သခင့်ရွှေပြည်သစ် - ယုဒသန်အမျိုးသမီးမဂ္ဂဇင်း Nov2011

စင်ကာပူ၊ ယုဒသန်နှစ်ခြင်းအသင်းတော်မှ JBCWF အမျိုးသမီးမဂ္ဂဇင်း သခင့်ရွှေပြည်သစ် ထွက်လာပါသည်။ အသင်းတော်မှ စာပေစိတ်ဝင်စားသူများ ရေးသား၊ဝေငှ၊ထုတ်ဝေပါသည်။ တာဝန်ခံ အယ်ဒီတာ မင်းအောင်သက်လွင်ဖြစ်ပြီး၊ သင်းအုပ် ဆရာသြဂတ်စတတ်မှ အမှာစာ "သခင့်ရွှေပြည်သစ်" ကျမ်းပိုဒ်များဖြင့် အစပြုပါသည်။

ကဗျာများ
လွမ်းလို့နေဆဲပါ နှင့် ငါဝင်ခဲ့ဖူးတဲ့ရင်ခွင် - မလေး(ဂျူလိုင်)
ကောင်းကင်ရွှေပြည်ရောက်သည်ထိ - အေးအေးလွင် (ရေပြာလှိုင်း)
သခင်နဲ့ကျွန်တော် - မင်းအောင်သက်လွင်
ဇာတိမမ - မသေချာသူ

ဆောင်းပါးများ
အကောင်းဆုံး - အေးအေးလွင် (ရေပြာလှိုင်း)
ကိုယ်တော်နှင့်အတူ - လုဒိ
ပြည့်စုံသောအသက်ရှင်သူ - ပန်းမွှေး
စုံစမ်းနှောက်ရှက်ခြင်းကို ကြုံတွေ့ရသောအခါဝယ် - ဂျင်းအိမ်သူ
စဉ်းစားပါ၊ သင့် Mindset ထဲမှာ - Just Me
နှလုံးသားတိုက်ပွဲ - Julia (Thomson)
သခင်မ စာရာ၏ အမွေခံသမီးများ - N. Nang San
သာ၍မြင့်ရာသို့ - အိသွယ်

သက်သေခံချက်၊ အတွေ့အကြုံများ
ဖေဖေမျက်ရည် - စိမ်းနှမ
စိမ်ခေါ်နေသောဂီရိ - နွိုင်နွိုင်
သက်သေခံချက် - ဧဇရအောင်
ပေးစာ - Julya
ဒူးထောက်ခဲ့ရတဲ့ဘ၀မှတ်တိုင်များ - သင်းသင်းထူး


ရသ၊ ဗဟုသုတ
အိမ်ရှင်မ မှတ်စု - မမမာသ
ငါ့နောက်လိုက်မှာလား - မေရီ (လှသိန်း)

သွန်သင်ချက်နှင့်ဒေသနာ
သခင့်ရွှေပြည်သစ် - စောသြဂတ်စတပ် (သင်းအုပ်)
အထင်လဲမသေးနဲ့၊ အထင်လဲမကြီးပါနဲ့ - မျိုးသူ (လက်ထောက်သင်းအုပ်)
အဖြေ - မိုင်
အိမ်ထောင်မှ မေတ္တာ၊သစ္စာ - Monah-Ebenezer
သင့်သားမြေးများကို သွန်သင်ပါ - နော်သလဲဖော (ဆရာမ)
ထူးခြားသောယုံကြည်ခြင်း - မေရီ (ဖျာပုံ)
မလှုပ်နိုင်သောအရာများ - စောစံအောင် (Rev. ဆရာ)

