ဘီလီဂရေဟမ်ရဲ့ တရုပ်ပြည်မစ်ရှစ်ခရီး သက်သေခံချက်စာအုပ်

ကျားမကြီးကိုက်ဖဲ့ခံရသူရဲ့ကယ်တင်ရှင်

တရုပ်ပြည်မှာ မွေးဖွား၊ ကြီးပြင်းခဲ့တဲ့ ကျွန်တော့ဇနီးသည်က သူမငယ်ငယ်တုံးက ကျားရဲသတ္တ၀ါများ တောတောင်တွေမှာ နေတယ်လို့ဆိုပါတယ်။ မိန်းမတစ်ယောက် မြက်ရိတ်တံဇင်နဲ့ မြက်ရိတ်ရင်း ကလေးငယ်လေးကို ကျောပိုးထားတယ်။ နောက်ကလေးငယ်တစ်ယောက်ကတော့ သူမဘေးကလမ်းလျှောက်နေတယ်။ မြက်ရိတ်ရင်း တောင်ထိပ်ရောက်ချိန်မှာ ကျားဟိန်းသံကြားလိုက်တယ်။ အလွန်ကြောက်သွားတဲ့ အဲဒီမိန်းမဟာ လှည့်ကြည်တော့ ကျားမကြီနဲ့၊ ကျားပေါက်ကလေး နှစ်ကောင်ကို တွေ့လိုက်ရတယ်။

ဒီမိန်မဟာ ဘုရားကျောင်းတစ်ခါမှ မသွားဖူးတဲ့အပြင် ကျမ်းစာအုပ်ကို မြင်တောင်မမြင်ဖူးပါ။ ဒါပေမဲ့ တရုပ်ပြည် မစ်ရှင်အဖွဲ့တစ်ဖွဲ့ပြောပြတဲ့  "ဒုက္ခရောက်နေချိန်မှာ ယေရှုဟာ ကယ်တင်တယ်"  ဆိုတဲ့ ယေရှုအကြောင်းကိုတော့ နားထောင်ခဲ့ဖူးပါတယ်။ သူမရဲ့ လက်မောင်း နဲ့ ပုခုံးကို ကျားမကြီးကိုက်ဖဲ့နေချိန် အဲဒီမိန်မဟာ ဘာမှမတတ်နိုင်တော့ပါဘူး .. "အိုး.. ယေရှု၊ ကယ်ပါ...." လို့ပဲ တမ်းတနိုင်ပါတယ်။ ရုတ်တရက် သားရဲသတ္တ၀ါကြီးဟာ နောက်လှည့်ပြေးသွားပါတယ်။

ကျမ်းစာမှာ သွားလေရာရာ၌ သင့်ကိုစောင့်ရှောက်စေခြင်းငှာ၊ ကောင်းကင်တမန်တို့အား သင့်အဘို့ မှာထားတော်မူသည်ဖြစ်၍၊ ဟု ဆာလံ ၉၁း ၁၁ မှာတွေ့နိုင်ပါတယ်။ ဘုရားရှင်ဟာ ကောင်းကင်တမန်များကို ဒီ..သနားစရာကောင်းတဲ့ ကလေးအမေ မိန်မကို ကယ်လိုက်သလား ?



သမီးငယ်၊ ကောင်းကင်တမန်လား

နောက်ထပ် မစ်ရှစ်ဆရာဝန်တဦး အတွေ့အကြုံပါ။   ညနက်အချိန်မှာ၊ ဆရာဝန်အိမ်ကို အသက်၁၀နှစ်ကျော်အရွယ်သမီးငယ်တစ်ယောက်က တံခါးလာခေါက်ပြီး။ ပင့်ခေါ်ပါတယ်။ သူ့အမေ အသည်းအသန်ဖြစ်နေလို့ ကယ်ပါဦး၊ လာကြည့်ပါဦး .. လို့ခေါ်တော့ အိပ်မှုန်စဖွား ဆရာဝန်က ဆေးအိပ်ဆွဲပြီး၊ ကလေးမလေးခေါ်တဲ့နောက်ကို လိုက်သွားပါတယ်။ တဲအိမ်တခုမှာ မိန်းမတယောက် မေ့မျောနေတာကို တွေ့ရပါတယ်။ အပူကျအောင်လုပ်ပေး၊ အရေးပေါ်ကုသနည်းတွေနဲ့ ပြုစုပေးရပါတယ်။ 

တနာရီလောက်ကြာချိန် လူနာသတိလည်လာပါတယ်။ ဆေးတိုက်ပေးတာခံယူနေတဲ့ အဲဒီနာမကျန်းဖြစ်နေတဲ့ မိန်းမက .. အိုး..ဆရာဝန်ရယ်..ဘယ်လိုလုပ်ပြီး အဖေါ်မဲ့နေမကောင်းဖြစ်နေတဲ့ ..ကျမဆီရောက်လာရပါသလဲ .. လို့မေးပါတယ်။ မင်းရဲ့သမီးလေး လာခေါ်တာလေ ..လို့ ဆရာဝန်ကဖြေလိုက်တော့ မိန်းမခမျာ အလွန်အံ့အားသင့်တဲ့မျက်နှာနဲ့ ..  ကျမသမီးလေး... ဟုတ်လား.. သူ သေဆုံးသွားတာ တစ်ပါတ်ပဲရှိသေးတယ် ..မဖြစ်နိုင်ဘူး..လို့ပြောပါတယ်။

ဆရာဝန်က ပျာယီးပြာယာနဲ့ လာခေါ်တဲ့ ကလေးမကို လိုက်ရှာတယ်။ မတွေ့တော့ပါဘူ။ ကလေးမလေး ၀တ်ထားတဲ့ အနွေးထည်လေးပဲ ကျန်ရစ်တယ်။ အဲဒါ လာခေါ်တဲ့ကလေးမလေး ၀တ်တဲ့ အင်္ကျီပါပဲ ဆိုပြီး ကောက်ယူစမ်းကြည့်လိုက်တယ်။ ကလေးမလေး ချွတ်ထားတဲ့ အင်္ကျီလေးဟာ နွေးနေဆဲပါပဲ။

ဆက်လက်ဖေါ်ပြပါမည်။

Angels: God's secret agents by Billy Graham