သခင့်စကား ၁၂၂ အောက်တိုဘာ ၂၀၁၁ ပို့လိုက်ပါတယ်။


ဘော်ဒါတွေအားလုံးအတွက် သခင့်စကား ၁၂၂ အောက်တိုဘာ ၂၀၁၁ ပို့လိုက်ပါတယ်။ ဖတ်ရှုခွန်အားယူနိုင်ကြပါစေ။
The Lord word (LW-122) oct 2011

အစေခံလမ်းမှ - အောင်သက်
။ အယ်ဒီတာ (သခင့်စကား)

အင်တာနက်မှာ တစ်ပုဒ်ချင်းဖတ်လိုသူများအတွက် သခင့်စကား ၀က်ဆိုဒ် ဖန်တီးထားပါတယ်။ မိတ်ဆွေအချင်းချင်း ရှယ်လုပ်ရန်နှင့် လာရောက်ခွန်အားယူရန်ဖြစ်ပါတယ်။ htpp://thelordword.com

ဂဏန်းဥပမာ - မင်းအောင်သက်လွင် ( သခင့်စကား-၁၂၂ မှ ၀ိညာဉ်ရေးရာဆောင်းပါး)

တစ်ခါက ရွာတစ်ရွာမှာ မုတ်ဆိုးမ တစ်ယောက်ရှိတယ်။ တစ်နေ့တော့ သူဟာ လူကောင်းတွေ နေထိုင်တဲ့ ရွာက ဈေးထဲမှာရောင်းတဲ့ ဂဏန်းတွေကို ဝယ်လာ တယ်။ အဲဒီလိုဘဲ အနီးနားမှာရှိတဲ့ နောက်ရွာတစ်ရွာက လူဆိုးတွေ နေတဲ့နေရာက ဂဏန်းတွေလဲ ဝယ်လာခဲ့တယ်။ အဒဲီညမှာတော့ ရွာနှစ်ရွာက ဝယ်လာတဲ့ ဂဏန်း တွေကို အိုး တစ်အိုးစီမှာ သပ်သပ်စီ ထဲ့ထားလိုက်တယ်။ နေသာက် တစ်နေ့ မနက် မှာတော့ အိုးနှစ်အိုးစလုံးမှာ ရှိတဲ့ ဂဏန်းတွေထဲက လူဆိုးရွာက ဂဏန်း တွေဟာ တစ်ကောင်မှ မရှိတော့ဘဲ အကုန်လုံး လွတ်သွားတာကိုတွေ့ရပြီး၊ လူကောင်း ရွာထဲက ဝယ်လာတဲ့ ဂဏန်းအိုးထဲက ဂဏန်းတွေကတော့တစ်ကောင်မှ မလွတ်ဘဲ အကုန်လုံး အိုးထဲမှာ ရှိနေတာကို တွေ့ရပါတယ်။ အဲဒါနဲ့ မုတ်ဆိုးမကြီးက ဗိုက်ဆာဆာ၊ စိတ်ဆိုးဆိုးနဲ့ လူကောင်းရွာက ဂဏန်းတွေ အကုန်လုံးကို ရေဆူဆူအိုးထဲ ထည့်ပြုတ်ပြီး ငရုတ်သီးစိမ်း စပ်စပ်ကို မကျည်းသီး ချဉ်ချဉ်၊ နံနံပင် အုပ်ထားတဲ့အချဉ် ရည်နဲ့ အားရပါးရ စားလိုက်ပါတော့ တယ်။

ပုံပြင်လေးက ဒီမှာ ပြီးမသွားပါဘူး။ လူကောင်းရွာထဲက ဂဏန်းတွေက အိုးထဲမှာ အကုန်လုံး ကျန်နေပြီး၊ လူဆိုးရွာက ဂဏန်းတွေ အကုန်လုံး လွတ်သွားတာအကြောင်းရင်း ရှိပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ လူကောင်းရွာက ဂဏန်းတွေဟာတစ်ကောင်နဲ့ တစ်ကောင် ကူညီ ယိုင်းပင်းမှု မရှိဘဲ မနာလိုစိတ် ရှိတယ်။ တစ်ကောင်ကကိုယ့်ထက် သာရင် နောက်တစ်ကောင်က မနာလိုတတ်ဘူး။ အိုးထဲ ရောက်နေတဲ့ ဂဏန်းတွေထဲက ထူးထူး ချွန်ချွန် တစ်ကောင်က အိုးနှုတ်ခမ်းပေါ် တက်ပြီး လွတ်ရာလမ်း ရှာရင်ကျန်တဲ့ အကောင်တွေက ဝိုင်းဝန်း မတွန်းတင် ပေးဘဲ အပေါ်ကကောင် အောက်ပြုတ်ကျအောင် ဆွဲချကြ ပါတယ်။ နောက်ဆုံး မိုးသာ စင်စင်လင်းသွားတယ်။ လွတ်ချင်တဲ့ကောင်က အိုးနှုတ်ခမ်းပေါ် တက် လိုက်၊ ကျန်တ့ေဲ ကာင်တွေက မနာလိုဖြစ်ပြီး ပြန်ဆွဲချလိုက်နဲ့ လုံးလည် ချာလည် လိုက်နေ ပါတော့တယ်။ မနက် မိုးလင်းတော့ တစ်ကောင်မှမလွတ်ဘဲ အကုန်လုံး ရေနွေး ပူပူထဲ ထည့်အပြုတ်ခံရပြီး ဘဝ နိဂုံးသတ် သွားကြပါ တယ်။