ရယ်စရာ
ကြံကြံဖန်ဖန်မေးတဲ့အတွေး၊ ဖွားဖွားသေသေချာချာ ပြန်ဖြေပေး - သူငယ်

ပဟေဋိ - Moreen

အယ်ဒီတာအာဘော် - မင်းအောင်သက်လွင်



ရည်ရွယ်ချက်နှင့်ကျေးဇူးတင်လွှာ - Moreen

ရှေးဦးစွာ ဘုရားသခင်၏ ဂုဏ်တော်၊ နာမတော်ကို ချီးမွမ်းပါသည်။ စင်ကာပူနိုင်ငံ၊ နှစ်ခြင်းခရစ်ယာန် အသင်းတော်မှ အမျိုးသမီးများသည် ခရစ်တော်၏ နာမတော်၌ တလုံးတ၀တည်း ရှိလျှက် အသင်းတော်၏ ထမ်းရွက်စရာ ၀န်ချင်းတို့ကိုလည်း အချင်းချင်း ကူညီ ထမ်းရွက်လျှက် ရှိပါသည်။ အထောက်အမ ကောင်းများသဖွယ် အသင်းတော်မှ အားထားရသော အမျိုးသမီးများ ဖြစ်ပြီး တည်ကြည်သောယုံကြည်ခြင်း၊ စုံလင်သောမျှော်လင့်ခြင်း၊ ပြည့်ဝသောချစ်ခြင်း များဖြင့် သာ၍မြင့်ရာ "သခင့်ရွှေပြည်သစ်"  ဆီသို့ တက်လှမ်းနေသော အမျိုးသမီးများ ဖြစ်သည်။

တခါတရံ သားသမီးများသည်၊ လောက၌ မြင်ရသော အရာများ၌သာ အာရုံစိုက်တတ်ပြီး၊ မျှော်လင့်ချက်များ ထားကာ၊ စိတ်ပူပန်ခြင်း၊ စိုးရိမ်ခြင်း၊ မတည်ငြိမ်ခြင်းများနှင့် အသက်တာသည် အလွန်ပင်ပမ်းနေတတ်သည်။ ဘုရားသားသမီးများသည် လောကနှင့်မဆိုင်၊ အထက်အရာများ၌သာ စွဲလမ်း ခံစားတတ်ရန်၊ သော်လည်းကောင်း၊ စိတ်မသာ ညည်းတွားခြင်းမရှိ၊ ပူပန်သောကမရှိ၊ မျက်ရည်မရှိတော့သော၊ ဘုရားသခင်ပြင်ဆင်ပေးထားသော ထာဝရငြိမ်းချမ်းရာ နေရာ၌ ထာဝရအသက်ရှင် စံမြန်းရမည်ကို မျှော်လင့် ခံစားတတ်ရန် သော်လည်းကောင်း၊ ယခုခဏသာ ခံရသော ဆင်းရဲဒုက္ခကို ပမာဏမပြုပဲ ရှေ့၌ရှိနေသော ပန်းတုံးတိုင်း "သခင့်ရွှေပြည်သစ်" ကို မျှော်လင့်လျှက် "ပေါ့ပါးသက်သာခြင်းများရှိစေရန်" ရည်ရွယ်ပါသည်။

ခရစ်တော်၏ အသွေးတော်၌ ရွေးနုတ်ခြင်းခံရသော သားသမီးတိုင်း၊ ချီဆောင်ခြင်းနှင့်အတူ သိုးသငယ် မင်္ဂလာဆောင်၌ ပါဝင်နိုင်မည်ကိုသော် လည်းကောင်း၊ မိမိအား အပ်နှင်းထားသော တာဝန်ကို သခင့်အလိုအတိုင်း ကြိုးစားလုပ်ဆောင်မှုအပေါ် မူတည်၍ ဘုရားသခင် ပြင်ဆင်ပေးသောမြို့ (ဟေဗြဲ ၁၂း၂၂) သခင့်ရွှေပြည်သစ်မှာ ဘုရားသခင်နှင့်အတူ၊ စိုးစံလျှက် နေကြရမည်ကို မျှော်လင့်ပြီး "အသက်တာကို ပြင်ဆင်နိုင်ရန်" ရည်ရွယ်လျှက် "သခင့်ရွှေပြည်သစ်" မဂ္ဂဇင်း ဟူ၍ ဖေါ်ထုတ်လိုက်ရပါသည်။

