ကျွန်တော်ချစ်မိတဲ့အပြင်းစားမိန်းမတစ်ယောက်အကြောင်း



ဒီနေ့အလုပ်ကနေပြန်လာတော့ လူက ရေလည်ပင်ပန်းနေတယ်။ စိတ်ဖိစီးမှူ့တွေကြောင့်လည်း နေမှာပေါ့။ ပြောရရင်တော့ ကျောင်းရယ် အလုပ်ရယ် ရည်းစားရယ် ကိုယ်ရေးကိုယ်တာရယ်ကို ညီမျှအောင်ခွဲရင်း ခေါင်းမူးသွားတာလည်းပါတယ်။ပြီးတော့ အလုပ်ကပေးတဲ့ စိတ်ဖိစီးမှူ့။ မနက်ကနေ ညနေထိ လိမော်ရည်တစ်ခွက်သောက်ပြီး ဘယ်လိုနေလည်း ကိုယ့်ဟာကိုယ်တောင် စဉ်းစားမရဘူး။ အဝတ်အစားတွေကို ဝတ်တရားမပျက်ချွတ်ပြီး ရေချိုးမလို့ဘောင်းဘီတိုလေးနဲ့ ထိုင်ပြီး ခဏဆေးလိပ်သောက်ပြီး ငိုင်နေတုန်း မေမေပြောမိတာလေးတစ်ခုကိုသတိရမိတယ် ။ "တကယ်လို့ သူများက ကိုယ့်ရဲ့အိပ်ကိုဖွင့်နေရင် ဒီအတိုင်းလေးပဲ မမြင်သလိုနေလိုက်ပါတဲ့။တကယ်လို့ ဒေါ်လာ၁၀လောက်ပဲရှိတယ်ဆိုရင် ဒီအတိုင်းပဲနေလိုက်ပါတဲ့။ တကယ်တော့ဒေါ်လာ၁၀လောက်က ဘာမှအရေးမကြီးဘူး။ ကိုယ်ကဒီအတိုင်း ဖမ်းသလိုကြီး ကိုယ်မြင်မှန်းသူသိသွားရင် သူ တစ်သက်လုံး အရမ်းရှက်သွားလိမ့်မယ်။ပြီးတော့ သူကိုယ့်ကိုတွေ့တိုင်း မျက်နှာခြင်းဆိုင်ရခက်နေလိမ့်မယ်တဲ့။ တကယ်လို့ ကိုယ့်အတွက်အရေးကြီးတာတွေပါနေမယ်ဆိုရင်တော့ ဘာလုပ်နေတာလည်းလို့မမေးပဲနဲ့ ဘာရှာနေတာလည်းဟင်လို့ မသိသလိုလေးပဲမေးပါတဲ့။ တွေးမိတော့ ကျွန်တော် မခြိပြုံးလေးပြုံးမိတယ်။ သူများအတွက်စဉ်းစားလွန်းရင်လည်း ကိုယ့်နေရာလေးပျောက်ဆုံးတတ်မှန်းပေါ့။

မေမေက   ကိုယ့်အနားကိုရှောက်လာပြီး ကိုယ့်ရဲ့ပခုံးကိုဖွဖွလေးဖက်ပြီးဘာမှမမေးပဲ ပုံးပြုံးလေးနဲ့ပြောတယ်။ သားတစ်ယောက်တည်းမဟုတ်ဘူးနော် လူတိုင်းပါပဲတဲ့ ။ဘယ်လောက်ပဲ စိမ်းလမ်းတဲ့တောအုပ်ကြီးပဲဖြစ်ဖြစ် ဘယ်လောက်လှပတဲ့ ပန်းခင်းပဲဖြစ်ဖြစ် အနီးကပ်ကြည့်လိုက်ရင်တော့ ပြိုလည်းနေတဲ့အပင်တွေ အမှိုက်သရိုက်တွေပြည့်နေတဲ့အပိုင်းတွေ ညိုးနွမ်းနေတဲ့အပိုင်းတွေတော့ ရှိတာပဲလေ တဲ့။ :)အဲ့ဒီတော့ ကိုယ်လည်း ခေါင်းကုတ်ပြီးရယ်ပြီးပြောလိုက်တယ်

