။ (၁တိ၊၂း၎)

စကားချီးအနေဖြင့် ခရစ်တော်ဒုတိယအကြိမ် ကြွလာခြင်းကို လူအများစိတ်ဝင်စားစေရန်၊ ကယ်တင်ရှင်သခင်ခရစ်တော် ကြွလာတော့မှာဖြစ်သောကြောင့် အသင့်ပြင်ဆင်နိုင်ရန်၊ သာဓုသစ္စာရှိသော ငယ်သားကောင်းဟု အချီးအမွမ်းခံနိုင်ရန်အတွက် ရေးသားရခြင်းဖြစ်သည်ဟု စာရေးသူက ပထမဆုံး တမျက်နှာရေးသားထားသည်။

စာအုပ်ငယ်မှာ စာမျက်နှာ ၁၀၁ သာရှိသည်။ မာတိကာအရ .. ချီဆောင်ခြင်းအလွန်နီးပြီ၊ မှားယွင်းသောယူဆချက်များ၊ကို ဘုရားသခင်၏ အချိန်ဇယား အခန်းများကို ၁၀မျက်နှာဖေါ်ပြသည်။ ကာလများ၊ ခေတ်များကို ၆မျက်နှာ တင်ပြထားသည်။  ခရစ်တော်ပဌမကြွလာခြင်းမှဒုတိယကြွလာခြင်းအထိ၊ ချီဆောင်ခြင်းအကြောင်း၊ မည်ကဲ့သို့နေရမည်နည်း၊ ယုံကြည်သူများဆုပေးပွဲ၊ သရဖူ(၅)မျိုး၊ သိုးသငယ်၏မင်္ဂလာဆောင်ပွဲ စသည်တို့ကို ၁၂မျက်နှာ တင်ပြထားသည်။ ဘေးဒဏ်ကြီးကာလကို ၁၂စာမျက်နှာ အထူးရေးသားထားပါသည်။ စစ်ပွဲများအကြောင်းကို ယခုခေတ်လူများအတွက် ပဌမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်၊ စစ်အေး (ဆိုဗီယက်ရုရှားနှင့်အမေရိကန်)၊ အာရပ်-အစ္စရေးစစ်ပွဲ(၄)ခုတွင် အစ္စရေးများ ဆက်တိုက်အနိုင်ရရှိခြင်း၊ ကိုးရီးယားစစ်ပွဲ၊ ဗီယက်နမ်စစ်ပွဲ၊ ဆိုဗီယက်ကွန်မြူနစ်ပြိုကွဲပြီးနောက်ပိုင်း ယခုတိုင်အကြမ်းဖက်စစ်ပွဲများအကြောင်း၊ အာဖကန်နစ္စတန်၊ အီရတ်စစ်ပွဲများဖြင့် စစ်ပွဲများအကြောင်း ၅မျက်နှာရေးသားထားပါသည်။  ၆၆၆ တံဆိပ်ခတ်မည်၊ ခရစ်တော်အတုများ (၇မျက်နှာ - ၁၉၂၀မှာယခု၂၀၁၁အထိ ပေါ်လာခဲ့သူများအကြောင်း)၊ နောက်ပိုင်း အနာဂါတ်စစ်ပွဲများအတွက်စစ်တိုက်မည် (၆မျက်နှာ)၊ ငလျှင်လှုပ်မှုများလာခြင်း၊ မိစ္ဆာပရောဖက်များ (၆မျက်နှာ) ရေးသားတင်ပြထားပါသည်။

နောက်ဆုံး ၄မျက်နှာတွင် ဗိမာန်တော်ပြန်ဆောက်မည်အကြောင်း၊ သင်္ဘောသဖန်းရွက်နုပေါက်မည် (အစ္စရေးနိုင်ငံ၊လူမျိုးများ ယခု ဘုရားကိုမေ့နေရာမှ ပြန်လည်နိုးကြား လာမည့်အကြောင်း)၊ ယေရုဆလင် အရှေ့ဖက် တံခါးပေါက် ပိတ်ထားခြင်း အကြောင်း ရေးသားထားပါသည်။