လွန်ခဲ့သော နှစ် (၂၀၀၈ ခု) တွင် သခင့်စွမ်းအားရှင်၊ (၂၀၀၉) ခုနှစ်တွင် သခင့်သတို့သမီး၊ (၂၀၁၀)ခုတွင် သခင့်သရဖူမဂ္ဂဇင်း ဟူ၍ ထုတ်ဝေခွင့်ရခဲ့သလို ယခု (၂၀၁၁) တွင်လည်း သခင့်ရွှေပြည်သစ် မဂ္ဂဇင်း ထုတ်ဝေခွင့်ရသည့်အတွက် ဘုရားသခင်၏ ကျေးဇူးတော်ကို အထူးချီးမွမ်းပါသည်။ အစဉ် ဆုတောင်းပေးလျှက်ရှိသော သင်းအုပ်ဆရာများနှင့် ဗုဒ္ဓဟူည ဆုတောင်းအဖွဲ့အားလည်းကောင်း အထူးကျေးဇူးတင် မှတ်တမ်းတင်အပ်ပါသည်။

သခင့်ရွှေပြည်သစ် မဂ္ဂဇင်း အတွက် စာမူရေးပို့ပေးသော ဆရာ၊ ဆရာမများနှင့် ညီအစ်မများ အားလုံးကို အထူးကျေးဇူးတင်၊ မှတ်တမ်းတင်အပ်ပါသည်။ ကွန်ပြူတာ စာစီ၊ စာရိုက်ပေးသော ဆရာမ ယဉ်အေးရွှေ (အင်းစိန်) အားလည်းကောင်း၊ စာလုံးပေါင်း သတ်ပုံနှင့် ကျမ်းညွှန်းများကို စီစစ်ပေးသော မရဝေအေး၊ မချောစုလှိုင်၊ နန်းသီတာအေးရွှေ တို့အား လည်းကောင်း၊ ကွန်ပြူတာ ဓါတ်ပုံများနှင့် မျက်နှာဖုံး ဒီဇိုင်းကို လှပစွာ ရေးဆွဲပေးသော မသင်းသင်းထူးနှင့် ကိုခိုင်မင်းထူးအား လည်းကောင်း၊ Quiz ဇယားကွက် ရေးဆွဲပေးသော ကိုစံစီ အားလည်းကောင်း၊ အတွင်းခေါင်းစဉ် ဒီဇိုင်း၊ သရုပ်ဖေါ်ပုံများ ပြင်ဆင်ပေးခြင်းနှင့် မဂ္ဂဇင်းတခုလုံးကို တာဝန်ခံ လုပ်ဆောင်ပေးသော ဆရာမင်းအောင်သက်လွင်အား လည်းကောင်း၊ အဖက်ဖက်မှ ပါဝင်ကူညီကြသူများ အားလုံးကို အထူးကျေးဇူးတင်၊ မှတ်တမ်းတင်အပ်ပါသည်။

သခင့်ရွှေပြည်သစ် မဂ္ဂဇင်းတွင် အားနည်းချက်များ ရှိကောင်းရှိမည်။ ထိုသို့ ရှိခဲ့သော် မေတ္တာဖြင့် ဖတ်ရှုခွန်အားယူရန် မေတ္တာရပ်ခံအပ်ပါသည်။ လာမည့်အချိန်များတွင် သာ၍ ကောင်းမွန်လာအောင် ကြိုးစားသွားမည်ဖြစ်ပါကြောင်း...၊

အချိန်ကာလ ရောက်လုနီးပြီးဖြစ်၍ ဘုရားသခင်အလိုတော်ကို နာခံလိုက်လျှောက်လျှက် သာ၍ကြိုးစားရင်း၊ အသက်တာကို ပြင်ဆင်နိုင်ကြပါစေဟု ဆုမွန်ကောင်း တောင်းပါသည်။

Maureen
(စာပေကော်မတီ)
အမျိုးသမီး မိတ်သဟာရ၊ ယုဒသန်နှစ်ခြင်းအသင်းတော်၊ စင်ကာပူ