"ဘဝကရယ်စရာကြီးပါ မေမေရယ်"လို့။မေမေက  ဟက်ဟက်ပက်ပက်ရယ်လိုက်တယ်။  အဲ့ဒီတော့ သတိထားမိတာက မေမေက အလွန်ရယ်ခဲပြီး ရယ်လိုက်ရင်သိပ်လှတယ်။ တကယ်တော့ မေမေက မိန်းမသိပ်ဆန်ပြီး နုညံ့တဲ့အမျိုးသမီးတော့မဟုတ်ဘူး ။ ဘာမဆို သူများထက်အမြဲသာအောင် ကျိုးစားတတ်သူ။ပြန်သတိထားမိတော့ ကိုယ်လည်း အဲ့ဒီလိုလူမျိုးဖြစ်လာတယ်။အဲ့ဒီအတွက် တစ်ခါတလေမှာ ပိုစိတ်ပင်ပန်းရမှန်း သတိထားမိလာရဲ့။

မေမေ့ရဲ့ပြောဆိုသင်ကြားမှူ့ကြောင့်ပါပဲ ကျွန်တော်ကအလုပ်နဲ့ကိုယ်ရေးကိုယ်တာနဲ့လုံးဝမရောထွေးအောင် နေတတ်ခဲ့တယ်။ပထမဆုံးရည်းစားနဲ့ပိုးဆိုးပက်စက်ကြီး ပြတ်တုန်းကတောင် အစည်းအဝေးခန်းထဲမှာ ဟာသတွေပြောပြီး ရယ်နေနှိုင်တဲ့သူပါ။ရင်မနာဘူးရယ်လား မဟုတ်ဘူးနော် အသဲမကွဲဘူးလားမဟုတ်ဘူး သွေးစိမ်းရှင်ရှင်ထွက်နေသလိုပါပဲ ဒါပေမဲ့ အလုပ်နဲ့ personal ကို ကျွန်တော် မရောထွေးဘူး။မချစ်တတ်တာလည်းမဟုတ်ဘူး ကိုယ့်လောက်ချစ်တတ်တဲ့သူကိုယ်ပဲရှိတယ်။ ဒါပေမဲ့ ကျွန်တော် အ လို့ ချစ်တာတော့မဖြစ်ခြင်ဘူးလေ။အမဲရောင်ကိုပြပြီး ဒါကအဖြူပါလို့ဇွတ်လိမ်တိုင်းခံရအောင်ကိုယ်က ကလေးလည်းမဟုတ်။ အဲ့ဒီအတွက် အချစ်ကို မျက်စိမှိတ်ကိုးကွယ်လိုက်မယ်ကြံတိုင်း ကိုယ့်ရဲ့ပညာအရည်အခြင်း ကိုယ့်ရဲ့ရာထူး ပြီးတော့ ကိုယ့်ကို အစစအရာရာ ငယ်ငယ်ကတည်းက သင်ကြားခဲ့တဲ့ မေမေ့ကို အားနာလို့ လုံးဝမလုပ်ဖြစ်ခဲ့ဘူး။ မေမေပြောခဲ့ဘူးပါတယ်။



