အချစ်စစ်ဆိုသည်မှာ - လောမဲ

အချစ်စစ် (၁)

အလုပ်ရှုတ်သောနံနက်ခင်းဖြစ်ပါသည်။ အချိန်ကတော့ နံနက် ၈း၃၀။ အသက်၈၀ ခန့်ရှိ အဖိုးကြီးတဦး
သူ့လက်မမှချုပ်ရိုးပြေရန်ရောက်လာပါသည်။ နံနက် ၉ နာရီတွင် သွားစရာ Appointment ရှိသဖြင့် အမြန်
လိုကြောင်းပြောလာပါသည်။

နေရာလွတ်တခုတွင် ပေးထိုင်လိုက်လျှက် သူ့အလှည့်ရောက်ရန် တစ်နာရီခန့်လိုကြောင်း သိလိုက်ပါသည်။ လက်ရှိလူနာနှင့် အလုပ်မများသဖြင့် နာရီတကြည့်ကြည့်ဖြစ်နေသာ ထိုအဖိုးကြီးကိုကြည့်ရန်ဆုံးဖြတ်လိုက်ပါသည်။ သူ၏ဒဏ်ရာသည်ကောင်းမွန်စွာကျက်နေသဖြင့် သူနာပြုဆရာမဆီမှအပ်နှင့်လိုအပ်သည်များတောင်းလိုက်ပြီး ချုပ်ကြိုးဖြည်လျှက်သူ့ဒဏ်ရာကို ဆေးထည့်ပြန်စည်းနေပါသည်။

ဒဏ်ရာကိုကိုင်တွယ်ရင်းသူနှင့်စကားပြောဖြစ်ပါသည်။

ဆရာဝန်= “အဖိုး-နောက်ဆရာဝန်တစ်ဦးနှင့်တွေ့ဖို့ချိန်းထားတာလား”။

အဖိုးအို= “မဟုတ်ပါဘူး၊ နာမကျန်းလူအိုတွေကိုပြုစုစောင့်ရှောက်တဲ့လူအိုရုံသွားမလို့ပါ။ အဲဒီမှာအဖိုးရဲ့ဇနီးနှင့်အတူ
မနက်စာအတူစားမလို့ပါ။

ဆရာဝန်= “သြော်..ဟုတ်လား၊ သူ့ကျန်းမာရေးအခြေအနေဘယ်လိုရှိလဲ”

အဖိုးအို= “ သူအယ်ဇိုင်းမားရောဂါနဲ့ရောက်နေတာနည်းနည်းတောင်ကြာသွားပြီ။”

ဆရာဝန်= “ အဖိုးသူ့ဆီရောက်တာနောက်ကျရင်အဖွါးစိတ်ဆိုးမှာလား”

အဖိုးအို= “ ကျွန်တော့်ကိုသူမမှတ်မိတာ ၅ နှစ်တောင်ရှိသွားပြီ။”

ကျွန်တော်သည်အံ့အားသင့်လျှက် ပြောလိုက်သည်မှာ-

ဆရာဝန်= “အဖိုးကိုသူမမှတ်မိတာတောင် နံနက်တိုင်းသူ့နှင့်အတူမနက်စာသွားစားတုန်းဘဲလား”

အဖိုးအိုသည် လူငယ်ဆရာဝန်၏လက်ကိုအသာအယာပုတ်ပြီးပြောလိုက်သည်မှာ-“သူငါ့ကိုမသိလည်း သူဘယ်သူလဲ ဆိုတာ ငါကောင်းကောင်းသိတယ်လေ”ထွက်သွားသော အဖိုးအိုကိုကြည့်ရင်း ကျွန်တော်၏မျက်လုံးအိမ်ထဲသို့ မျက်ရည်များဖြင့်ပြည့်လာပါတော့သည်။ သြော်..ဒါဟာ ငါလိုခြင်နေတဲ့အချစ်စစ်အချစ်မှန်ဘဲ။ အချစ်စစ်အချစ်မှန်ကို ကိုင်ကြည့်လို့မရသလို ကဗျာဆန်ရုပ်ရှင်ဆန်စရာမလိုပါ။ ဖြစ်ပေါ်လာမည့်အရာ၊ မဖြစ်ပေါ်လာမည့်အရာအားလုံးကို လက်ခံနိုင်တာ အချစ်စစ်အချစ်မှန်ဖြစ်ပါတယ်။