လူဆိုးရွာက ဂဏန်းတွေကတော့ စည်းလုံးညီညွတ်ပြီး မနာလိုစိတ် ကင်းကြပါတယ်။ စွန့်စားတတ်တဲ့ ပထမ တစ်ကောင်ကို အိုး နှုတ်ခမ်းပေါ် ရောက်အောင် အားလုံးက အောက်ကနေ ဝိုင်းဝန်း တွန်းတင်ပေးလိုက်တယ်။ အပေါ်ရောက်နေတဲ့ ကောင်ကနောက် တစ်ကောင်ကို အပေါ်ကနေ ဆွဲတင် ကျန်တဲ့ အောက်က ကောင် တွေက အောက်ကနေ အပေါ်ကို တွန်းပို့ တော့ အိုး အပေါ်ကို နှစ်ကောင် ရောက်သွား တယ်။ အဲဒီနည်းအတိုင် ဆွဲတင်ကြ၊ တွန်းပို့ ကြနဲ့ တစ်ကောင်ပြီးတစ်ကောင် လွတ်ရာ လွတ်ကြောင်း ̏စည်းလုံး ညီညာ အောင် ကြောင်းဖြာလာလိုက်တာမှ တစ်ကောင်မှ မကျန်အကုန် လုံး မနက် မိုး မလင်း ခင်မှာ လွတ်သွားကြပါတော့တယ်။ အဲဒီလို စည်းလုံးတဲ့ လူဆိုး ဂဏန်းတွေကတော့ လူကောင်း ဂဏန်းတွေလိုရေနွေး ဆူဆူနဲ့ မတွေ့ရဘဲ။ ကြည်လင် အေးမြတဲ့ စမ်းချောင်းရေ အေးအေးလေးနဲ့ လတ်ဆတ်တဲ့ ရေမှော်ပင်တွေကြားမှာ လူးလာ ပြေးလွှားရင်း ကမ်းစပ်က ရွှံ့ထူထူ ကြားကသူတို့နေအိမ် တွင်းလေးထဲမှာ ဘေးကင်းလုံခြုံစွာ နေနေရပါ တော့တယ်။

ဒီပုံပြင်လေးကို ကျွန်တော့်ရဲ့ လုပ်ဖော်ဆောင်ဖက် နိုင်ငံခြားသား တစ်ဦးကသူတို့ နိုင်ငံရဲ့ ရိုးရာပုံပြင်လေး တစ်ပုဒ်အဖြစ် အလုပ်လုပ်ရင်း ပြောပြ သွားတာ ဖြစ်ပါတယ်။ဒီပုံပြင်လေးကို နားထောင်နေရင်း ကျွန်တော် ကြက်သီး ဖြန်းဖြန်းထ လာပါတယ်။ ပုံပြင်လေးရဲ့ နောက်ကွယ်မှာ မိသားစု စိတ်ဓါတ် တွေ။ မေတ္တာတွေ။ စည်းလုံးညီညွတ်မှုတွေစတဲ့ နက်ရှိုင်းတဲ့ အရာတွေ ပါပါတယ်။

ဒီပုံပြင်လေးကို ကျွန်တော့် သူငယ်ချင်း ပြောပြတာ အကြောင်း ရှိပါတယ်။ တစ်နေ့ သူနဲ့ ကျွန်တော် စကားစပ်မိရင်း စင်ကာပူ အလုပ်အကြောင်း ပြောမိ ကြပါတယ်။သူက အရင်တုံးက နိုင်ငံခြားသားပါ။ work permit နဲ့ စင်ကာပူမှာ အခြေ ခံ အလုပ်သမားအဖြစ် အလုပ်လုပ်နေတုံး တစ်နေ့မှာ သူနဲ့ နိုင်ငံချင်းတူ၊ လူမျိုးတူ သူငယ်ချင်းတစ်ဦးနဲ့ ကုမ္ပဏီ တစ်ခုတည်းမှာ အတူတူ အလုပ်လုပ်ရင်း PR (Permanent resident)လျှောက်ဖို့ သူဌေးကို သူတို့ အလုပ် ထောက်ခံစာမှာ ဆိုင်းထိုးဖို့ အတူတူ တိုင်ပင်ပြီးလုပ်ထားကြတယ်။ သူဌေးဆီ အတူတူ သွားဖို့ တိုင်ပင်ပြီးကာမှ သူ့ သူငယ်ချင်းကသစ္စာဖောက်ပြီး သူ့ထက် ဦးအောင် သူဌေးဆီ သွား ဆိုင်းထိုး လိုက်ပါတယ်။ နောက်တော့သူ့ကို လိမ်ပြော ပါတယ်။ သူဌေးက PR တင်ဖို့ ဆိုင်း မထိုးပေးဘူး မသွားနဲ့တ့။ဲတကယ်တော့ သူဌေးက သဘော ကောင်းလွန်းအားကြီးပြီး ထိုးပေးလိုက် ပါတယ်။ သူကသူငယ်ချင်း စကားကို ယုံလို့ ဆိုင်း မထိုး PR မတင်ဘဲ နေလိုက်တာ PR မကျဘူး။ သူ့သူငယ်ချင်းကတော့ ကောင်းစားပြီး PR ရသွားပါတယ်။ လူမျိုးတူ သူငယ်ချင်းက မကူညီဘဲသစ္စာ ဖောက်ခံရတာဖြစ်ပါတယ်။

