သခင့်စကားစာစောင်-အမှတ်၁၂၉ (May2012) နှင့် ( မိန်းမ ချီပိုး အပြေးပြိုင်ပွဲ ) မင်းအောင်သက်လွင်


မင်းအောင်သက်လွင်

ကြံကြံဖန်ဖန်ပါ။ မိန်းမကို ချီပိုးပြီးအပြေးပြိုင်တဲ့ ပွဲပါ။ Sneem , Kerry,Ireland မှာလုပ်တဲ့ ပွဲ ဖြစ်ပါတယ်။ အောက်တိုဘာ ၂ဝ၁ဝ ခုနှစ်တုံးက CHANNELNEW ASIA တီဗီလိုင်းက ပြတဲ့ သတင်းပိုင်း တိုလေး ဖြစ်ပါတယ်။ ကိုယ့်မိန်းမကိုကိုယ်က ချီပိုးပြီး ထမ်းပြေးရတဲ့ ပြိုင်ပွဲဖြစ်ပါတယ်။ ကိုယ့်မိန်းမကို ကိုယ်ကရိုးရိုးတန်းတန်း ချီပိုးရတာ မဟုတ်ပါ။ ကိုယ်ခန္ဓာ ဇောက်ထိုး အနေအထားနဲ့ မိန်းမရဲ့ပေါင်နှစ်လုံးကို ပုခုံးပေါ် တင်ထမ်းပြီး ပြေးပွဲ ဝင်ရတာ ဖြစ်ပါတယ်။

ယောက်ျားဖြစ်သူက မိန်းမကို ဇောက်ထိုး ပုခုံးထမ်း သယ်ပြေး ရတာဖြစ်လို့အသယ်ခံရတဲ့ မိန်းမကလဲ ဇောက်ထိုး ကြီး ဖြစ်နေသလို ယောင်္ကျားဖြစ်သူကလဲ အဲဒီကိုးလိုးကန့်လန့်ကြီးကို ပုခုံးနဲ့ ထမ်းထား ရပါတယ်။ ပြေးရတာ ကလဲ သာမာန်အပြေးပြိုင်ကွင်းထဲမှာ မဟုတ်ပါ။ ခလုတ် ကန်သင်း ပေါတဲ့ နေရာ။ရွှံ့နွံဗွက်ကြားထဲမှာ၊ ဒူးဆစ်လောက်ရှိတဲ့ ရေထဲ ဖြတ်ပြေး ရတာ ဖြစ်တဲ့ အတွက်ပြိုင်ပွဲဝင် လင်မယားစုံတွဲ နှစ်ယောက်စလုံး မလွယ်ပါ။

ပြေးပွဲတစ်လျှောက် လဲကျသူ များစွာကို တွေ့ရပါတယ်။ ပန်းဝင်တဲ့ သူကတော့ တော်တော် လိုက်ဖက်ညီတဲ့ အတွဲမှ ဖြစ်မှာပါ။ တော်ရုံတန်ရုံ အနေ အထားနဲ့တော့ ဆုရဖို့ မလွယ်ကူပါ။ အိမ်ထောင်သည် ဆိုတာလဲ ပြေးပွဲဝင်နေတဲ့ သူတွေလိုပါဘ။ဲ အိမ်ထောင်ဦးစီး ယောင်္ကျား ဖြစ်သူက တည့်တည့် ထမ်းပြေးနေချိန်မှာ မိန်းမဖြစ်သူက ဇောက်ထိုး မိုးမျှော် အနေအထားနဲ့ လိုက်ရင် လိုက်ရပါမယ်။တစ်ယောက်က သန်စွမ်းသူ။ တစ်ဦးက နူးညံ့သိမ်မွေ့သူ။ တစ်ယောက်က ဖြတ်ထိုးဥာဏ်ကောင်း သူ။ တစ်ယောက် က တွေးတော ကြံဆတတ်သူ။ တစ်ယောက်ကလျှပ်တပြက် လျင်မြန်စွာ လုပ်ဆောင် သူ၊ တစ်ယောက်က ချင့်ချိန် ချိန်ဆ တတ်သူ - -- စတဲ့ ဘက် မညီ၊ အစွမ်း သတ္တိတွေ မတူ ပေမဲ့ နှစ်လွှာ ပေါင်းရင် တစ်ရွက်၊ နှစ်ချိန်(နေ့အချိန်၊ ညအချိန်) ပေါင်းမှ တစ်နေ့။ ဆိုသလို ဘယ်နဲ့ ညာ ပေါင်းမှ တစ်စုံဖြစ်ရတဲ့ လင်မယား ရယ်ပါ။

ယောင်္ကျားတိုင်း မိမိ မယားရှိစေလော့။ မိန်းမတိုင်း မိမိလင် ရှိစေလော့။ ---အချင်းချင်း ခင်ပွန်းဝတ်ကို မပယ်မရှောင်ကြနှင့်။ ၁ကော ၇း၂-၃ အိမ်ထောင်ရှင်လင်နှင့် မယား သာမက၊ အသင်းတော်ထဲမှ သင်းအုပ်ဆရာ နှင့် အသင်းတော်ကောင်စီ အဖွဲ့ဝင်(သို့) သင်းထောက်လူကြီး တွေဟာလဲ လင်မယား ကဲ့သို့သာသနာလမ်းမှာ တစ်ယောက်နဲ့ တစ်ယောက် ချီပိုးပြီး အပြေးပြိုင်တဲ့ သူတွေ နဲ့သူပါတယ်။ အသင်း တော်ထဲက အမျိုးသမီးအသင်း၊ လူငယ်အဖွဲ့၊ ဆန်းဒေး စကူးလ်ဓမ္မပညာ ကော်မီတီ။ ဧဝံဂေလိ ကော်မီတီ။ မီဒီယာ အဖွဲ့။ စတဲ့ အဖွဲ့တွေ ဟာလဲသာသနာပြုရာ လမ်း၊ အစေ ခံရာလမ်းမှာ လင်မယားချီပိုး အပြေးပြိုင်သလို တစ်ယောက်နဲ့ တစ်ယောက် ဖေးဖေး မမ၊ ကြင်ကြင်နာနာ၊ နားလည်မှု ရှိရှိ။ အပေး အယူမျှမျှနဲ့ ကိုယ်ချင်း စာနာ စိတ်။ ထောက်ထားတဲ့ စိတ်များနဲ့ အစေခံကြရမှာ ဖြစ်ပါတယ်။ တစ်ယောက်နှင့် တစ် ယောက် ဖေးမကူညီ လမ်းပြခြင်းဖြင့် သာယာသောမိမိတို့ အိမ်ထောင်၊ အသင်းတော်၊ သာသနာကို တည်ထောင်ပြီး ဘုရားအစေကိုခံနိုင်ကြ ပါစေ။ ။ မင်းအောင်သက်လွင် (ဟေဗြဲ ၁၀း၂၄။ အချင်းချင်း တစ်ယောက်ကိုတစ်ယောက် ထောက်စာ ကြည့်ရှု ကြကုန်အံ့) ။


သခင့်စကား-ကာတွန်း

မည်သူမဆို စာမူများရေးသားပေးပို့နိုင်ပါသည်။ Min Aung Thet Lwin, Blk 76A,#30-02, Read Hill Road, S’pore 151076. Email; This email address is being protected from spambots. You need JavaScript enabled to view it., Ph(+65)81222320

Download May2012 (မေလထုတ် သခင့်စကားစာစောင်) "The Lord's Word" No.129
http://thelordword.com/documents/lw129.pdf