the lord word 126 feb 2012 သခင့်စကား ၁၂၆ ဖေဖော်ဝါရီ ၂၀၁၂


ချစ်သော
ညီအစ်ကို မောင်နှမများအားလုံးအတွက်
သခင့်စကား ၁၂၆ ဖေဖော်ဝါရီလ ၂၀၁၂ ခုနှစ် ထုတ်ကို
ပေးပို့လိုက်ပါတယ်။
အစေခံလမ်းမှ
မင်းအောင်သက်လွင်
My dear Bro & Sis
The Lord's Word (LW) 126 , feb 2012.   Min Aung Thet Lwin
ဒေါင်လုပ်ယူရန်လင့်ခ်  Download Link
http://thelordword.com/documents/lw126.pdf

ဆောင်းပါးစာရင်း (မာတိကာ)

 

တဏှာနဲ့ပါဝါ - ၄ (အယ်ဒီတာ)

ဒီဇင်ဘာလရဲ့ ပထမ တနင်္ဂနွေနေ့ ပွဲတော် မင်္ဂလာ ဝတ်ပြု ကိုးကွယ်ခြင်း စည်းဝေးအတွက် ဘုရား ကျောင်း နောက်ဆုံးထိုင်ခုံမှာ ထိုင်ရင်း ဝတ်ပြု နေချိန်မှာ အသင်း တော် လူကြီးတစ်ယောက် ကျနော့်လက်ထဲကို စာတစ်စောင် လာပေးရင်း ̏ ကို အောင်သက်ရေ၊ ခုနက ကောင်မလေးတစ်ယောက် ခင်ဗျားကို လာရှာပြီး စာ တစ်စောင် လာပေးသွားတယ် ̋ လို့ပြောပါတယ်။ ̏ သူအခု မှာလဲ ̋လို့ မေး လိုက်တော့ ̏ စာပေးပြီးပြီးချင်း ဘုရားကျောင်းထဲက ထွက်သွားပြီ ̋ တဲ့။ စာအိတ် ပေါ်မှာ ̏သခင့်စကား အယ်ဒီတာကို ကျေးဇူးပြု၍ ပေးပေးပါ Thank you ̋ ဆိုတဲ့ စာတန်းလေးကို လက်ရေးခပ်သော့သော့နဲ့ ရေးထားတာ တွေ့လိုက်ရပါ တယ်။ ဝတ်ပြုကိုးကွယ်ခြင်း မစသေးတာမို့ စာအိတ်ကို ဖောက်ဖတ်လိုက်တဲ့ အခါမှာ ကောင်မလေး တစ်ယောက်ရဲ့ ဝန်ခံချက် စာမူလေးကို ဖတ်လိုက်ရပါ တယ်။ စိတ် မကောင်းမိပါ။ သူ့စာမူရဲ့ ရည်ရွယ်ချက်ကလဲ လူတွေရှေ့မှာ သက် သေခံပြီး အပြစ်ကို မဖော်ပြရဲလို့ စာပေအားဖြင့် ရေးသားကာ အပြစ်ဝန်ချ သက်သေခံရင်း နောက်လူတွေ သူ့လို မမှားဖို့ သက်သေခံတာပါတဲ့။ အယ်ဒီတာတို့ ထုံးစံ အတိုင်း လူတွေ သိရှိ နောင်တရဖို့ (တဏှာနဲ့ပါဝါ-၄) ဆိုတဲ့ ခေါင်းစဉ်နဲ့ တင် ဆက်လိုက်ပါတယ်။ ဒီစာမူကြောင့် ထိခိုက်နစ်နာစရာ အမှား အယွင်း တစ်စုံ

တစ်ရာ ပါခဲ့ရင် အယ်ဒီတာ ကျနော့်ကိုသာ အပြစ် ပုံချ လိုက်ပါတော့။ ။ အစေခံလမ်းမှ - အယ်ဒီတာ


ဝန်ချသက်သေခံခြင်း (ကောင်မလေးတစ်ယောက်)

ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။ ဘုရားသခင်ရဲ့ ကောင်းကြီး များစွာထဲက အကြီးမားဆုံး အရာတစ်ခုကို သက်သေခံချင်ပါတယ်။ ကျမ စင်ကာပူရောက်တာ ၂နှစ်ကျော်လာပါပြီ။ တစ်နေ့မှာ စာတန်နောက်ကို လိုက်ခဲ့ မိပါတယ်။ ဘာသာမတူတဲ့ သူတစ်ယောက်နဲ့ ရင်းနှီးကျွမ်းဝင်မိပြီး ချစ်ကြိုက်ခဲ့ပါတယ်။ သူက အပြော အရမ်းကောင်းတယ်။ ကျမ သူပြောသမျှ အားလုံးကို ယုံမိခဲ့တယ်။ ကျမ သူနဲ့ တွဲလို့ မကြာခင်မှာ သူတောင်းဆိုလာပါ တယ်။ သူတောင်းဆိုလာတဲ့ အရာကို ကျမ လိုက်လျောမိခဲ့တယ်။ ကျမတို့ မှားခဲ့ ကြတယ်။ အဲဒီအချိန်ကျမှ ကျမရဲ့အမှားက အမှားကြီး ဆိုတာ သိလာခဲ့ရပါတယ်။ ကျမမှာ သွေးသားအကောင်အထည် ပေါ်လာခဲ့ပါတယ်။ ကျမ သူ့ကို ပြောပြခဲ့ပါ တယ်။ ဒါပေမဲ့ သူပြန်ပြောတဲ့ စကားက ကျမ မယုံနိုင်စရာပါဘဲ။ ဒါသူ့ကြောင့် မဖြစ်နိုင်ဘူး ဆိုပြီး ငြင်းခဲ့ပါတယ်။ ကျမ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိပါဘူး။ ဒီ အကောင် အထည်ကြီးနဲ့ ကျမ ရွာပြန်လို့လဲ မဖြစ်ပါဘူး။ သူကလဲ ကျမကို တာဝန် မယူပါဘူး။ ဘုရားစကား နားမတောင်တဲ့ ကျမ ဘဝဟာ အရူးမ မီးဝိုင်း သလို ခံစားရပါတယ်။ ၁၅မိနစ်စာ တခနတာ သာယာတဲ့ သွေးသားဖောက်ပြန်မိ တဲ့ ကျမဟာ  အခုအချိန်မှာတော့ ၁၅သက်စာ ငရဲဘုံ ကျသွားသလိုပါဘဲ။ ဘုရား သခင်ကို အပြစ်ဝန်ချရင်း ကျမ စကားတွေ အများကြီးပြောခဲ့ပါတယ်။ ဆာလံ ၂၃။ ဖိလိပ္ပိ ၄း၆-၇ ကို အမြဲတမ်း ဖတ်ရွတ်ပြီး ဆုတောင်းခဲ့ပါတယ်။ ကျမ ဒီကလေးကို မယူဘူးဆိုပြီး မလုပ်သင့်တဲ့ အရာတွေကို ကျမ အကုန်လုံး ထပ်မှား ထပ်လုပ်မိခဲ့ ပါတယ်။ အဲဒီကောင်နဲ့လဲ ကျမ လမ်းခွဲခဲ့ပါတယ်။ ကျမ ဒုက္ခရောက်တဲ့ အချိန် အတော အတွင်း သူ ကျမကို လိမ်ညာခဲ့တာတွေ အများကြီးပါ။ နောက်မှ သူ့အကြောင်း ကျမ ကောင်းကောင်းသိခဲ့ရပါတယ်။ ကျမနဲ့ ကွဲခဲ့ပြီးတဲ့ နောက်မှာ အဲဒီလူဟာ နောက်ကောင်မလေးတစ်ယောက်နဲ့ တွဲနေတာကို သိခဲ့ရပါတယ်။ တခနတာ သွေးသားပျော်ရွှင်မိခဲ့မှုအတွက် ဒီတစ်သက်စာ လိပ်ပြာမသန့်တဲ့ ဘဝနဲ့ မိဘဆရာသမားများရှေ့မှာ ခေါင်းငုံ့အနှိမ်ခံရသည်သာမက ဘုရားရှေ့မှာ ရွံရှာစရာ ဖြစ်သွားတဲ့ ဘဝကို မမက်မော မသာယာကြပါနဲ့လို့ ဘဝနဲ့ ရင်းပြီး သက်သေခံ လိုက်ပါတယ်။  ကျမလို မမိုက်မှားကြဖို့ ညီမများ အစ်မများကို သက်သေခံရင်း ကျမ မှားခဲ့မိတဲ့ အမှားအတွက် ဘုရားသခင် ရှေ့မှာ ဝန်ခံ သက်သေခံ လိုက်ပါတယ်။            ။ (ကောင်မလေးတစ်ယောက်)