ဗိမာန်တော်ပြန်ဆောက်မည် (မ ၂၄း၁၅) ကို
- ဘီစီ၉၃၀ (လွန်ခဲ့သောနှစ်၃၀၀၀ခန့်က) ရှောလမွန်မင်းကြီးစတင်တည်ဆောက်ခဲ့ခြင်း၊
- ဘီစီ၅၈၆ ဗာဗုလုန်များဖျက်ဆီးခြင်း၊
- ဘီစီ၅၁၅ ဒုတိယဗိမာန်တည်ဆောက်ခြင်း၊
- အေဒီ၇၀ ရောမစစ်သားများဖျက်ဆီးခဲ့ခြင်း၊
- အေဒီ၆၉၁ မူဆလင်များဗလီဆောက်လုပ်ခြင်း၊
- ၁၉၆၇ အစ္စရေးများကပြန်လည်သိမ်းပိုက်ခဲ့ခြင်း၊
- ၁၉၉၅ ဗိမာန်တော်ပြန်လည်ဆောက်ရန်ပစ္စည်းစုဆောင်းခြင်း
စသည်ရာဇ၀င်များကို ဖတ်နိုင်ပါသည်။

စစ်ပွဲများအကြောင်းတွင် ပေရသိ(ပါးရှားဟုခေါ်သောယခုခေတ်အီရန်နိုင်ငံ)၊ ဂေါမာ(ယခုခေတ် တူရကီနိုင်ငံ)၊ ဖုတ(ယခုခေတ်လစ်ဗျားနိုင်ငံ)၊ ကုရှ(ယခုခေတ် အီသီယိုပီယားနိုင်ငံ) များအကြောင်း၊ နောက်ဖြစ်မည်စစ်ပွဲများတွင် ထိုနိုင်ငံများနှင့် ယခုခေတ်ရုရှားနိုင်ငံတို့ ပူးပေါင်းပြီး က္ကုသရေလ (ယခုခေတ် အစ္စရေးနိုင်ငံ)ကို တိုက်ခိုက်မည့်စစ် မာဂေါဂတည်း ဟူသော စစ်ပွဲ၊ ဒမသက်မြို့ (ယခုခေတ် ဆီးရီးယားနိုင်ငံမြို့တော် ဒမတ်စကပ်) ပျောက်ကွယ်သွားမည့်အကြောင်း၊ ဆာလံ၈၃ ဂေါဂမာဂေါဂစစ်ပွဲအကြောင်း၊ အစာငတ်မွတ်ခေါင်းပါးမည်၊ ၆၆၆တံဆိပ်ခတ်မည်၊ ခရက်တစ်ကဒ် ဂဏန်း၁၈လုံးသည် ၆သုံးလုံး ပေါင်းထားကြောင်း၊ မိုက်ကရိုချစ်များကို လက်ဖမိုးတွင်ထဲ့ထားခြင်း၊ ဘုရားအမျက်တော်နေ့၊ တသိန်းလေးသောင်းလေးထောင်၊ များစွာသောလူများကယ်တင်ခြင်းသို့ရောက်ခြင်း..စသည်တို့ကို တိုရင်း၊လိုရှင်း ရေးသားထားပါသည်။

နောက်ဆုံးတွင်  ဗိမာန်တော် အရှေ့ဖက်ဂိတ်တံခါးကို ပြန်ဖွင့်ချိန်သည် ဒုတိယ အကြိမ်ကြွလာ ချိန်ဟု ယုံကြည်ကြပုံများကို ရေးသား အဆုံးသပ်ထားပါသည်။

စာအုပ်မှာ အမေရိကန်ပြည်ထောင်စုတွင်ပုံနှိပ်ထုတ်ဝေပြီး၊ စာရေးသူကိုယ်တိုင် ကွန်ပြူတာစာစီစာရိုက်သည်။ ဇွန်၊၂၇၊ ၂၀၁၁တွင် ပုံနှိပ်ထုတ်ဝေသည်။ အဖုံးဒီဇိုင်း-ဆလိုင်းသွှအောင်၊ မြေပုံများရေးဆွဲသူ-သားကြီးယေယမိတို့ဖြစ်သည်။ စင်ကာပူအတွက် ဆရာအောင်နိုင် (မုရန်၊ကျမ်းစာလေ့လာခြင်းရေးသားသူ) ဖြန့်ချိပေးသည်။

Rev.Moses R.Cung
305 Adam Rd.
Frederick, MD 212701, USA
This email address is being protected from spambots. You need JavaScript enabled to view it.
301-663-0168 (Home)
240-367-5366 (Cell)   June 27,2011