မေမေကပြောတယ် အချစ်က အလို့ ချစ်လို့ အချစ်လို့ခေါ်တာတဲ့။တကယ်လို့ မအရင်တောင်မှ ချစ်လိုက်ရင် အခြင်ယောင်ဆောင်ပေးလိုက်ရတဲ့ အခါလေးတွေရှိတယ်တဲ့။ဟုတ်တော့လည်း ဟုတ်တယ် အဲ့ဒီနောက်တော့ ကျွန်တော် ချစ်ဖို့ကို တော်တော်လေး စိတ်ကုန်သွားတယ်။ အမြဲလိုပါပဲ ကျွန်တော်က  cold blood animal လို့ပဲ ခေါ်မလား အေးတိအေးစက်နဲ့ခံစားချက်မရှိသလိုကြီး နေတတ်တယ်။  အရမ်းနွေးထွေးတဲ့လက်ပိုင်ရှင်တွေကိုသဘောကြတယ်။ ကျွန်တော့ရဲ့လက်တွေက တနေ့မှာ၂၄နာရီလောက် အေးစက်နေတတ်လို့။အဲ့ဒီနွေးထွေးတဲ့လက်တစ်စုံရဲ့ ဆုပ်ကိုင်းမှူ့ကိုခံရတဲ့နောက်မှာ ကျွန်တော့ရဲ့လက်ကလေးတွေနွေးထွေးလာတယ်။ကျွန်တော်နွေးထွေးမှူ့ဆိုတဲ့အကြောင်းကိုစတင်သိရှိလာတယ်။သက်တောင့်သက်သာရှိတယ်။ လုံခြုံမှူ့ကိုခံစားရတယ်။ ပြီးတော့ အချစ်လို့ထင်တယ်။အဲ့ဒီအကြောင်းကိုတနေ့တော့ ကော်ဖီသောက်ရင်းနဲ့ မေမေ့ရဲ့လက်ကလေးတွေကိုဆုပ်ကိုင်ပြီး ဝမ်းသာအားရနဲ့ အရုပ်အသစ်ရတဲ့ကလေးလေးတစ်ယောက် အမေကိုကြွားသလိုပြောပြတော့ မေမေကပြုံးတယ်။သိပ်နွေးထွေးတဲ့သူတစ်ယောက် မေမေ့မှာရှိခဲ့ဘူးပါတယ်တဲ့။သေခြာတာကတော့ လူတိုင်းအတွက်နွေးထွေးနေစေတယ်ဆိုရင် ကျွန်တော် လိုခြင်နေရင်တောင်မှ မလိုခြင်သလိုလေးပဲနေမယ်လို့ ကျွန်တော်က ဝမ်းနည်းပြီးပြောတော့လည်းမေမေက မရောင့်ရဲတတ်တာလား ကိုယ်ဒီထက်ပိုပြီး deserve ဖြစ်တယ်လို့ခံစားရလို့လားဆိုတာ စဉ်းစားပါလို့ပဲပြောတယ်။ အဲ့ဒီနောက်ကျွန်တော်သတိထားမိတာကအဲ့ဒီနေ့က ကျွန်တော်တို့နှစ်ယောက်စလုံးရဲ့လက်ကလေးတွေက ကော်ဖီပူပူခွက်ကလေးကိုကိုင်ထားတာတောင်မှ အေးစက်နေမှန်း။ 

