သခင့်စကား ၀ိညာဉ်ရေးရာစာစောင် အမှတ်၁၃၂၊ သြဂုတ်လ၊ ၂၀၁၂ - မင်းအောင်သက်လွင်

သခင့်စကား ၀ိညာဉ်ရေးရာစာစောင် အမှတ်၁၃၂၊  သြဂုတ်လ၊ ၂၀၁၂
နိုင်ငံတကာမှမြန်မာခရစ်ယာန်နှင့်မိတ်သဟာရများအတွက် အခမဲ့ဖြန့်ရန်ကန့်သတ်ထုတ်ဝေသည်။

Click Here to Download LW132
http://thelordword.com/documents/lw082012.pdf

ကဗျာများ
စင်ကာပူဂျင်-၃ မင်းအောင်သက်လွင်
လိုချင်သောဆု (Thian Hnem Par) သဲမြတ်မွန်
ဘဝရဲ့ အလင်းရှင် ယော ၁၄း ၆။ (က.န.ခ) နန်းရထိုက်
လေလှိုင်းအိမ်ဖွဲ့ သက်ထားခိုင်


မျက်ရည်များနဲ့အတူ(သို့)ကျေးဇူးတင်ပါတယ်သခင့်စကား JunJoy (Thomson)
နှလုံးသားအသစ် မလေး(တပ်ကြီးကုန်းအသင်ေးတာ်)
လေလှိုင်းအိမ်ဖွဲ့ သက်ထားခိုင်
တစ်ကစ ကောလင်းသူ
Love message Mary(ဖျာပုံ)
နာဂစ်ကဗျာ (စာဆို-ကျွန်တော်ခင်)

 

သက်သေခံချက်နှင့်ဆောင်းပါးများ
ဘုရားသခင်နဲ့ဝေးသောအသက်တာ မြို့မိအေး
True Love နော်အဲ (ကိုင်းပြင်ကြီး ကရင်နှစ်ခြင်း အသင်းတော်)
ယုံကြည်ခြင်းဖြင့်ဆုတောင်းခြင်း (Naw Hel Lay Say)
တစ်နှစ်ပြည့် ကျေးဇူးတော် ချီးမွမ်းခြင်းသက်သေခံချက် ရွှေသန်းဦး
ကိုယ်တော်ကို စိတ်နှလုံး အကြွင်းမဲ့ ကိုးစားကြပါစို့ Thian Hnem Par
သက်သေခံချက် မကြီး
သက်သေခံချက် မေရီ(ခ) မာလာ
ကြယ်ကလေး (သံတောင်)
အဖိုးအိုသုံးယောက် (မင်းအောင်သက်လွင်)

Click Here to Download LW132
http://thelordword.com/documents/lw082012.pdf


Min Aung Thet Lwin , Blk 76A, #30-02 Red Hill Road, S’pore 151076.
Email; This email address is being protected from spambots. You need JavaScript enabled to view it. [facebook; lord’s word, lord’s heart.] {www.thelordword.com}

အဖိုးအိုသုံးယောက် (မင်းအောင်သက်လွင်)
တစ်နေ့သော အခါမှာ မိန်းမ တစ်
ယောက်ဟာ သူ့ အိမ်ရှေ့ မှာ မုတ်ဆိတ်မွှေး
ဖြူဖြူ နဲ့ မတ်တပ်ရပ် နေတဲ့ အဖိုး အို
သုံးယောက်ကို တွေ့လိုက်ရပါတယ်။ သူတို့ကို
အိမ်ထဲ ဝင်လာဖို့ ဖိတ်ခေါ်ပြီး အစားအစာ
ကျွေး ပေမဲ့ မင်းရဲ့ ယောက်ျား မရှိရင် တို့ ဝင် မလာဘူးလို့ အဖိုးအို
သုံးယောက်က ပြန်ပြောပါတယ်။
ညနေစောင်းလို့ ယောက်ျားဖြစ်သူ ပြန်လာတဲ့အခါမှာ
မိန်းမက အဖိုးအိုတွေ အကြောင်း ပြောပြတော့ ယောက်ျားဖြစ်သူက
အဖိုးတွေကို အိမ်ထဲဖိတ်ခေါ်ဖို့ ခွင့်ပြု လိုက်ပါတယ်။ မိန်းမက
အဖိုးအိုတွေကို ဖိတ်ခေါ်တဲ့အခါမှာ အဖိုးအိုသုံးယောက်က သူတို့
ကိုယ် သူတို့ မိတ်ဆက်ကြပါတယ်။
ငါက ချမ်းသာ။ သူက အောင်မြင်။ နောက်ဆုံးလူကတော့
မေတ္တာ ပါ။ ငါတို့ သုံးယောက် အတူတူအိမ်ထဲဝင်လို့မရဘူး။
မင်းကြိုက်တဲ့ သူကို အရင်ဖိတ်ပါတဲ့။ မိန်းမ ဖြစ်သူက အိမ်ပြန်လာပြီး
ယောက်ျားနဲ့ တိုင်ပင်ပါတယ်။ ယောက်ျားတို့ ထုံးစံအတိုင်း ချမ်းသာကို အရင် ဖိတ်ဖို့
ဆုံးဖြတ်ပေမဲ့ မိန်းမက အောင်မြင်ကို သဘောကျနေပါတယ်။ အိမ်ထောင့်မှာ ချောင်း
နားထောင်နေတဲ့ သူတို့ ချွေးမက မေတ္တာကို ဖိတ်ဖို့ ဝင်အကြံ ပေးပါတယ်။
နောက်ဆုံးချွေးမ ဖြစ်သူ စိတ်ကြိုက်ဖြစ်တဲ့ မေတ္တာ ဖြစ်သူကို အရင် ဖိတ်ဖို့
ဆုံးဖြတ် သဘောတူလိုက်ကြပါတယ်။ ရှင်တို့ထဲက ဘယ်သူဟာ မေတ္တာလဲ အရင် ဝင်
လာပါ။ လို့ပြောလိုက်တဲ့အခါမှာ အဖိုးအိုသုံးယောက်စလုံး အိမ်ထဲကို တန်းစီ ဝင်လာပါ
တယ်။ မိန်းမက ကျမ ဖိတ်တာ မေတ္တာ တစ်ယောက်တည်းကိုပါ။ ကျန်တဲ့ လူတွေ
မပါဘူးလေ လို့ဆိုလိုက်တော့။
ကျန်တဲ့ အဖိုးအို နှစ်ယောက်က ငါတို့နှစ်ယောက်ကို မင်းသာ အရင်
ဖိတ်ခဲ့ရင် ငါတို့က တစ်ယောက်ချင်း စီဘဲ လာလို့ရပေမဲ့၊ မေတ္တာကို မင်းအရင်
ဖိတ်ခေါ်ခဲ့ရင်တော့ ငါတို့ အတူတူ ဝင်လာလို့ ရတဲ့ လျှို့ဝှက်ချက်ရှိတယ်။ အခုတော့
မင်းတို့က တို့ရဲ့ လျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်တဲ့ အတွက် မင်းတို့အိမ်မှာ ငါတို့ 
သုံးယောက် စလုံး တပြိုင်တည်း အတူတူ ဝင်လာပြီး နေမယ် တဲ့။ ။

(ဝန်ခံချက်။ မိတ်ဆွေ တစ်ဦးမှ တဆင့်ပေးပို့သော အီးမေးလ်မှ ရရှိသော စာမူ တစ်ပုဒ်အား ဆီလျော်
အောင် မြန်မာဘာသာ ပြန်ဆိုထားခြင်း ဖြစ်ပါသည်။)