အပျော်ရွှင်ဆုံးလူသားများသည် ကမ္ဘာပေါ်မှာ အကောင်းဆုံးသောအရာများကိုပိုင်ဆိုင်ရရှိထားသူများမဟုတ်ပါ။ မိမိမှာရှိနေသောအခြေအနေ နှင့် ရှိနေသောအရာအားလုံးကို အကောင်းဆုံးဖြစ်အောင်လုပ်ဆောင်နိုင်ခြင်းသည် အပျော်ရွှင်ဆုံးလူသားများဖြစ်ပါသည်။
ဘ၀သည် မုန်တိုင်းကြားထဲမှာအသက်ရှင်ရပ်တည်နိုင်ခြင်းထက် မိုးရေထဲတွင်မည်ကဲ့သို့ကရမည်ကိုသိခြင်းဖြစ်သည်။
ကျွန်တော်တို့ အားလုံးသည်တစ်ရက်ပြီးတစ်ရက်အသက်ကြီးနေသူများပါ။ မနက်ဖန်သည်သင့်အလှည့်မဟုတ်ဟု အဘယ်သူပြောနိုင်ပါသနည်း။

မေတ္တာသည် စိတ်ရှည်တတ်၏။ ကျေးဇူးပြုတတ်၏။ မေတ္တာသည် ဂုဏ်ပြိုင်ခြင်းမရှိ၊ ဝါကြွားခြင်း မရှိ၊
မာန်မာနမရှိ။ ၁ကော ၁၃း၎

 

အချစ်စစ် (၂)
ကမ္ဘာတစ်ဝှမ်းလူသန်းပေါင်းများစွာ၏ရင်ကိုရိုက်ခတ်သွားသော စာကလေးငှက်အချစ်ဇတ်လမ်းကို ပြန်လည် ဝေငှလိုပါသည်။ တရိစ္ဆာန်ပင်ဖြစ်သော်လည်း ချစ်ခြင်းမေတ္တာပြနိုင်သော စာကလေးငှက်ကြောင့် လူများစွာ မျက်ရည်လည်ခဲ့ရပါသည်။


ယာဉ်အသွားအလာများသော ကားလမ်းပေါ်ဖြတ်ပျံသဖြင့် သူ၏ချစ်သူစာဌက်ကလေးကို ကားတစ်စင်းမှ တိုက်မိသွား သဖြင့်ဒဏ်ရာအပြင်းအထန်ရရှိသွားပါသည်။



ဒဏ်ရာဖြင့်လှဲနေသောသူ့ချစ်သူဆီသို့ချစ်ခြင်းမေတ္တာ၊ စာနာစိတ်ဖြင့်အစာယူလာပြီးတတ်နိုင် သလောက် သူ့ချစ်သူကိုကူညီနေပါသည်။



နောက်တစ်ခါအစာသွားယူပြီးပြန်လာသော်အခါ သူ့ချစ်သူစာဌက်ကလေးအသက်မရှိတော့ကြောင်းတွေ့ရသဖြင့် သူ့ကိုယ် ကိုတိုက်ပြီးလှုပ်နိုးပါသည်။ သို့သော်တုန့်ပြန်မှုမရှိတော့… ထပ်ခါထပ်ခါကြိုးစားလှုပ်နိုးနေခဲ့ သည်၊ သို့သော် အသက်မရှိ တော့သည့်သူ့ချစ်သူဆီမှ ဘာတုန့်ပြန်မှုမှမရှိတော့…



အသက်ရှင်လျှက်သူ့ချစ်သူကို ဘယ်သောခါမျှမမြင်နိုင်တော့ကြောင်းသိသောအခါ စာဌက်ကလေးသည် ရင်ကွဲမတတ် အော်ငိုပါတော့သည်…



အသက်မဲ့နေသောသူ့ချစ်သူ၏ခန္ဓာဘေးတွင် ၀မ်းနည်းပူဆွေးစွာဖြင့် ခံစားနေပါသည်။

သူ့ချစ်သူသည်ဘယ်တော့မှ အသက်ပြန်မရှင်လာနိုင်ကြောင်းသိသောသွားသော စာဌက်ကလေးသည် သူ့ချစ်သူနားတွင် ကြာမြင့်စွာ အဖေါ်ပြုနေခဲ့ပါသည်။

ငါ့ပညတ်ဟူမူကား၊ ငါသည် သင်တို့ကိုချစ်သည် နည်းတူ၊ သင်တို့သည် အချင်းချင်းချစ်ကြလော့။ ကိုယ်အဆွေတို့ အဘို့ အလိုငှါ ကိုယ်အသက်ကိုစွန့်ခြင်းမေတ္တာ ထက်သာ၍ မြတ်သောမေတ္တာသည် အဘယ်သူ၌မျှမရှိ။ ရှင်ယောဟန်ခရစ်ဝင် ၁၅း၁၂-၁၃

အချင်းချင်းချစ်ခြင်းမေတ္တာမှတပါး အဘယ်ကြွေးမျှမတင်စေနှင့်။ သူတပါးကိုချစ်သောသူသည် အကျင့်တရားနှင့်ပြည့်စုံပြီ။ ရောမ ၁၃း၈

ဘာသာပြန်သူ
လောမဲ