ငယ်ငယ်ကကျောင်းမှာရန်ဖြစ်ရင် ကိုယ်ကအရင်ဆုံး လက်သံပြောင်ပြောင်နဲ့လက်စွမ်းတွေပြထည့်လိုက် နောက်တော့ သူဘောကိုယ်ဘေနဲ့ ရုံးခန်းရောက်ရင် မေမေကအမြဲကျောင်းလာရတယ်။အဲ့ဒီအခါမှာ မေမေကအရင်ဆုံး ကိုယ်နဲ့ရန်ဖြစ်တဲ့ကလေးကိုအရင်ဆုံးတွေပြီး ချော့တယ်။ အဲ့ဒါဆို ကိုယ်ကစိတ်အကြီးအကျယ်ကောက်ပြီပဲ။ ဒါပေမဲ့ အဲ့ဒီကလေးရဲ့မိဘတွေကလည်း မေမေ့ကိုအားနာပြီး ခင်မင်ရင်းကလည်းရှိတော့ ကြေအေးသွားတာများတယ်။ အဲ့ဒီနောက်မှာ ကိုယ်စိတ်ကောက်နေမှန်းသိတော့ မေမေက ကျောင်းကနေနေ့တဝက်ခွင့်တိုင်ပေးပြီး အပြန်မှာ ရုပ်ရှင်လိုက်ပြ ပေါက်ပေါက်ဆုပ်ဘူးအကြီးကြီးနဲ့ ပက်စီပါဝယ်ပြီး သားအမိနှစ်ယောက် ရုပ်ရှင်ကြည့် အပြန်မေမေမောင်းတဲ့ကားပေါ်မှာကိုယ်က ခွေခွေလေးအိပ်ရင်းနဲ့ ပြန်ပါလာ။ မိုးလင်းတော့မှ ကိုယ့်အိပ်ယာပေါ်ရောက်နေမှန်းသတိရတယ်။ ဒီအကြောင်းလေးတွေကတွေးမိတိုင်း အရမ်းပျော်ခဲ့တဲ့အတိတ်ကလေးတွေပါ။မေမေကပြောတယ် "တကယ်တော့အတိတ်ကိုပြန်တွေးလိုက်တော့ အမှားတွေကအများကြီးပဲ။ မှားတာမှပိုးဆိုးပက်စက်ကို မှားခဲ့တာတွေအများကြီးပဲ ဒါပေမဲ့ အဲ့ဒီအမှားတွေကို ပွင့်ပွင့်လင်းလင်းပြောရဲတယ်။ ဟာသတစ်ခုအနေနဲ့လည်း ပြန်တွေးရင်ရယ်နှိုင်တယ်။ " တဲ့ ။ ဟုတ်ကဲ့ ကျွန်တော်လည်းဒီလိုပဲဖြစ်ခြင်ပါတယ်။   ပြောလိုက်ကျွန်တော်ကလည်း အဲ့ဒီလိုပဲနေတယ်။ အမှားလုပ်မိမှာမကြောက်ပါနဲ့ပြီးတော့ "SORRY i won't do it again"လို့ ကတိသာပေးရင် မေမေက လက်ခံနှိုင်တဲ့သူပါတဲ့။ အခုတော့ ကျွန်တော်တို့သားအမိနှစ်ယောက်စလုံးအလုပ်တွေအရမ်းများသွားပြီ။ မေမေကလည်း သူ့ရဲ့အလုပ်တွေနဲ့ ကျွန်တော်ကလည်း အလုပ်နဲ့ကျောင်းနဲ့ရည်းစားနဲ့ ပတ်ခြာရိုက်ရင်းနဲ့ တကယ်ကိုအရင်လိုရုပ်ရှင်ကြည့်ဖို့မပြောနဲ့ ဒင်နာစားဖို့တောင် တစ်ပတ်နှစ်ပတ်လောက် ကြိုချိန်းနေရပြီ။ ဒါပေမဲ့ အရင်လိုပါပဲ မေမေကကျွန်တော့ရဲ့သူငယ်ချင်းကောင်းတစ်ယောက်ပါပဲ။ အရင်လိုပဲ ဘာမဆိုဖွင့်ဟတိုင်ပင်နေကြ အတူကလပ်တက်ဖော်တက်ဖက် ပါတီဆိုလည်း နှစ်ယောက်သားဒိုးလိုက်ကြပဲ။ သေခြာတယ် ကျွန်တော် မကြွားတတ်ပါဘူး။ ကြွားလို့ရရင်ကြွားခြင်တာက ကျွန်တော့မှာ  မေမေတစ်ယောက်ရှိတယ်ဆိုတာပဲ။

TAKA

https://www.facebook.com/TOY.SOLIDER
Posted by Uncle TaKa (အန်ကယ် တာကာ) on July 20, 2012 at 2:33am