ကျနော် အရင်တုံးက လုပ်ခ့တဲ့ဲ ကုမ္ပဏီမှာ မြန်မာလူမျိုး အလုပ်သမားတွေအများကြီး ရှိပါတယ်။ မြန်မာ အားလုံးဟာ ကိုယ့် ပညာနဲ့ကိုယ်၊ ကိုယ့် အစွမ်းအစနဲ့ ကိုယ်ရိုးရိုး သားသား လုပ်ကိုင် စားသောက်ကြပေမဲ့ တစ်ယောက်သော မြန်မာ ကတော့ သူဌေးကတော်နဲ့ ပေါင်းပြီး မြန်မာ အချင်းချင်း ချောက်တွန်း၊ ဂုံးချောပြီး သူကြီးပွားအောင် သူဌေးကြိုက်အောင် ပိုက်ဆံ များများရအောင် လုပ်ခဲ့ပါတယ။် သူကိုယ်တိုင်က ဖဲကစား၊ အရက်သောက်၊ မြာပွေ တတ်သူဖြစ်ပေမဲ့ သူဌေးရှေ့မှာ သူ ဘာမှ မလုပ်တတ်သလို၊ လူကောင်းလိုဟန်ဆောင်ပြီး တခြားသူတွေက မဟုတ်တာ အကုန်လုပ်တဲ့အကြောင်း မကောင်းပြောမျက်နှာ ရအောင် လုပ်ခ့ပဲါတယ်။ ဘာ အတတ်ပညာမှ မတတ်တဲ့ သူ့ညီလေး ကိုလဲ အလုပ်ရအောင် သွင်းပေးခ့ပဲါတယ်။ သူ့ကြောင့် အလုပ်ပြုတ်သွားသူတွေ။ ဒုက္ခရောက် သွားသူတွေ။ အနှိမ်ခံရတဲ့သူတွေ မနည်းပါဘူး။ နောက်ဆုံး အဒဲီလို မကောင်းကြံသူရဲ့ ရလဒ်ကတော့ သူ့ညီ ကိုယ်တိုင် မကောင်းတဲ့ မိန်းမနဲ့ သွားအိပ်ပြီး အလုပ်မဆင်းနိုင်တဲ့ တစ်နေ့မှာအလုပ် ပြုတ်ပြီး မြန်မာပြည်ကို ချက်ခြင်း ပြန်ပို့ခံထိသွားပါတာ်။ ရိုးရိုး မပြန်ရဘဲ ဂိုဏ်းစတားလူဆိုးဂိုဏ်းကို ငှားပြီး ထွက်မပြေးအောင် ပြန်ပို့လိုက်တာ ဖြစ်ပါတယ်။ သူကိုယ်တိုင်လဲအလုပ် သက်တမ်းတိုး မရလို့ ခနခန စတေးရှောင်ရတဲ့ ဘဝကို ရောက်သွားပါတယ်။ကျနော့်ရဲ့ သူငယ်ချင်း ပုံပြင်ပြောပြသူ ဆိုလိုတဲ့ အဓိပ္ပါယ်ကတော့ သူ့ လူမျိုး အချင်းချင်းမကူညီဘဲ လူမျိုး တူသူ ချင်းက သူများ ကိုယ့်ထက် ကောင်းစားပြီး ကိုယ့်ထက် သာမှာကိုမနာလို တတ်တဲ့ အကြောင်းဘဲ ဖြစ်ပါတယ်။ အိုးထဲ ထည့်အပြုတ်ခံ ထိတဲ့ ဂဏန်းလေးတွေလို မဖြစ်ဖို့ သတိပေး ဆောင်းပါးလေး ရေးသားတင်ဆက်လိုက်ပါတယ်။ ။

မင်းအောင်သက်လွင်

သခင့်စကား အင်တာနက်ဝက်ဆိုဒ် ဖန်တီးထားပါတယ်။ တစ်ပုဒ်ချင်းဖတ်လိုသူများ၊ တပုဒ်ချင်း မိတ်ဆွေအချင်းချင်း ရှယ်လုပ်ချင်သူများအတွက် ၀င်ရောက်အားပေးကြပါရန်။

htpp://thelordword.com